January 2026

မော်လမြိုင်မြို့မှာ အမျိုးသားတစ်ဦး လည်လှီးသတ်ဖြတ်ခံရ

မော်လမြိုင်၊ ဇန်နဝါရီ ၂၀ မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် အုတ်ဖိုမြို့ပတ်လမ်း ငါးကန်ဟောင်းအတွင်းမှာ လည်လှီးသတ်ဖြတ်ခံထားရတဲ့ အမျိုးသား တစ်ဦး ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသတ်ခံရတဲ့သူဟာ လှိုင်ရပ်ကွက် အုတ်ဖိုမြို့ပတ်လမ်းနေ အသက် ၄၂ နှစ်အရွယ် ကိုစိုးမိုးထိုက် ဖြစ်ပြီး အသတ်ခံရပြီးနောက် အလောင်းဖျက်စွန့်ပစ်ခံခဲ့ရတာပါ။ ကိုစိုးမိုးထိုက်ဟာ အသတ်ခံရစဉ် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့…

ရွေးကောက်ပွဲ မဲဝယ်မှု ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက် ထိုင်းကော်မရှင် စုံစမ်းစစ်ဆေး

ဘန်ကောက်၊ ဇန်နဝါရီ ၂၀ လူတစ်ယောက်ကို ဘတ်ငွေ ၃၀၀၀ ကနေ ၇၅၀၀ လောက်အထိ ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံ မဲပေးကြမှာ ဖြစ်ကြောင်း မဲပေးပိုင်ခွင့်ရှိသူ လေးပုံတစ်ပုံကျော်ကို ကောက်ယူထားတဲ့ စစ်တမ်း တစ်ခုက ဖော်ပြခဲ့ပြီးနောက် မဲဝယ်မှု ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ထိုင်းရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးနေပါတယ်။ မဲဝယ်ယူမှု တားဆီးရေး ပါဝင်ကူညီကြဖို့ ရွေးကောက်ပွဲ…

အကျဉ်းကျခံ သတင်းသမား ၂၇ ဦးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ IPCM တောင်းဆို

မော်လမြိုင် ဇန်နဝါရီ ၂၀ မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းမီဒီယာသမား ၂၇ ဦးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM က တောင်းဆိုလိုက်ပါတယ်။ ဇန်နဝါရီ ၁၉ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြလာတဲ့ ထုတ်ပြန်ချက်ထဲမှာ အခုလို သတင်းသမားတွေကို လွှတ်ပေးဖို့အပါအဝင် သတင်းသမားတွေ လုံခြုံလွတ်လပ်စွာ သတင်းရယူပိုင်ခွင့်နဲ့ ထုတ်ဖော်ရေးသားပိုင်ခွင့်တွေကို အသိအမှတ်ပြုပေးဖို့၊…

ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်နေရာအတွက် ထရန့်က ဒေါ်လာ ၁ ဘီလီယံ ကောက်ယူမယ်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ပဋိပက္ခတွေ ဖြေရှင်းဖို့ ရည်ရွယ်ထားတဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင် တစ်နေရာစာ အတွက် နိုင်ငံတွေဆီကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဒေါ်လာ ၁ ဘီလီယံစီ ကောက်ခံသွားမှာ ဖြစ်ကြောင်း သူ့ရဲ့ ပဋိညာဉ် စာချုပ်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အဲဒီ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ကြဖို့လည်း အိမ်ဖြူတော်က…

နိုင်ငံတဝန်းမှာ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ပိုတိုးလာ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၀ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း ပဋိပက္ခဖြစ်ပွားမှု အရေအတွက်ကြိမ်နှုန်း ကျဆင်းလာပေမယ့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာတယ်လို့ ISP-Myanmar က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မြန်မာ့အခြေပြစစ်တမ်း ရဲ့ မဟာဗျူဟာ ဆန်းစစ်ချက်နဲ့ ဦးတည်လမ်းကြောင်းလားရာတွေ (၂၀၂၅-၂၀၂၆) အနုစိတ် ပိုင်းခြားစိတ်ဖြာ…

လယ်ဧကအများအပြား သိမ်းယူပြီး မော်လမြိုင်မြို့သစ်စီမံကိန်း ထပ်မံတိုးချဲ့နေ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၀ မွန်ပြည်နယ် စစ်ကော်မရှင်ဟာ မော်လမြိုင်မြို့မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လှိုင်တိုးချဲ့ မြို့သစ်စီမံကိန်းကို လယ်ဧကအများအပြားသိမ်းယူပြီး ထပ်မံတိုးချဲ့ လုပ်ဆောင်နေတယ်လို့ ဒေသ ခံတွေအပါအဝင် စစ်ကော်မရှင် နီးစပ်သူတွေနဲ့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လှိုင်တိုးချဲ့ မြို့သစ် စီမံကိန်းဟာ မော်လမြိုင် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ လှိုင်ရပ်ကွက်နဲ့ သာယာအေး ရပ်ကွက်အကြားက…

ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတဲ့ ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ်၊ ဇန်နဝါရီ ၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော် လှန်ရေးအင်အားစုတို့ အခုရက်ပိုင်းထဲမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က လေ ကြောင်းဗုံးကြဲပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကစလို့ ကော့ကရိတ်မြို့မြောက်ပိုင်း ဒေါနတောင်ပေါ်လမ်းဟောင်းအနီးက အောက်ဗိုလ်တဲနဲ့ မိဖာလဲရွာတွေဘက်မှာ စစ်ကြောင်းထိုးလာတဲ့…

အမေရိကန်က နိုင်ငံတကာဥပဒေထက် သူတို့ရဲ့ အင်အားအာဏာကို ပိုယုံကြည်နေတယ်လို့ ကုလအတွင်းရေးမှူးချုပ် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁၉ အမေရိကန်ဟာ ပြစ်ဒဏ်ကင်းလွတ်မှုနဲ့အတူ လုပ်ဆောင်နေပြီး နိုင်ငံတကာ ဥပဒေတွေထက် သူတို့ရဲ့ အင်အားအာဏာကို ပိုမိုယုံကြည်နေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောလိုက်ပါတယ်။ အမေရိကန်အစိုးရရဲ့ ရှင်းလင်းတဲ့ ဥပဒေချိုးဖောက်မှုက နိုင်ငံစုံ ဖြေရှင်းမှု ကျိုးကြောင်း ဆီလျော်မှု မရှိဘူးဆိုတာကို ပြသနေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ပြောတာပါ။ အမေရိကန်ရဲ့…

အကျင့်ပျက်ခြစားမှုနဲ့ တရုတ် အကြီးတန်းအရာရှိ ၆၉ ဦး ပြစ်ဒဏ်ချမှတ်ခံရ

ဘေဂျင်း၊ ဇန်နဝါရီ ၁၉ ၂၀၂၅ ခုနှစ်အတွင်း လူပုဂ္ဂိုလ် တစ်သန်းနီးပါးကို အကျင့်ပျက်ခြစားမှုနဲ့အရေးယူခဲ့တယ်လို့ တရုတ် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။ စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဗဟိုကော်မတီ (CCDI) က ထုတ်ပြန်တဲ့ ကြေညာချက်မှာ လူပေါင်း ၉၈၃၀၀ ဦးကို ပြစ်မှု အမျိုးမျိုးအတွက် ပြီးခဲ့တဲ့နှစ်က ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီမတိုင်ခင်နှစ်က…

ဘီးလင်းမြို့နယ် တက်တူကုန်းရွာကို စစ်တပ် ဝင်စီး၊ အရပ်သား တစ်ဦး ဖမ်းဆီးနှိပ်စက်ခံရ

ဘီးလင်း၊ ဇန်နဝါရီ ၁၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တက်တူကုန်းကျေးရွာကို စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ သုံးရက်အကြာ တက်တူကုန်းကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နဲ့ နှစ်ဖက်တိုက်ပွဲ…