January 9, 2026

စစ်အာဏာသိမ်း (၁၈၀၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၇၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၀ AAPP ရဲ့ ဇန်နဝါရီ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၀၄) ရက်အတွင်း ပြည်သူ (၇၆၇၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၂၅၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၄၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မူးယစ်ဆေးဝါး ဂိုဏ်းကြီးတွေရှိတဲ့ နယ်မြေတွေကို တိုက်ခိုက်တော့မယ်လို့ ထရန့်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၉ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မူးယစ်ဆေးဝါး ဂိုဏ်းကြီးတွေရှိနေတဲ့ နေရာတွေကို မြေပြင် တိုက်ခိုက်မှုတွေ လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက်မှာ ပြောလိုက်ပါတယ်။ ကာရေဗီယံပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းမှာ မူးယစ်ဆေးဝါး တင်ဆောင်လာတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်နေချိန် ထရန့်က အခုလိုမျိုး ပြောလာတာပါ။ မက္ကစီကိုမှာ မူးယစ်ဆေးဝါးဂိုဏ်းတွေက ကြီးစိုးနေတယ်လို့လည်း…

ယူကရိန်းမှာ ပြည်ပတပ်ဖွဲ့တွေချထားရင် ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ရုရှားပြော

မော်စကို၊ ဇန်နဝါရီ ၉ အနောက်တိုင်းက ယူကရိန်းသို့ စစ်တပ်စေလွှတ်ခဲ့မယ်ဆိုရင် ရုရှားရဲ့ တရားဝင်တိုက်ခိုက်ရေး ပစ် မှတ်တွေ ဖြစ်လာမှာဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်မှာ ပြောလိုက်ပါတယ်။ ယူကရိန်းမှာ အပစ်အခတ်ရပ်စဲထားတဲ့ အခြေအနေမှာ နိုင်ငံစုံတပ်ဖွဲ့တွေ ချထားမယ့် အစီအစဉ်ကို ဗြိတိန်နဲ့ ပြင်သစ်တို့က ကြေညာခဲ့ပြီးနောက် ရုရှားက အခုလိုမျိုး ပြောကြားတာဖြစ်ပါတယ်။ ယူကရိန်း…

သတင်းသိပိုင်ခွင့်နဲ့ ပြန်လည်မျှဝေခွင့်အတွက် Facebook သုံးစွဲတဲ့ မြန်မာပြည်သူတွေ ကန့်သတ်ခံနေရဆဲ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၀ အာဏာသိမ်းမှုကြောင့် နိုင်ငံရေးပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ လူသုံးအ များဆုံးဖြစ်တဲ့ Facebook လူမှုမီဒီယာကနေ သတင်းသိပိုင်ခွင့်နဲ့ ပြန်လည်မျှဝေခွင့်အတွက် ကန့် သတ်ခံနေရဆဲလို့ ဒေသခံပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းယူချိန်ကစပြီး အင်တာနက်ကန့် သတ်ခံရတာ၊ ဖုန်းလိုင်းကန့်သတ်ခံရတာနဲ့ အွန်လိုင်းအသုံးပြုရတဲ့ လူမှုမီဒီယာတွေအထိ…

မွန်မှာ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပဖို့ စစ်တပ် လုံခြုံရေးအထူးတင်းကျပ်ထား

မော်လမြိုင် ၊ ဇန်နဝါရီ ၁၀ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပဖို့ ရှိနေတဲ့ မွန်ပြည်နယ်ရဲ့ မြို့နယ်တွေမှာ စစ်ကော်မရှင်ဘက်က လုံခြုံရေးအင်အား အများအပြား အသုံးပြုထားပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၂ ကို မွန်ပြည်နယ်ရဲ့…

ရွေးကောက်ပွဲကျင်းပဖို့ ရှိနေတဲ့ ဘီးလင်းမှာ လူဖမ်းဆီးပွဲပြုလုပ်နေ

ဘီးလင်း၊ ဇန်နဝါရီ ၁၀ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပဖို့ ရှိနေတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အခုလအတွင်း စစ်ကော် မရှင်ဘက်က ဒေသခံပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီလကစလို့ ဘီးလင်းမြို့ပေါ်နဲ့ ကျေးရွာချင်းဆက်လမ်းပိုင်းတွေမှာ အင်အားအများအပြား အသုံးပြုပြီး ပိတ်ဆို့ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဇန်နဝါရီ ၁…

စစ်တပ်နဲ့ လက်တွဲနိုင်မယ့် အမတ်လောင်းတွေကို မဲပေးဖို့ စစ်ခေါင်းဆောင် မဲဆွယ်ပြန်

ပန်းတောင်း၊ ဇန်နဝါရီ ၉ ကျန်တဲ့ ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ အပိုင်း ၃ တို့မှာလည်း စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မဲပေးကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။ မနေ့ ဇန်နဝါရီ ၈ ရက်နေ့က ပဲခူးတိုင်း ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတွေအပါအဝင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က…

KNU နယ်မြေမှာ စစ်တပ်လက်နက်ကြီးနဲ့ဒရုန်းကြောင့် အရပ်သားနှစ်ဦးသေဆုံး

ရွှေကျင်၊ ဇန်နဝါရီ ၉ ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက် ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့က ရွှေကျင်မြို့နယ် ဝိုင်ကျွန်းကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အသက် ၄၃ နှစ်အရွယ် ဒေါ်ကေသွယ်ထွန်း သေဆုံးခဲ့ပြီး အသက်…

အမေရိကန်နဲ့ စစ်ခင်းဖို့ အသင့်ရှိတယ်လို့ အီရန်ပြော

ဘေရွတ်၊ ဇန်နဝါရီ ၉ အမေရိကန်နဲ့ စစ်ခင်းဖို့ အဆင်သင့်ရှိကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။ မိမိခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ အစ္စရေးရဲ့ စိန်ခေါ်မှုတွေနဲ့ ဒေသဆိုင်ရာလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အမေရိကန်နဲ့ စစ်ပွဲဆင်နွှဲဖို့ အသင့်ရှိပေမယ့် နှစ်ဦးနှစ်ဖက် လေးစားမှုနဲ့…

ဗင်နီဇွဲလားအစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို စတင်လွှတ်ပေး

ကာရာကတ်စ်၊ ဇန်နဝါရီ ၉ လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံရေး အကျဉ်းသားတွေလို့ မှတ်ယူထားတဲ့ အကျဉ်းသားတွေကို ဗင်နီဇွဲလားအစိုးရက စတင်လွှတ်ပေးနေပြီး စိတ်ကောင်းစေတနာ ပြသတဲ့ အနေနဲ့ အခုလို လွှတ်ပေးတာလို့ ပြောပါတယ်။ နှစ်နိုင်ငံသားခံယူထားသူ တစ်ဦး အပါအဝင် မိမိတို့ နိုင်ငံသား ၅ ဦး ပြန်လည် လွတ်မြောက်လာတယ်လို့ စပိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ လွတ်မြောက်လာသူတွေထဲမှာ လူ့အခွင့်အရေး…