ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ညာလက် လက်ခုံပေါ်မှာ အခုရက်ပိုင်း ပလာစတာကပ်ထားရတာဟာ လက်ဆွဲ နှုတ်ဆက်ရတဲ့ အကြိမ်ရေများလွန်းတာကြောင့် ဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

အသက် ၇၉ နှစ်အရွယ် သမ္မတရဲ့ လက်ပေါ်မှာ မိတ်ကပ်ထူထူနဲ့ ဖုံးထားတဲ့ ပွန်းပဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း လေဗစ်ရဲ့ ပြီးခဲ့တဲ့ လအနည်းငယ်က သူ့ရဲ့ ပြောဆိုခဲ့မှုကို အခုလို ထပ်မံ တုံ့ပြန် ပြောကြားတာ ဖြစ်ပါတယ်။

သူ့လက်ပေါ်မှာ ပလာစတာကပ်ထားရတာနဲ့ ပတ်သက်လို့ ကျမတို့ ဖြေရှင်းချက် အရင်ကတည်းက ပေးပြီးသား ဖြစ်ပါတယ်။ သူဟာ အရင်က လက်ဆွဲနှုတ်ဆက်တာတွေ အမြဲ လုပ်ခဲ့ရပါတယ်လို့ လေဗစ်က သတင်းထောက်တွေကို ပြောပါတယ်။

သမ္မတဟာ အဲဒီဒဏ်ရာကြောင့်ပဲ နေ့တိုင်းလိုလို အကိုက်အခဲ ပျောက်ဆေး သောက်နေရတယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန်မှာ ရွေးကောက်ခံရဖူးသမျှထဲ အသက်အကြီးဆုံးသမ္မတ ဖြစ်တဲ့ ထရန့်က သူ့ရဲ့ ကိုယ်ကာယ ကျန်းမာရေးနဲ့ပတ်သက်လို့ အသည်းအသန် ကာကွယ်ပြောဆိုထားပြီး သူ့အရင်က သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကျန်းမာရေး မကောင်းတာကြောင့် ရာထူးသက်တမ်း ကုန်တဲ့အထိတောင် တာဝန် ထမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ သတင်းဌာနတွေရဲ့ စုံစမ်း ဖော်ထုတ်ရေးသားမှုတွေဟာ လှုံ့ဆော်မှု နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ရာရောက်တယ်လို့လည်း ထရန့်က ပြောဆိုထားပါတယ်။

အောက်တိုဘာလအတွင်း ထရန့်ဟာ ဆေးရုံတစ်ခုသို့ မထင်မှတ်ဘဲ ရောက်လာခဲ့ပြီး ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့ပါတယ်။

MRI စစ်ဆေးမှု ရလဒ်တွေအရ သမ္မတရဲ့ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပဲလို့ သူ့ရဲ့ ဆရာဝန်က နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒေါ်နယ် ထရန့်ဟာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ အမျိုးမျိုး အပြစ်ရှာ ပြောဆိုခဲ့ပြီးနောက် သူကိုယ်တိုင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ အသည်းအသန် ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.