ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၄

ထိုင်းနဲ့ကမ္ဘောဒီးယားကြား နယ်စပ်ဆိုင်ရာ တင်းမာမှုတွေ တစ်ခါပြန် မြင့်တက်လာချိန်မှာ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို လက်ခံကျင်းပရေး မလေးရှားက ကမ်းလှမ်းထားပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေက ငြိမ်းချမ်းစွာ ဖြေရှင်းရေး ကတိပြုထားတယ်လို့ ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်နဲ့ နိုင်ငံခြားရေ ဝန်ကြီး မိုဟာမက် ဟာဆင်တို့က နိုဝင်ဘာ ၁၃ ရက်က အခုလိုမျိုး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင်က ဘယ်သူ့ခွင့်ပြုချက်မှ မလိုအပ်ဘဲနဲ့ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွား ကိုပဲ အလေးထားပြီးတော့ မိမိတို့ အစိုးရက ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောဆိုထား ပါတယ်။

အခုသီတင်းပတ်မှာ ဖြစ်ပွားတဲ့ နယ်စပ် တိုက်ခိုက်မှုတွေအတွက် ထိုင်းနဲ့ ကမ္ဘောဒီးယားက အပြန်အလှန် အပြစ်တင်နေကြပါတယ်။

ကမ္ဘောဒီးယား နယ်စပ်အနီး မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတွေ ဒဏ်ရာ ရရှိခဲ့ပြီးနောက် ထိုင်းအစိုးရက ငြိမ်းချမ်းရေး သဘောတူညီမှု အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းထားခဲ့ပြီး ပြန်တောင်းပန်ဖို့ တောင်းဆိုထားပါတယ်။

နှစ်နိုင်ငံ ပစ်ခတ်မှုတွေကြောင့် ရွာသား တစ်ဦး သေဆုံးပြီးနောက် နိုဝင်ဘာ ၁၃ ရက်က နယ်စပ်ကျေးရွာ တစ်ရွာရှိ ဒေသခံတွေကို ကမ္ဘောဒီးယားက ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့နဲ့ ဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ်က နိုဝင်ဘာ ၁၃ ရက်က ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး ထိုင်းနဲ့ ကမ္ဘောဒီးယားခေါင်းဆောင် နှစ်ဦးစလုံးက ကတိပြုထားဆဲ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။

ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံ တိုက်ပွဲအတွင်း လူ ၄၃ ဦး သေဆံးခဲ့ပြီး လူပေါင်း ၃ သိန်းကျော် စစ်ဘေးရှောင်ခဲ့ရပါတယ်။

အဲဒီနောက် မလေးရှား၊ အမေရိကန်တို့ရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြတာပါ။

သဘောတူညီမှု အကောင်အထည်ဖော်နေချိန်မှာပဲ နယ်စပ်မှာ မိုင်းပေါက်ကွဲတာကြောင့် ထိုင်းစစ်သားများ ဒဏ်ရာရရှိပြီး တင်းမာမှုတွေ တစ်ခါပြန် မြင့်တက်လာတာ ဖြစ်ပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.