October 2025

သရက်ချောင်းမှာ အဘွားအိုတစ်ဦးကို စစ်တပ်က အဓမ္မပြုကျင့်တာမရှိဘူးလို့ သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတွေက အသက် ၇၅ နှစ်အရွယ် အဘွားအိုတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တာ မရှိဘူး”လို့ စစ်တပ်လော်ဘီချန်နယ်တွေမှာ သတင်းမှားဖြန့်ချိနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ဘော်ဘီတွေရဲ့…

စစ်အာဏာသိမ်း (၁၇၀၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၃၁၀) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂ AAPP ရဲ့ အောက်တိုဘာ ၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၀၄) ရက်အတွင်း ပြည်သူ (၇၃၁၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၇၆၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၉၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရွေးကောက်ပွဲ တားဆီးရေး မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်တွေ ဘာပြောလဲ

မော်လမြိုင် ၊ အောက်တိုဘာ ၂ မွန်ပြည်နယ်မှာ စစ်တပ်က အင်အားတိုးချဲ့ပြီး လုံခြုံရေးတိုးမြှင့်နေတဲ့အတွက် စစ်ကော်မရှင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်ရာမှာ အခက်အခဲစိန်ခေါ်မှုတွေ ရှိနိုင်တယ်လို့ တော်လှန် ရေးအဖွဲ့တာဝန်ရှိသူတချို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထို၊သထုံ၊ဘီးလင်းအပါအဝင် သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ လုံခြုံ‌ရေးအတွက်ဆိုပြီး စစ်တပ်က မြို့ပေါ်အပါအဝင် မြို့နဲ့ နီးစပ်တဲ့ ကျေးရွာတွေမှာ ဝင်ရောက်လှည့်ပတ်နေတာပါ။…

ရွေးကောက်ပွဲနီးလာချိန် ဝန်ထမ်းတွေကို စစ်ကော်မရှင် အပိုထောက်ပံ့ကြေးထပ်ပေး

မော်လမြိုင် ၊ အောက်တိုဘာ ၂ အာဏာသိမ်း စစ်ကော်မရှင်က သူတို့ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာချိန် Non CDM ဝန်ထမ်းတွေကို အောက်တိုဘာ ၁ ရက်နေ့ကစပြီး အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့် ပြုသွားမယ်လို့ ကြေညာပါတယ်။ ထောက်ပံ့ကြေးရသူတွေထဲမှာတော့ Non CDM ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ စစ်ကော်မရှင်တပ်က ဝန်ထမ်းတွေ၊ နေ့စားဝန်ထမ်းနဲ့ နေ့စားအလုပ်သမားတွေအပြင် အငြိမ်းစားဝန်ထမ်းတွေကိုပါ လစဉ်…

တနင်္သာရီမှာ စစ်မှုထမ်းတပ်သားလေးဦး KNU ထံ အလင်းဝင်

တနင်္သာရီ၊ အောက်တိုဘာ ၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၂၈၀ ခြေလျင်တပ်ရင်းက စစ်မှု ထမ်းသင်တန်းဆင်း တပ်သားလေးဦး ထွက်ပြေးလာပြီး အလင်းဝင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။ ခလရ ၂၈၀ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ်သားလေးဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထွက်ပြေးလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

လေးကေကော်မှာ နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်နေ

လေးကေကော်၊ အောက်တိုဘာ ၂ ကရင်ပြည်နယ် လေးကေကော်မြို့သစ်မှာ စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အောက်တိုဘာ ၁ ရက်နေ့မှာ စစ်ကော်မရှင်တပ်က လေးကေကော်ဒေသထဲကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNLA တော်လှန်ရေးအင်အားစုတို့က သိမ်းယူထားတဲ့ မြဝတီမြို့ တောင်ဘက်ခြမ်းက လေးကေကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်ရှင်တပ်က စက်တင်ဘာ…

စလင်းနဲ့ ပွင့်ဖြူတို့မှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ စစ်ကော်မရှင် ပိုမိုလုပ်ဆောင်လာ

မကွေး အောက်တိုဘာ ၁ မကွေးတိုင်း စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်တို့မှာ စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပိုမို လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စလင်းမြို့နယ်နဲ့ပွင့်ဖြူမြို့နယ်အစပ်က လက်မဲ​ကန်အနီးမှာ စလင်းဘက်ကလာတဲ့ စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးနေတာပါ။ “အရင်လတွေတုန်းကလည်း ဆွဲတယ်။ ဒီလလည်း ဆွဲတယ်။ မနေ့ကဆို တစ်နေရာတည်းနဲ့ ခြောက်ယောက်လောက်ပါတယ်။ ဒီလိုမျိုးဖြစ်လာနေတာ နှစ်လသုံးလလောက်ရှိပြီ။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။…

တီဟီရန်နဲ့ သဘောတူညီမှုရပြီးနောက် အီရန်နိုင်ငံသား ရာပေါင်းများစွာကို အမေရိကန် ပြန်ပို့

ဒူဘိုင်း၊ ဝါရှင်တန်၊ အောက်တိုဘာ ၁ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ရွှေ့ပြောင်းနေထိုင်သူများ နှိမ်နှင်းမှုအရ အမေရိကန်က ပြန်လည်ပို့ဆောင်မယ့် အီရန်နိုင်ငံသား ၄၀၀ ထဲက ပထမအုပ်စုဟာ အောက်တိုဘာ ၁ ရက်မှာ ကာတာနိုင်ငံသို့ ရောက်ရှိပြီး တီဟီရန်သို့ ဆက်လက် ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ အုပ်စုမှာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ရာဇဝတ်ကောင်တွေရော၊…

ဖိလစ်ပိုင်မှာ ငလျင်ကြောင့် သေဆုံးသူ ၆၀ အထိ ရှိလာ

မနီလာ အောက်တိုဘာ ၁ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၆ ဒသမ ၉ အဆင့်ရှိ ငလျင်ကြောင့် အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းမှာ သေဆုံးသူ ၆၀ အထိ ရှိလာပြီ ဖြစ်ကြောင်း သဘာဝဘေး စီမံခန့်ခွဲရေး အရာရှိတွေက ပြောပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အတိုင်းအတာကို လေ့လာ စစ်ဆေးနေချိန်…

သရက်ချောင်းက နေအိမ် ၇၀ ကျော်ကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

သရက်ချောင်း၊ အောက်တိုဘာ ၁ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဟာ ကျေးရွာအတွင်းရှိ နေအိမ် အလုံး ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်ထံက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ တောင်ပျောက်တိုက်နယ်ကျေးရွာအုပ်စုကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဟာ ကျောက်လှေကားကျေးရွာရှိ…