September 2025

KNU နယ်မြေမှာ ရှစ်လအတွင်း အာဏာသိမ်းစစ်တပ်ကြောင့် အရပ်သား ၁၅၀ နီးပါး သေဆုံး

ဘားအံ၊ စက်တင်ဘာ ၂၂ ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းအပါအဝင် လူထုကိုထိခိုက်စေတဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကြောင့် ရှစ်လအတွင်း အရပ်သားပြည်သူဦးရေ ၁၅၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU ဗဟိုရဲ့ စက်တင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ နိုင်ငံတဝှမ်းမှာ ငြိမ်းချမ်းရေးကို ဆွေးနွေးနေတယ်လို့ အာဏာသိမ်းစစ်တပ်က အစဉ်မပြတ်ကြေညာနေပေမယ့် လက်တွေ့မှာတော့ မြန်မာနိုင်ငံတဝှမ်းနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU…

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်တွင်း အခြေအနေ ဘယ်လိုရှိနေသလဲ။

“လက်ရှိ စစ်ကော်မရှင်တို့ဘက်ကနေ အကျဉ်းသားတွေအားလုံးကို ညှဉ်းဆဲဖိနှိပ်နေတဲ့ နည်းလမ်းတစ်ခုအဖြစ်နဲ့ ကျန်းမာရေးအခွင့်အရေးတွေကို မပေးဘူး။ကျန်းမာရေးစောင့်ရှောက်မှု မပေးဘဲ အခွင့်အရေးတွေကို ဖျက်ဆီးပစ်နေကြတာတွေ မြင်ပါတယ်” – မရောင်နီလင်း (PPNM ပြန်ကြားရေးတာဝန်ခံ) မကြာသေးမီ ရက်ပိုင်းအတွင်းက အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့…

နျူလက်နက် ဖြုတ်သိမ်းရေး တောင်းဆိုနေမှု ရပ်တန့်ရင် အမေရိကန်နဲ့ ဆွေးနွေးနိုင်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ပြော

ဆိုးလ်၊ စက်တင်ဘာ ၂၂ ပြုံးယမ်းအစိုးရအနေနဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ ဝါရှင်တန်ဘက်က တောင်းဆိုနေမှုတွေ ရပ်တန့်လိုက်မယ်ဆိုရင် မိမိတို့အနေနဲ့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို ရှောင်ရှားနေစရာအကြောင်း မရှိဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားကြောင်း နိုင်ငံပိုင် သတင်းဌာနက စက်တင်ဘာ ၂၂ ရက်မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားပေးရေး မိမိတို့ရဲ့ နျူကလီးယား…

ပါလက်စတိုင်းကို နိုင်ငံအဖြစ် ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနဲ့ ပေါ်တူဂီတို့က တရားဝင် အသိအမှတ်ပြု

နယူးယောက်၊ စက်တင်ဘာ ၂၂ ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုကြောင်း ဗြိတိန်၊ သြစတြေးလျ။ ကနေဒါနဲ့ ပေါ်တူဂီတို့က ကြေညာလိုက်ပြီး ပြင်သစ်ကလည်း မကြာခင် အလားတူ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဗြိတိန်အစိုးရရဲ့ မူဝါဒ သိသိသာသာ ပြောင်းလဲမှုအဖြစ် ပါလက်စတိုင်းကိုနိုင်ငံ တစ်နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ဝန်ကြီးချုပ် ကီယာ စတာမာက ကြေညာပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ပိုဆိုးလာနေတဲ့…

စစ်ကော်မရှင် ရွေးကောက်ပွဲကို ဝိုင်းဝန်းတားဆီးကြဖို့ ကရင်လူငယ်အစည်းအရုံး KYO တိုက်တွန်း

ဘားအံ၊ စက်တင်ဘာ ၂၂ စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ကရင်လူငယ်ထုတစ်ရပ်လုံးအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်မှုတွေ မပြုလုပ်ဖို့နဲ့ ဝိုင်းဝန်းတိုက်ဖျက်တားဆီးကြဖို့ ကရင်လူငယ်အစည်းအရုံး KYO ဗဟိုက စက်တင်ဘာ ၂၂ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။ စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ သူတို့ရဲ့ လူမျိုးပေါင်းစုံပြည်သူလူထုအပေါ် ရက်စက်ယုတ်မာမှုတွေကို ဖုံးကွယ်ဖျောက်ဖျက်နိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဒီမိုကရေစီကို အမည်ခံအလွှဲသုံးစားလုပ်ကာ…

တနင်္သာရီမှာ စစ်မှုထမ်း တပ်သားနှစ်ဦး KNU ထံ အလင်းဝင်

တနင်္သာရီ၊ စက်တင်ဘာ ၂၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အခြေစိုက် အမှတ် ၂၈၀ ခြေလျင်တပ်ရင်းက စစ်မှုထမ်း သင်တန်းဆင်း တပ်သားနှစ်ဦး ထွက်ပြေးလာပြီး အလင်းဝင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က စစ်ကော်မရှင်ရဲ့ ခလရ ၂၈၀ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

မွန်လွတ်‌မြောက်ရေးတပ်တော် MLF နဲ့ မွန်ပြည်သစ်ပါတီ AD/ ရာမညမွန်တပ်တော်တို့ ပေါင်းစည်း

မော်လမြိုင် ၊ စက်တင်ဘာ ၂၁ စစ်အာဏာရှင်စနစ်ကို ထိရောက်စွာ တိုက်ဖျက်နိုင်ဖို့ မွန်လွတ်မြောက်ရေးတပ်တော် MLF နဲ့ မွန်ပြည်သစ်ပါတီ AD/ ရာမညမွန်တပ်တော်တို့ ပေါင်းစည်းလိုက်တယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ နှစ်ဘက်အဖွဲ့က ပူးတွဲသတင်းထုတ်ပြန်ပါတယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေး ရည်ရွယ်ချက်နဲ့ စက်တင် ဘာ ၁၈ ရက်နေ့မှာ ပေါင်းစည်းခဲ့တာဖြစ်ပြီး မွန်လွတ်မြောက်ရေးတပ်တော်ရဲ့…

မော်လမြိုင်မှာ တောင်းရမ်းစားသောက်သူတွေ ပိုများလာ

မော်လမြိုင် ၊ စက်တင်ဘာ ၂၁ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်တပ်အာဏာသိမ်းတဲ့ ငါးနှစ်နီးပါးကာလအတွင်း နည်းလမ်းအမျိုးမျိုးနဲ့ တောင်းရမ်း စားသောက်သူတွေ အရင်ကထက် ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ တောင်းရမ်းစားသောက်သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အများဆုံးပါဝင်ပြီး အသက်ကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေပါ တောင်းရမ်း စားသောက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။ တောင်းရမ်းစားသောက်သူအများစုဟာ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာ…

စစ်ကော်မရှင်ခန့် မွန်ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ်

ချောင်းဆုံ၊ စက်တင်ဘာ ၂၁ အာဏာသိမ်း စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ သူရဲ့ ဇာတိမြေဖြစ်တဲ့ ချောင်းဆုံမြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက စုံစမ်းသိရှိရပါတယ်။ ဦးအောင်ကြည်သိန်းဟာ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ကနေ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။ ဦးအောင်ကြည်သိန်းဟာ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီလို့ လူသိများတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ မွန်ပြည်နယ် ဥက္ကဋ္ဌလည်း…

ကုလ ညီလာခံတက်မယ့် ပါလက်စတိုင်းသမ္မတ အမေရိကန် ပြည်ဝင်ခွင့် တားမြစ်ခံရ

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀ နယူးယောက်သို့ လာရောက်မယ့် ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ်ကို ပြည်ဝင်ခွင့် ဗီဇာပေးမှာ မဟုတ်ဘူးလို့ အမေရိကန်က ပြောကြားခဲ့ပေမယ့် နောက် လာမယ့် သီတင်းပတ် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နှစ်စဉ် ညီလာခံသို့ ဗီဒီယို ဆက်သွယ်မှုကတဆင့် မိန့်ခွန်းပြောကြားဖို့ သူ့ကို ကုလသမဂ္ဂ အထွေထွေညီလာခံက စက်တင်ဘာ ၁၉ ရက်မှာ မဲခွဲဆုံးဖြတ်ပြီး ခွင့်ပြုလိုက်ပါတယ်။…