September 20, 2025

ကုလ ညီလာခံတက်မယ့် ပါလက်စတိုင်းသမ္မတ အမေရိကန် ပြည်ဝင်ခွင့် တားမြစ်ခံရ

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀ နယူးယောက်သို့ လာရောက်မယ့် ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ်ကို ပြည်ဝင်ခွင့် ဗီဇာပေးမှာ မဟုတ်ဘူးလို့ အမေရိကန်က ပြောကြားခဲ့ပေမယ့် နောက် လာမယ့် သီတင်းပတ် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နှစ်စဉ် ညီလာခံသို့ ဗီဒီယို ဆက်သွယ်မှုကတဆင့် မိန့်ခွန်းပြောကြားဖို့ သူ့ကို ကုလသမဂ္ဂ အထွေထွေညီလာခံက စက်တင်ဘာ ၁၉ ရက်မှာ မဲခွဲဆုံးဖြတ်ပြီး ခွင့်ပြုလိုက်ပါတယ်။…

ကမ္ဘောဒီးယားနယ်စပ်ကို အချိန်အကန့်အသတ်မရှိ ပိတ်ထားဖို့ ထိုင်း ဆုံးဖြတ်

ဘန်ကောက်၊ စက်တင်ဘာ ၂၀ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အန္တရာယ်ပေးနိုင်တဲ့ နိုင်ငံ မဟုတ်တော့ဘူးလို့ ထင်မှတ်ရတဲ့အချိန်အထိ နှစ်နိုင်ငံနယ်စပ်ကို ပိတ်ထားရေး ထိုင်းလက်နက်ကိုင်တပ်တွေရဲ့ တပ်မှူးတွေက တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပြီး နယ်စပ်ခြံစည်းရိုး ကာဖို့လည်း အဆိုပြုလိုက်ပါတယ်။ ဘန်ကောက်မြို့ရှိ ထိုင်းတော်ဝင်တပ်ဖွဲ့များ ဌာနချုပ်မှာ ကျင်းပတဲ့ လက်နက်ကိုင်တပ် အကြီးအကဲများ ကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးမှာ အခုလိုမျိုး ဆုံးဖြတ်ခဲ့တာပါ။ ထိုင်း-ကမ္ဘောဒီးယား…

ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အရေးယူခံရသူ သုံးဦးအထိရှိလာ

နေပြည်တော် ၊ စက်တင်ဘာ ၂၀ စစ်ကော်မရှင်ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေဖို့ ရည်ရွယ်တယ်ဆိုပြီး လှုံဆော်‌ရေးသားသူတွေကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်တဲ့ ပုဒ်မနဲ့ အရေးယူခံရသူ သုံးဦး ရှိလာပါတယ်။ စစ်ကော်မရှင်အဖြစ် အသွင်မပြောင်းခင် ရက်ပိုင်းအလိုမှာ စစ်ကောင်စီ ပြဌာန်းခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေ ထုတ်ပြန်ပြီး နှစ်လကျော်အကြာမှာ အရေးယူမှုတွေ…

ကလိန်အောင်တပ်က တပ်သားနှစ်ဦး DNLA တပ်တော်ထံ အလင်းဝင်

ကလိန်အောင်၊ စက်တင်ဘာ ၂၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့အခြေစိုက် အမှတ် ၄၀၉ ခြေမြန်တပ်ရင်းက တပ် သားနှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ အဲဒီတပ်သားနှစ်ဦးဟာ မနေ့ စက်တင်ဘာ ၁၉ ရက်နေ့က ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာပါ။ အလင်းဝင်လာတဲ့ တပ်သား နှစ်ဦးဟာ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း…

ရေဖြူမှာ ယာယီတပ်စွဲထားတဲ့ စစ်တပ်စခန်း တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံး

ရေဖြူ၊ စက်တင်ဘာ ၂၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)က သတင်းထုတ်ပြန်ပါတယ်။ ပယကျေးရွာမှာ အင်အား ၆၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၆ နာရီအချိန်လောက်မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။…

စစ်အာဏာသိမ်း (၁၆၉၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၂၇၃) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂၀ AAPP ရဲ့ စက်တင်ဘာ၁၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာ လ (၁၆၉၂) ရက်အတွင်း ပြည်သူ (၇၂၇၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၇၀၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၇၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်တောင်ပိုင်းရှိ စစ်တပ်ဂိတ်စခန်းနဲ့ကင်းပုန်းတွေ ဆက်တိုက် တိုက်ခိုက်ခံနေရ

ရေး ၊ စက်တင်ဘာ ၂၀ မွန်ပြည်နယ်တောင်ပိုင်းမှာ စခန်းချထားတဲ့စစ်တပ်ရဲ့ လုံခြုံရေးဂိတ်တွေနဲ့ ကင်းပုန်းတွေကို မွန် ပြည်နယ်အခြေစိုက် မွန်လူမျိုးအခြေပြုလက်နက်ကိုင်အဖွဲ့တွေနဲ့မဟာမိတ်တပ်တွေက ခပ်စိပ်စိပ် တိုက်ခိုက်လာနေပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ တစ်ရက်တည်းမှာပဲ မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာက ဘူတာနဲ့ ထင်းရှူးကျေးရွာက ဘူတာအနီးမှာ ရှိတဲ့ စစ်တပ်ကင်းပုန်းတွေကို မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒရုန်းနဲ့ ဗုံးကြဲခဲ့ကြတာပါ။ အနင်းဘူတာအနီးရှိ စစ်တပ်ကင်းပုန်းကို…

မွန်ပြည်နယ်မှာ ထိုင်းကုန်ပစ္စည်း သယ်ဆောင်ရင် တစ်ခါ တည်း ဖမ်းဆီးသိမ်းယူနေ

မော်လမြိုင် ၊ စက်တင်ဘာ ၂၀ မွန်ပြည်နယ်မှာ စစ်ကော်မရှင်က ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကုန်တင်ကားကြီးတွေအပြင် တစ်ပိုင်တစ်နိုင် သယ်ဆောင်တဲ့ ကားလေးတွေကအစ ဖမ်းဆီးပြီး ကုန်ပစ္စည်းတွေ သိမ်းယူတာတွေ လုပ်ဆောင်နေတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ ထိုင်းကုန်ပစ္စည်းတွေကို မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွေအပြင် လမ်းသွားလမ်းလာမှာ တွေ့ရှိပါက တရားမဝင် သယ်ဆောင်လာတာရော တရားဝင် သယ်ဆောင်တာတွေကအစ…

သရက်ထောင်မှာ ညွှန်မှူးလမ်းကြောင်းကြောင့် နိုင်ကျဉ်းတစ်ဦး ဆေးဝါးကုသခွင့်မရဘဲသေဆုံး

သရက်၊ စက်တင်ဘာ ၂၀ မကွေးတိုင်း သရက်အကျဉ်းထောင်မှာ ညွှန်မှူးလမ်းကြောင်းရှိနေတာကြောင့် ကျန်းမားရေး အခြေအ နေ အရေးပေါ်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး အချိန်မီဆေးဝါးကုသခွင့်မရဘဲ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ သရက်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင်ဟာ အသက်ရှုကြပ်တဲ့ ဝေဒနာကို ခံစားနေရတာကြောင့် ထောင်ဆေးရုံအတွင်း လိုအပ်တဲ့…

ပလမှာ PDF ရဲဘော်နှစ်ဦး ချောင်းပစ်ခံရလို့ကျဆုံး

ပုလော၊ စက်တင်ဘာ ၂၀ တနင်္သာရီတိုင်း ပလမြို့ မီးသတ်ရုံးအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်နှစ်ဦး ချောင်း ပစ်ခတ်ခံရတာကြောင့် ကျဆုံးသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ထံကနေ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ က ရဲဘော် နှစ်ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ အလုပ်ကိစ္စကြောင့် ဆိုင်ကယ်နဲ့သွားစဉ် ပလမြို့မီးသတ်ရုံးအနီး လမ်းပေါ်မှာ…