September 10, 2025

စစ်အာဏာသိမ်း (၁၆၈၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၂၂၅) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၁ AAPP ရဲ့ စက်တင်ဘာ၁၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၈၃) ရက်အတွင်း ပြည်သူ (၇၂၂၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၆၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အမျိုးသားလွှတ်တော်မှာ တစ်ပြည်နယ်လုံးစာ ဝင်ပြိုင်မယ်လို့ မွန်တိုးတက်ရေးပါတီပြော

ဘားအံ ၊ စက်တင်ဘာ ၁၁ လာမယ့် ဒီဇင်ဘာနှောင်းပိုင်းမှာ စတင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်အတွင်း သတ်မှတ်ထားတဲ့ အမျိုးသားလွှတ်တော်က မဲဆန္ဒနယ်မြေတွေအားလုံးမှာ ဝင်ပြိုင်မယ်လို့ မွန်တိုးတက်ရေးပါတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်သူအကုန်ယူစနစ် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ် RP တို့ကို ပေါင်းစပ်ကျင့်သုံးမယ့် အမျိုး သားလွှတ်တော်မှာ ကိုယ်စားလှယ်‌လောင်း ၁၂ ဦးနဲ့ တိုင်းရင်းသားလူမျိုး…

စစ်ကော်မရှင်ရဲ့ ပါတီဖျက်သိမ်းမှု အမျိုးသမီးပါတီ(မွန်) ဘာပြောလဲ

မော်လမြိုင် ၊ စက်တင်ဘာ ၁၁ နိုင်ငံရေးပါတီအဖြစ် ပါတီမှတ်ပုံတင်ခွင့်ရရှိထားတဲ့ အမျိုးသမီးပါတီ(မွန်)အပါအဝင် နိုင်ငံရေးပါတီ လေးခုကို ပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်တယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သ မားအင်အားစုပါတီတို့ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)အရ…

သထုံမှာ စစ်ကော်မရှင် လုံခြုံရေးတိုးမြှင့်ပြီး ပိုက်စိပ်တိုက်စစ်ဆေးနေ

သထုံ၊ စက်တင်ဘာ ၁၁ မွန်ပြည်နယ် သထုံမြို့နယ်မှာ အခုရက်ပိုင်းကစပြီး စစ်ကော်မရှင်က လုံခြုံရေးတိုးမြှင့်ပြီး ပိုက်စိပ် တိုက်စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ သထုံမြို့ပေါ်အပြင် မြို့အဝင်အထွက်လမ်းတွေမှာပါ နေ့ရောညပါ လုံခြုံရေးကင်းလှည့်ပြီး ပိတ်ဆို့စစ်ဆေးမှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာပါ။ ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်ဟာ သထုံ-ဘားအံလမ်း၊ သထုံ-ဘီးလင်းလမ်းပိုင်းတွေမှာ ညပိုင်းအင်အားအများအပြားနဲ့ ကင်းလှည်တာတွေ ပြန်လုပ်လာနေပြီး သထုံအဝင်…

ကျိုက်ထိုက ရွှေတွင်းတွေကို စစ်တပ်ဝင်စီးပြီး လုပ်သား ၅၀ ကျော် ဖမ်းဆီးသွား

ကျိုက်ထို၊ စက်တင်ဘာ ၁၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာမှာရှိတဲ့ ရွှေတွင်းလုပ်ကွက် ခြောက်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် လုပ်သား ၅၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ငှက်ပျောတောကျေးရွာက ဂျစ်တူး၊ အငယ်ကောင်၊…

မြေပြင်ထိုးစစ် မစခင် ဂါဇာစီးတီး ဒေသခံအားလုံး ထွက်သွားကြဖို့ အစ္စရေး စစ်တပ် ညွှန်ကြား

ဂါဇာစီးတီး၊ စက်တင်ဘာ ၁၀ အစ္စရေး စစ်တပ်က မြေပြင်ထိုးစစ်တွေ စတင်တော့မယ့်အချိန်မှာ ဂါဇာစီးတီးရှိ ဒေသခံ အားလုံး ချက်ချင်း ဘေးကင်းရာ ထွက်သွားကြဖို့ သတိပေးလိုက်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသရဲ့ အကြီးမားဆုံး မြို့ပြဗဟိုချက်မှာ နေထိုင်နေကြတဲ့ ပါလက်စတိုင်းသား တစ်သန်းအနေနဲ့ တောင်ဖက်ကို ရွှေ့ပြောင်းကြဖို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက အာရပ်ဘာသာနဲ့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ အဲဒီ မြို့မှာ ဆက်နေရင်…

ပူတင်ကို ဖိအားပေးဖို့ တရုတ်နဲ့ အိန္ဒိယအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံရေး ထရန့်က အီးယူကို တိုက်တွန်း

ဝါရှင်တန်၊ စက်တင်ဘာ ၁၀ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အပေါ် ဖိအားပေးရေး ဗျူဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ တရုတ်နဲ့အိန္ဒိယတို့အပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဥရောပသမဂ္ဂ အီးယူ အရာရှိတွေကို စက်တင်ဘာ ၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ တရုတ်နဲ့အိန္ဒိယတို့ဟာ ရုရှားရေနံတွေကို အဓိက ဝယ်ယူနေတဲ့ နိုင်ငံတွေ ဖြစ်ပြီး…

အကျင့်ပျက်ခြစားမှု ဆန့်ကျင် ဆန္ဒပြပွဲတွေကြောင့် နီပေါ ဝန်ကြီးချုပ် နုတ်ထွက်၊ လွှတ်တော် အဆောက်အဦ မီးတင်ရှို့ခံရ

ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၀ နီပေါနိုင်ငံမှာ စက်တင်ဘာ ၈ ရက်က အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခတွေကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ နုတ်ထွက်သွားပြီးနောက် မြို့တော် ခတ္တမန္ဒူရှိ လွှတ်တော် အဆောက်အဦကို လူအုပ်ကြီး တစ်အုပ်က မီးတင်ရှို့ခဲ့ကြပါတယ်။ ဆယ်စုနှစ်များစွာအတွင်း နီပေါနိုင်ငံမှာ…