မော်လမြိုင် ၊ သြဂုတ် ၁၄

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်တဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၆ အတွက် လူငယ် ၂၀၀ ကျော် စစ်သားစုဆောင်းခံခဲ့ရတယ်လို့ ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေကို သြဂုတ် ၁၂ ရက်နေ့က မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၆ ပညာရေးကျောင်းမှာ ပြည်နယ်အဆင့် စစ်ကော်မရှင်အဖွဲ့ရဲ့ တာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေကိုတော့ သြဂုတ် ၁၃ ရက်နေ့ကစပြီး အရှေ့ တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ လေ့ကျင့်ရေးတပ်မှာ သင်တန်းစပေးနေတာ ဖြစ်ပါတယ်။

စစ်သားစုဆောင်းခံရတဲ့သူတွေဟာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရတာ၊ ဒေသန္တအမိန့်ဖောက်ဖျက်မှုကြောင့် ခြိမ်းခြောက် အကြပ်အကိုင် ဖမ်းဆီးခံရသူတွေ အများဆုံးပါဝင်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ လာမယ့် စစ်မှုထမ်း အပတ်စဉ်တွေအတွက်လည်း စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို နေအိမ်တွေအထိ ဆင့်ခေါ်စာတွေ ပေးပို့ပြီး တပ်သားစုဆောင်းဖို့ ကြိုးပမ်းလာပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင်က ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၅ အထိ စစ်သားစုဆောင်းခံရသူပေါင်း ၂၅၀၀ ထက်မနည်း ရှိလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.