စစ်မှုထမ်းမှားယွင်းစုဆောင်းခဲ့သူတွေကို အရေးယူနေတယ်လို့ စစ်ကောင်စီပြော
နေပြည်တော် မတ် ၂၀ တပ်မတော်အနေနဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်တွေကို စစ်မှု ထမ်းလုံးဝစုဆောင်းခြင်းမပြုဖို့နဲ့ အကြောင်းအမျိုးမျိုးနဲ့ မှားယွင်းစုဆောင်းခဲ့သူတွေ ရှိပါကလည်း အမြန်ဆုံးထွက်ခွင့်ပြုနေတယ်လို့ စစ်ကောင်စီကပြောပါတယ်။ ဒီကနေ့မှာပြုလုပ်ခဲ့တဲ့ တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ပြန် လည်နုတ်ထွက်ခွင့်ပြုပြီး မိဘများထံလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားမှာ စစ်ကောင်စီတာဝန်ရှိသူတွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သည်တွေ တပ်မတော်အတွင်းမှာ လုံးဝမကျန်ရှိစေဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မှားယွင်းစုဆောင်းမိခဲ့တဲ့…