သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီး

0
38

မြဝတီ၊ မတ် ၉

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ ဒေ သခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ သင်္ဃန်းညီနောင်ဒေသကို စစ်ကောင်စီတပ်က မတ် ၈ ရက်နေ့ တစ်ညလုံးနီပါး လေကြောင်းအပြင် အတွဲလိုက်ဒုံးပစ်ခတ်မှုတွေ အဆက်မပြတ်လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သင်္ဃန်းညီနောင် မြို့သစ်ပိုင်းက နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးထားပြီး လက်ရှိအချိန်အထိ မီးကူးစက်လောင်းကျွမ်းမှုတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် မီးငြိမ်သတ်မယ့်သူတွေ မရှိတာကြောင့် မီးလောင်ပျက်စီးဆုံးရှုံးမှု များပြားခဲ့တာလို့ ဆိုပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲဟာ မတ် ၉ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး တော် လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ခမရ ၃၅၅ တပ်ရင်းကို အပြီးသတ်သိမ်း ပိုက်ထားပြီလို့ စစ်မြေပြင်သတင်းရင်းမြစ်တွေက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ကလည်း သင်္ဃန်းညီနောင်အနီးရှိ သဘာဝတရားရိပ်သာကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အဘိုးအို ၂ ဦး သေဆုံးပြီး အဘိုးအို၊ အဘွားအို ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး တိုက် ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.