နိုင်ငံရေးအကျဉ်းသား ၇ ဦး ဆေးကုသခွင့်မရလို့သေဆုံး

0
33

မော်လမြိုင်၊ မတ် ၉

နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ အခုနှစ်အတွင်း ဆေးကုသခွင့်မရတာကြောင့် နိုင်ငံရေးအ ကျဉ်းသား ၇ ဦး သေဆုံးသွားတယ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား သေဆုံးမှုအရ အခုနှစ် ဇန်နဝါရီလကနေ မတ် ၈ ရက်နေ့အထိ ကျိုက်မရောအကျဉ်းထောင်က ၂ ဦး၊ ဒိုက်ဦးအကျဉ်း ထောင်က ၂ ဦး၊ အိုးဘိုထောင်၊ ကလေးထောင်နဲ့မကွေးထောင်တွေကနေ ၁ ဦးစီ စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်ကြောရေးတွေမှာ အပြင်းအထန် နှိပ် စက်ခံရပြီးနောက် ဆေးကုသခွင့်အပြည့်အဝ မရတာကြောင့် အများဆုံးသေဆုံးနေရတာ ဖြစ်တယ်လို့ PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပါဆယ်ပေးပို့ရာ နိုင်ငံ ခြားဆေးဝါးတွေ ပို့ခွင့်ကန့် သတ်ခံရတာ၊ အရေးကြီးလူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံသို့ ပို့ဆောင်ပေးခြင်း မရှိတဲ့အတွက် အကျဉ်းသားတွေ သေဆုံးနေကြရတာ ဖြစ်ပါတယ်။

ထောင်ဆေးရုံတွေဟာ ကျန်းမာရေးမကောင်းတဲ့ လူနာတွေကို ကုသမှုပေးပြီး အသက်ကယ်တင်ရမယ့် နေရာဖြစ်မနေဘဲ အကျဉ်းသားတွေ မသေဆုံးခင်ထားတဲ့ နေရာသာဖြစ်နေတယ်လို့ PPNM က ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား၊ အ ကျဉ်းသူ ၁၇ ဦး အကျဉ်းထောင်ထဲ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – ကျိုက်မရောထောင်မှာ ဆေးကုသခွင့်မရတာကြောင့် သေဆုံးသွားတဲ့ မီးသတ် CDM ဝန်ထမ်း ကိုပြည့်ဖြိုးအောင်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.