March 3, 2024

ကရင်နီမှာ သုံးနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ နီးပါးကျဆုံး

လွိုင်ကော် ၊ မတ် ၃ ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဇန်နဝါရီလအထိ ၃ နှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ နီးပါး ကျဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၁ ခုနှစ်က ၄၁ ဦး၊…

မော်လမြိုင်မှာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေရှိလာ

မော်လမြိုင် ၊ မတ် ၃ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လူငယ်တွေကို အကြောင်းအမျိူးမျိုးပြဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ ရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ညပိုင်းအချိန်တွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ နေရာအနှံ့မှာ စစ်ဆေးပြီးနောက် လမ်းပေါ်မှာရှိနေတဲ့ လူငယ်တချို့ကို မထင်ရင်မထင်သလို ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။ ဖမ်းဆီးခံရတဲ့ လူငယ်တွေကိုတော့ မော်လမြိုင်မြို့ မွန်ယဉ်ကျေးမှုပြတိုက်အနီးရှိ…

စစ်အုပ်စုရဲ့ စစ်သားစုဆောင်းမှုကို ထောက်ခံအားပေးတာမလုပ်ဖို့ KNU သတိပေး

ဖာပွန် ၊ မတ် ၃ KNU ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ပြီး စစ်ကောင်စီခေါ်ယူစုဆောင်းမယ့် တပ်သားတွေထဲကို ထောက်ခံအားပေး ဝင်ရောက်တာတွေ လုံးဝမပြုလုပ်ဖို့ KNU တပ်မဟာ ၅ ဖာပွန်ခရိုင်က မတ် ၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ စစ်အာဏာရှင်အုပ်စုဟာ တိုင်းပြည်အာဏာကို အတင်းအဓမ္မလုယူပြီးနောက် ပြည်တွင်းစစ်ကို သက်ဆိုးရှည် စေဖို့…