စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူခွင့်နဲ့ ငွေကြေးရရှိမှု ပစ်မှတ်ထားတားဆီးဖို့ ကုလ ပြော

0
43

ဂျီနီဗာ ၊ မတ် ၃

မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက်တိုက်ခိုက်နေမှုကို တားဆီးရေး နိုင်ငံတကာအသိုင်း အဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ လက်နက်နဲ့ လေယာဉ်ဆီဝယ်ယူခွင့်အပါအဝင် နိုင်ငံခြားငွေကြေး ရရှိနေမှုကို ကန့်သတ်ထိန်းချုပ်ပြီး အရေးယူရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက ပြောပါတယ်။

ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက်ပြုမူနေတာကို တားဆီးရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သူတို့ရဲ့ စွမ်းအင်တွေကို ပြန်လည်အာရုံစိုက်ကြဖို့လည်း လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး ဗိုလ်ကာတက်ခ်က ဆိုခဲ့တာပါ။

စစ်ကောင်စီက ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေဆက်လက်မလုပ်ဆောင်နိုင်ဖို့အတွက် သူတို့ရဲ့ နိုင်ငံခြားငွေကြေး၊လက်နက်နဲ့ လေယာဉ်ဆီဝယ်ယူခွင့်တို့ကို အဆုံးသတ်အောင် နိုင်ငံတကာက လုပ်ဆောင်သင့်တယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံ၊ဖိနှိပ်၊နှင်ထုတ်ခံခဲ့ရပြီး နိုင်ငံတကာ ဒုက္ခသည်စခန်းတွေမှာ အကျဉ်းကျသလို နေထိုင်နေရတယ်လို့ မစ္စတာ တက်ခ်က အသိပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ရိုဟင်ဂျာတွေအများကြီးကို လက်ခံထားရတဲ့အတွက် မိမိတို့နိုင်ငံရဲ့ လုံခြုံရေးအန္တရာယ်ကျရောက်နေပြီဖြစ်တာကြောင့် နောက်ထပ်မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို လက်ခံတော့မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့လက ပြောထားပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ခွင့် တားဆီးနေတယ်ဆိုတဲ့ ယုံကြည်ရတဲ့ သတင်းတွေကို မိမိတို့ရုံးက လက်ခံရရှိထားတယ်လို့လည်း မစ္စတာ တက်ခ်က အသိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ လူတွေကို နိုင်ငံတကာက ကာကွယ်ရေးဖို့အတွက်လည်း မိမိအနေနဲ့ တိုက်တွန်းတယ်လို့သူက ဆိုပါသေးတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.