December 30, 2023

ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့ လှေကို အင်ဒိုနီးရှားရေတပ် မောင်းထုတ်

ဂျာကာတာ၊ ဒီဇင်ဘာ ၃၁ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှ ဒုက္ခသည်တွေ တိုးပွားလာနေတဲ့အလျောက် မြန်မာပြည်ကနေ ရိုဟင်ဂျာ တွေတင်ဆောင်လာတဲ့ လှေတစ်စင်းကို အာချေးမှာ အင်ဒိုနီးရှားရေတပ်က မောင်းထုတ်ခဲ့တယ်လို့ စစ်တပ်ပြော ရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အဲဒီလှေဟာ ဆူမားတြားကမ်းလွန်ရှိ ဝါချ်ကျွန်းအနီး ရေပြင်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး လှေပေါ်မှာ ရိုဟင်ဂျာ ဘယ် လောက်လိုက်ပါလာကြောင်းကိုလည်း ခန့်မှန်းမထားဘူးလို့ သူက ဆိုပါတယ်။…

ဘန်ကောက်ပစ်ခတ်မှုမှာ သေနတ်သမားကို တရားစွဲနိုင်ခြင်း မရှိသေး

ဘန်ကောက်၊ ဒီဇင်ဘာ ၃၁ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဆီယမ်ပါရာဂွန်ကုန်တိုက်ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမား လူငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ ကုသနေချိန်အတွင်း ရဲတပ်ဖွဲ့အနေနဲ့ တရားစွဲဆိုနိုင်မှာမဟုတ် ဘူးလို့ ထိုင်းရှေ့နေချုပ်ရုံးက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိထားတာပါ။ ထိုင်းရှေ့နေချုပ်ရုံးရဲ့ ပြောခွင့်ရက အသက် ၁၄ နှစ်အရွယ်…

အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICJ မှာ တောင်အာဖရိကနိုင်ငံ တရားစွဲ

အမ်စတာဒမ်၊ ဒီဇင်ဘာ ၃၁ အစ္စရေးစစ်တပ်ဟာ ဂါဇာမှာတိုက်ပွဲမှာ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်ကြောင်းကြေညာပေးဖို့ တောင်အာဖရိကနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ထံ တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာ့တရားရုံးလို့ လူသိများတဲ့ ICJ ဟာ ကုလသမဂ္ဂရဲ့ နိုင်ငံတွေကြား အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတာပါ။ တောင်အာဖရိကနိုင်ငံက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့အတူ စာချုပ်ပါ အချက်အလက်တွေကို…

ရွှေပြည်အေး၊လွယ်ပတာ စခန်းကုန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ဖယ်ခုံ – ဒီဇင်ဘာ ၃၀ ကရင်နီပြည်နယ်၊ဖယ်ခုံမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ရွှေပြည်အေးနဲ့ လွယ်ပတာ စခန်းကုန်း တွေကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃၊၂၄၊၂၅ ရက်နေ့တွေမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းစစ်ဆင် မှုနဲ့ သိမ်းပိုက်ရရှိခဲ့တာပါ။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖယ်ခုံမြို့ အဝင်နဲ့အထွက်နေရာတွေကို ထိန်းချုပ်ထားပြီး မိုးဗြဲ-ဖယ်ခုံ ၁၁၁၁…

အကျဉ်းထောင်ထဲမှာဥပဒေမဲ့ သတ်ဖြတ်ခံရတဲ့နိုင်ငံရေးအကျဉ်းသား ၁၈ ဦး အထိရှိလာ

မော်လမြိုင် – ဒီဇင်ဘာ ၃၀ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်းမှာ ထောင်တွင်း ဥပဒေမဲ့ သတ်ဖြတ်ခံ ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးအထိရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်ရဲ့ နှစ်ကုန်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းချိန်ကစပြီး မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ဥပဒေမဲ့ သတ်ဖြတ်တာ၊ဆေးဝါးကုသခွင့်မပေးတာနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေပြုလုပ်နေ တယ်လို့ ဆိုထားတာပါ။…

လမိုင်းမြို့ပစ်ခတ်မှုအတွင်း ကလေးငယ်တစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရ

ရေး – ဒီဇင်ဘာ ၃၀ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့လယ်ခေါင်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အတွင်း အသက် ၃ နှစ်ခွဲအရွယ် မိန်ကလေးငယ်တစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လမိုင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၀၆) ခြေမြန်တပ်ရင်းကနေ ကင်းလှည့်ဖို့ ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးပါ…

မလေးရှားက မြန်မာတွေအဖမ်းခံရတာ NUG သတင်းပေးလို့ဟု သတင်းအမှားဖြန့်

အမှန် / အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ “မလေးရှားမှာ တရားမဝင်လုပ်သားတွေ ဖမ်းဆီးခံရတာကို NUG က သတင်းပေးလို့ အဖမ်းခံရတာ” ဆိုပြီး စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ သတင်းကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း…

လောင်းလုံးမြို့နယ် စပ်ပြဲနဲ့လေးသွန်းခံရွာကို စစ်ကောင်စီတပ်မီးရှို့

လောင်းလုံး၊ ဒီဇင်ဘာ ၃၀ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ စပ်ပြဲနဲ့လေးသွန်းခံရွာကို မီးရှို့ဖျက်ဆီးထားတာကြောင့် ကနဦးမှာနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ကညုံကျွန်းကျေးရွာကနေ စပ်ပြဲနဲ့လေးသွန်းခံကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေ…