“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ တစ်လခွဲအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၄၀ ကျော်ကို AA သိမ်းပိုက်

0
48

ရခိုင်၊ ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်မှာ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ တစ်လခွဲအတွင်း စစ်ကောင်စီရဲ့ စခန်းပေါင်း ၁၄၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ခဲ့တဲ့ စစ်ဆင်ရေးဟာ အခု ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း၊ ရဲစခန်း၊ စစ်ဘက် ရဲဘက်ပူးပေါင်းစခန်းနဲ့ နယ်ခြားစောင့်စခန်းအပါအ၀င် စခန်းပေါင်း ၁၄၂ ခုကို AA ကသိမ်းပိုက်ထားပါတယ်။ ‌‌

ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စခန်းတွေဟာ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏာကျွန်း၊ ပလက်၀၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေက စစ်ကောင်စီ လက်အောက်ခံတပ်စခန်းတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းတပ်မတော် (TNLA)နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့ဟာ ရခိုင်နဲ့ ရှမ်းမြောက်ဒေသတွေက စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းပေါင်း ၄၀၀ ထက်မနည်း တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA Info Desk

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.