ဘန်ကောက်၊ စက်တင်ဘာ(၁၀)

 “Pa Thong Ko ပထုံကို လို့ အမည်ရတဲ့မုန့်ညက်စိမ်းကြော်နဲ့ ထိုင်းလက်ဖက်ရည်ကို မနက်စာ အတွက် စားသုံးခြင်းဟာ စွမ်းအင်အလွန်အကျွံပေးနိုင်ပေမယ့်လည်း ကျန်းမာရေးကို ထိခိုက် စေနိုင်တာကြောင့် ရှောင်ရှားသင့်တယ်လို့ ထိုင်းကျန်းမာရေးဦးစီးဌာနက ပြောကြားခဲ့ပါတယ်။ 

ကမ္ဘာတစ်ဝှမ်းရှိ အချက်အပြုတ်ကျွမ်းကျင်သူတွေနဲ့ ဝေဖန်ရေးဆရာတွေရဲ့ အကြံပြုချက်တွေ ကို ဦးတည် ဖော် ပြတဲ့ အွန်လိုင်းခရီးသွားလမ်းညွှန်တစ်ခုဖြစ်တဲ့ TasteAtlas ရဲ့ ထိပ်တန်းအဆင့် ဆယ်နေရာသို့ အဲဒီ အစားအ စာနှစ်ခုရောက်ရှိလာပြီးနောက်မှာ ထိုင်းကျန်းမာရေးဌာနရဲ့ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွင်း ပထုံကို အစားအစာဟာ ကမ္ဘာပေါ်ရှိ အကောင်းဆုံးလမ်းဘေးအစားအစာ စာရင်းထဲမှာ ပါဝင်ခဲ့ပြီး ထိုင်းလက်ဖက်ရည်ကတော့ အရက်သသေစာမဟုတ်တဲ့အရည်အဖြစ် နံပါတ် ၇ နေရာမှာ ရှိနေခဲ့တာပါ။

မုန့်ညက်စိမ်းကို အကျွတ်ကြော်ထားတဲ့ ပထုံကိုဟာ ထိုင်းနိုင်ငံမှာ အဓိကစားသုံးတဲ့ မနက်စာဖြစ် ပြီး နို့ဆီ၊ ကော်ဖီတို့နဲ့လည်း တွဲဖက်စားသုံးကြပါတယ်။

 “ကျန်းမာတဲ့ မနက်စာဖြစ်ဖို့ ဒီအရာ ၂ မျိုးကို ရှောင်ရှားဖို့ အကြံပြုချင်ပါတယ်” လို့ ထိုင်းကျန်မာ ရေးဦးစီးဌာနမှ ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

“ပထုံကိုက ကာဗိုဟိုက်ဒရိတ်နဲ့ ပြည့်ဝဆီတွေပါဝင်တဲ့ သရေစာဖြစ်ပြီး စွမ်းအင်မြင့်မားပါတယ်။ ကိုယ်ခံအား နည်းပါးပြီး အင်အားလိုသူတွေအတွက် သင့်တော်ပါတယ်။ ဒါပေမယ့်လည်းမုန့်ဖုတ် ဆိုဒါ ဒါမှမဟုတ်ဆားမှ ဆိုဒီယမ်ဓာတ် မြင့်မားစွာပါရှိတာကြောင့် သွိုင်းရွက်နဲ့ သွေးတိုးလွန်ကဲ နေသူတွေအတွက် မသင့်တော်ပါဘူး” လို့ ဒေါက်တာ Suwanchai (ဆူဝမ်ချိုင်း)က ပြောကြားခဲ့ တာပါ။ 

ဒါ့အပြင် ထိုင်းရေခဲလက်ဖက်ရည် ၂၀၀ မီလီလီတာမှာလည်း ကာဗိုဟိုက်ဒရိတ် ၆၉ ဂရမ်၊ အဆီ ၁၅ ဂရမ်နဲ့ လက်ဖက်ရည်ဇွန်း ၁၃ ဇွန်းခန့်ပမာဏရှိတဲ့ သကြား ၅၃ ဂရမ်ပါဝင်ပြီး ကျန်းမာရေး ပြဿနာဖြစ်စေနိုင်တယ် လို့ ဒေါက်တာ ဆူဝမ်ချိုင်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

 လူတိုင်းဟာ တစ်နေ့ကို သကြားလက်ဖက်ရည်ဇွန်း ခြောက်ဇွန်းထက် ပိုမစားသင့်ဘဲ ထိုင်းရေခဲလက်ဖက် ရည်အေးကို မကြာခဏ သောက်သုံးခြင်းဟာ ဆီးချို၊ ကင်ဆာ၊ သွေးတိုး၊ အဝလွန်ခြင်း၊ နှလုံးသွေးကြောနှင့် ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်တာပါ။ 

“အရေးကြီးဆုံးကတော့ သင်စားမျှကို လောင်ကျွမ်းစေဖို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ မမေ့ပါနဲ့” လို့ ဒေါက်တာ ဆူဝမ်ချိုင်က ထပ်လောင်းပြောကြားထားပါတယ်။

 ပထုံကိုကလည်း ကင်ဆာဖြစ်စေနိုင်တဲ့ ပြန်ကြော်ဆီတွေကို အသုံးပြုထားတာဖြစ်နိုင်လို့ စားသုံးသူတွေအနေနဲ့ တစ်နေ့လျှင် မုန့်ညက်နှစ်ချောင်းထက် ပိုမစားဖို့ အကြံပြုထားကြောင်း သူကရှင်းပြခဲ့ပါတယ်။

 Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.