လန်ဒန် – စက်တင်ဘာ(၁၀)
ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အကျဉ်းထောင်က ထွက်ပြေးလွတ်မြောက်သွားတဲ့ သံသယ အကြမ်းဖက်သမား စစ်သားဟောင်းတစ်ဦးကို လန်ဒန်မြို့အနှံ့ရှာဖွေခဲ့ရာ ချစ်ဝှစ်ခရိုင်မှာ ထပ်မံ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က စက်တင်ဘာလ(၉) ရက်နေ့မှာ ပြောခဲ့ပါတယ်။
အသက်(၂၁) နှစ်အရွယ် ဒန်နီရာ အယ်ဘတ်လါလီဖိဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက လန်ဒန် မြို့ HMP ဝမ်ပေါ့ထ် အကျဉ်းထောင်မှာ အလုပ်လုပ်နေစဉ် ထောင်မီးဖိုးချောင်မှ ရှောင်ထွက်ကာ အစားအသောက်ပို့ဆောင်တဲ့ ထရပ်ကားအောက်ခြေမှာ လိုက်ပါပြီး ထွက်ပြေးလွတ်မြောက်ခဲ့ တာပါ။
“ဒန်နီရယ်ခါလီဖ်ကို ရှာဖွေရေးမှာ ပါ၀င်နေတဲ့ရဲတွေဟာ ဒီမနက် ချစ်ဝှစ်စ်ဧရိယာအတွင်းနဲ့ တဝိုက်မှာ အာရုံစိုက် အားထုတ်ရှာဖွေနေကြောင်း အတည်ပြုနိုင်ပါတယ်” လို့ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် “အဆိုပါအခြေအနေဟာ ထောက်လှမ်းရေးဦးဆောင်တဲ့ လှုပ်ရှားမှုနဲ့ လူထုအဖွဲ့ထံတွေ ဆီကနေ ဖုန်းခေါ်ဆိုမှုများအပါအဝင် အဲဒီဒေသမှာ ညတွင်းချင်း အတည်ပြုထားတဲ့ မြင်ကွင်း တချို့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်” လို့ဆိုထားပါသေးတယ်။
ခါလီဖ်ဟာ အနက်ရောင် ဘေ့စ်ဘောဦးထုပ်၊ အနက်ရော တီရှပ်နဲ့အနက်ရောင် အောက်ခံတွေကို ဝတ်ဆင်ထားပြီး အိတ်တစ်လုံးကိုင်ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။
ဗြိတိန်က ဒန်နီရယ်ခါလီဖ်ကို အကြမ်းဖက်ဝါဒီနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားမစွဲ ခင် အကျဉ်းထောင်မှာ ထိန်းသိမ်းထားတာပါ။
အတိုက်အခံလွှတ်တော်အမတ်တွေက သူဘယ်လို လွတ်မြောက်နိုင်ခဲ့တာနဲ့ လုံခြုံရေး အမြင့်ဆုံး အကျဉ်းထောင်မှာ ချုပ်နှောင်မထားရတာဆိုတဲ့ အဖြေကို တောင်းဆိုနေကြသလို အကျဉ်း ထောင်ဝန်ထမ်းတွေနဲ့ လုံခြုံရေးလုပ်ထုံးလုပ်နည်းတွေကိုလည်း မေးခွန်းထုတ်နေတယ်လို့ သိရပါ တယ်။
ခါလီဖ်ကို ခြေရာခံလိုက်ရာမှာ ဆိပ်ကမ်းတွေနဲ့ လေဆိပ်တွေမှာ လုံခြုံရေးစစ်ဆေးမှုတွေ တိုးမြှင့် ထားတာကြောင့် ခရီးသည်တွေအတွက် နှောင့်နှေးစေနိုင်တယ်လို့လည်း ဆိုထားပါတယ်။
Ref: Reuters

