September 2023

ထိုင်းမှာ ခရီးသွားကဏ္ဍမြှင့်တင်ဖို့ လေဆိပ်အသစ်တွေ ထပ်မံတည်ဆောက်မယ်

ဘန်ကောက်၊ အောက်တိုဘာ(၁) ထိုင်းနိုင်ငံဟာ ခရီးသွားကဏ္ဍမြှင့်တင်ဖို့အတွက် ဖူးခက်နဲ့ဖန်ငါးတို့မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်တွေ ထပ်မံတည်ဆောက်သွားဖို့ စီစဉ်ထားတယ်လို့ ဘန်ကောက်ပိုစ့် သတင်း စာမှာ ဖော်ပြပါတယ်။ ထိုင်းမီဒီယာရဲ့ ဖော်ပြချက်အရ ထိုင်းအစိုးရဟာ ကပ္ပလီပင်လယ်ပြင်ကမ်းရိုးတန်း တစ်လျှောက် မှာရှိတဲ့ ခရိုင် ဒေသန္တရတွေမှာ ခရီးသွားကဏ္ဍမြှင့်တင်ဖို့ အခြေခံအဆောက်အအုံ စီမံကိန်းကို ရေးဆွဲထားပြီးဖြစ်တယ် လို့ သိရပါတယ်။ အဲဒီနေရာတွေက ဖူးခက်၊ ဖန်ငါးနဲ့…

နေထိုင်စရိတ်မြင့်တက်လာတဲ့ ပြည်သူတွေအတွက် မလေးအစိုးရကူညီမယ်

ကွာလာလမ်ပူ၊ အောက်တိုဘာ(၁) မလေးရှားနိုင်ငံမှာ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အစိုးရက အကောင်းဆုံးလုပ်ဆောင်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားခဲ့ပါတယ်။ လူနေမှုကုန်ကျစရိတ်တွေ မြင့်တက်လာမှုဟာ လူတိုင်းရဲ့အခက်အခဲတွေအဖြစ် မစ္စတာအန်ဝါက အသိအမှတ် ပြုပြောဆိုခဲ့တာပါ။ “ပြဿနာရှိနေတာကို ကျွန်တော်ဝန်ခံတယ်။ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိနေတယ်” လို့ နှစ်ပတ်လည် အခမ်းအနား တစ်ခုကို…

တရုတ်ရုပ်ရှင် No More Bets ကို မြန်မာစစ်ကောင်စီ အမျက်ရှနေ

ရန်ကုန်၊ အောက်တိုဘာ(၁) လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေအကြောင်း ရိုက်ကူးထားတဲ့ တရုတ်နိုင်ငံ အတွင်း ရေပန်းစားတဲ့ ရုပ်ရှင် No More Bets ကို မြန်မာစစ်ကောင်စီက သူတို့ရဲ့ဂုဏ်သိက္ခာညှိုးနွမ်း စေတာကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ စက်တင်ဘာ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။ တရုတ်ရုပ်ရှင် No More Bets ရဲ့ ထွေလာပြကွက်တွေထဲမှာတော့ ကွန်ပျူတာ…

ဝန်ထမ်းတွေကို လစာအပိုထောက်ပံ့ကြေး ကျပ်သုံးသောင်း တိုးပေးမယ်လို့ စစ်ကောင်စီ ကြေညာ

နေပြည်တော် – စက်တင်ဘာ(၃၀) တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မတော်သားတွေကို လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ်သုံးသောင်းနှုန်း ခံစားခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက စက်တင်ဘာ (၃၀) ရက်နေ့မှာ ကြေညာပါတယ်။ ဝန်ထမ်းတွေကို လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေး ကျပ်သုံးသောင်း တိုးမြှင့်ပေးမှုဟာ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးသက်သာချောင်လည်မှု ရရှိစေဖို့အတွက် ရည်ရွယ်လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင်…

စစ်ခေါင်းဆောင်နဲ့ KNU ဥက္ကဋ္ဌဟောင်းလာရောက်တွေ့ဆုံတယ်လို့ ထုတ်ပြန်

နေပြည်တော် – စက်တင်ဘာ(၃၀) ကရင်အမျိုးသားအစည်းအရုံးKNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးဦးဆောင်တဲ့ အဖွဲ့ဟာ ဒီနေ့ စက်တင်ဘာလ(၃၀) ရက်နေ့ မနက်ပိုင်းက နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ လာရောက်တွေ့ဆုံခဲ့တယ်လို့ ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြထားပါတယ်။ တွေ့ဆုံပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီတာဝန်ရှိ သူတွေတက်ရောက်ခဲ့ပြီး KNU ဘက်မှာတော့ စောမူတူးစေးဖိုးနဲ့ KNU ဗဟိုကော်တီဝင်ဟောင်း ဖြစ်သူ…

၅၀ နဲ့ ၁၀၀ တန်တွေ ဖျက်သိမ်းသည့် သတင်းအမှားထွက်ပေါ် (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ “ငါးဆယ်တန်၊တစ်ရာတန် ငွေစက္ကူများအား တရားဝင်ငွေကြေးအဖြစ်မှ ရပ်စဲဆိုတဲ့ အမိန့်စာအတု” ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စက်တင်ဘာလ၂၉ ရက်နေ့က…

စစ်ကောင်စီ ဖလပ်ရေယာဉ်(၈) စီးမုံရွာမြို့အနီးရောက်ရှိနေ

မုံရွာ – စက်တင်ဘာ(၃၀) စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်းကို ဆင်ဖြူရှင်တံတားမှ အထက်သို့ ဆန်တက်လာတဲ့ စစ်ဖလပ်ရေယာဉ်(၈) စီးဟာ မုံရွာမြို့အနီးကို ဒီနေ့ စက်တင်ဘာလ(၃၀) ရက်နေ့ နေ့လည်ပိုင်း မှာရောက်ရှိနေတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီ စစ်ရေယာဉ်ဟာလမ်းတစ်လျှောက်မှာလည်း လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်နေတဲ့အတွက် မြစ်ကမ်းဘေးမှာနေတဲ့ပြည်သူတွေသတိထားကြဖို့လည်း အသိပေးထားပါတယ်။ လက်တလော မြေပြင်အခြေအနေနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်အနေနဲ့ ဒေသခံတွေကို ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့တော့…

ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာကျောင်း (မြင်းခြံ)နဲ့ဆက်သွယ်မေးမြန်းချက်

“တာဝန်ရှိပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေ၊အသင်းအပင်းတွေက တာဝန်မဲ့တယ်လို့ ခံစားနေရတဲ့အတွက် ကျွန်တော်တို့ ကတာဝန်သိတဲ့အတွက် (ထမင်းတစ်နပ် ၁၅ဘတ်အစီအစဉ်)ကို တစ်ပိုင်တစ်နိုင် စတင် ဆောင်ရွက်တာပါ” အာဏာသိမ်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထွက်ပြေးခိုလှုံနေရတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ထမင်းတစ်နပ် ၁၅ ဘတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ထမင်းတစ်နပ် ၁၅ ဘတ် အစီအစဉ်…