August 22, 2023

ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ဟွန်ဆန်ရဲ့သားကို ပါလီမန်က ရွေးချယ်အတည်ပြု

ဖနွမ်းပင်၊ သြဂုတ်(၂၃) ကမ္ဘောဒီးယား ပါလီမန်က သြဂုတ်လ ၂၂ ရက်နေ့မှာ ဟွန်ဆန်ရဲ့ အကြီးဆုံးသားဖြစ်သူကို နိုင်ငံရဲ့ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခဲ့ပြီး လွန်ခဲ့တဲ့လအတွင်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပြီးမှာပဲ အာဏာလွှဲပြောင်းခဲ့ပါတယ်။ ပါလီမန်အစည်းအဝေးမှာ ဟွန်မနတ်ကို ဝန်ကြီးချုပ်အဖြစ် တညီတညွတ်တည်း ထောက်ခံခဲ့ တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဟွန်ဆန်ရဲ့ပါတီ CPP Cambodian People’s Party ဟာရွေးကောက်ပွဲမှာ…

ဖူကူရှီးမားရေဆိုးစွန့်မှုနောက်ဆက်တွဲအဖြစ် ဂျပန်ရေထွက်ကုန်တင်သွင်းမှု ဟောင်ကောင် ရပ်ဆိုင်း

တိုင်ပေ – ဩဂုတ်(၂၃) ဂျပန်နိုင်ငံ၊ ဖူကူရှီးမားနျူကလီးယားစက်ရုံရဲ့ ရေဆိုးတွေကို သမုဒ္ဒရာထဲ စွန့်ထုတ်မယ့်အစီအစဉ် ကြောင့် ဂျပန်ရဲ့ နေရာ(၁၀)ခုက ရေထွက်ကုန်တင်သွင်းမှုကို ဟောင်ကောင်က တားမြစ်လိုက် တယ်လို့ အစိုးရဝန်ကြီးတစ်ဦးက ပြောပါတယ်။ ဖူကူရှီးမားကပ်ဘေးကျရောက်ပြီး(၁၂)နှစ်အကြာမှာ နျူစက်ရုံရဲ့ အိုလံပစ်ရေကူးကန်(၅၀၀) ကျော်အကျယ်ရှိတဲ့ ရေပမာဏကို ပင်လယ်ထဲ တဖြည်းဖြည်းထုတ်လွှတ်မှုဟာ ဘေးကင်း တယ်လို့ ကုလသမဂ္ဂအဏုမြူအေဂျင်စီက ဆိုထားတာပါ။ ဟောင်ကောင်ရဲ့ ဂျပန်ရေထွက်ကုန်တွေကို…

တရုတ်ဗဟိုအစိုးရက ဒေသန္တရအစိုးရတွေရဲ့ ကြွေးမြီးတွေကို ကူညီဖြေရှင်းပေးမယ်လို့ပြော

ပေကျင်း – ဩဂုတ်(၂၃) တရုတ်နိုင်ငံဒေသန္တရအစိုးရတွေရဲ့ ကြွေးမြီးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့တွေ ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ ဗဟိုဘဏ်က ဩဂုတ်လ(၂၀) ရက် နေ့က ထုတ်ပြန်ထားပါတယ်။ People’s Bank of China (PBOC) တရုတ်ပြည်သူ့ဘဏ်ရဲ့ အစည်းအဝေးတစ်ရပ်အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အိမ်ခြံမြေအပေါ်မှီခိုနေရတဲ့ တရုတ်ရဲ့ အကျပ်အတည်းဟာ ဘဏ္ဍာရေး စနစ်ထဲကို စိမ့်ဝင်လာနေတဲ့အတွက် စိုးရိမ်မှုတွေမြင့်တက်လာတဲ့အချိန်မှာ…

(RCSS) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး အုမ်ခေး နဲ့ ဆက်သွယ်မေးမြန်းချက်

”NCA ကပျက်ပြယ်သွားပြီလို့လည်း မပြောနိုင်သေးဘူး။ လက်နက်အင်အားနဲ့ အဖြေရှာတဲ့နည်းလမ်းကြောင့်မို့ ပိုမိုပြီးတော့ ပြည်တွင်းမီးတွေ တောက်လောင်နေတာ” တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဟာ သြဂုတ် ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ဗဟိုဌာနချုပ် လွယ်တိုင်လျဲန်မှာ ၆ လပတ် အစည်းအဝေးတစ်ရပ် ခေါ်ယူ ကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးပြီးနောက် RCSS ရဲ့ ရပ်တည်ချက်အပါအဝင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာနဲ့…

NUG နွေဦးဘဏ်မှာ အမေရိကန်ဒေါ်လာ သိမ်းဆည်းအပ်နှံနိုင်တယ်လို့ အသိပေး

မော်လမြိုင် – ဩဂုတ်(၂၂) အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးဘဏ်မှာ အမေရိကန်ဒေါ်လာ အလွယ်တကူ အပ်နှံ သိမ်းဆည်းနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ အမေရိကန်ဒေါ်လာ လက်ဝယ်သိမ်းထားဖို့ စိတ်မချသူတွေ၊ ဒေါ်လာအလွယ်တကူ ဝယ်ယူဖို့ နေရာမရှိသူတွေအနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်တယ်လို့ ဆိုထားတာပါ။ နွေဦးဘဏ်မှာ စာရင်းဖွင့်လှစ်ပြီး လိုသလောက် အမေရိကန်ဒေါ်လာဝယ်ယူကာ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားပြီး မိမိတို့ ဆန္ဒရှိတဲ့ အချိန်လွယ်ကူစွာပြန်လည်ရောင်းချနိုင်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။…

စစ်အာဏာသိမ်း (၉၃၂)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၉၆၅ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၂၂) AAPP ရဲ့ သြဂုတ်(၂၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၃၂)ရက်အတွင်း ပြည်သူ (၃၉၆၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၃၇၁ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၁၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်ရင် အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

နေပြည်တော်၊ သြဂုတ်(၂၂) ခွင့်ပြုချက် ဒါမှမဟုတ် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေတွေ လက်ဝယ်ကိုင်ဆောင်ထားတာကို စိစစ်တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က သြဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းနေထိုင်သူတစ်ဦးဟာ တရားဝင်နည်းလမ်းနဲ့ ရရှိထားတဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ ဒါမှမဟုတ် အဲဒီငွေနဲ့ညီမျှသော ငွေထက်မပိုတဲ့ နိုင်ငံခြားငွေတွေကို လက် ခံရရှိတဲ့နေ့မှစပြီး…

ထိုင်းဘတ်ငွေ မြင့်တက်မှုကြောင့် လက်နက်ခဲယမ်းဝယ်ယူဖို့ အခက်အခဲရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေပြော

ဒီးမော့ဆို၊ သြဂုတ်(၂၂) အာဏာသိမ်း စစ်ကောင်စီက မြန်မာကျပ်ငွေ ၂၀,၀၀၀ တန် ရိုက်နှိပ်ထုတ်ဝေပြီးနောက်ပိုင်း ထိုင်းဘတ်ငွေဈေးဟာ တရိပ်ရိပ်နဲ့ အဆမတန် မြင့်တက်လာတဲ့အတွက် လက်နက်ခဲယမ်းဝယ်ယူဖို့ အခက်အခဲရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းဘတ်ငွေမြင့်တက်မှုကို ထိန်းချုပ်ဖို့နဲ့ ဒေါ်လာသုံးစွဲမှုလျှော့ချဖို့ ရည်ရွယ်ပြီး စစ်ကောင်စီဗဟိုဘဏ်က ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု ဆောင်ရွက်နိုင်တဲ့ ငွေကြေးအဖြစ် သြဂုတ် ၁၄ ရက်နေ့မှာ…