ကျိုက်ထိုမြို့ရှောင်လမ်းမှာ အမျိုးသား ၁ ဦး လုယက်သတ်ဖြတ်ခံရ

0
3065

ကျိုက်ထို၊ ဧပြီ(၁)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ မြို့ရှောင်လမ်းမှာ မတ် ၃၁ ရက်နေ့ မနက်က အမျိုးသား ၁ ဦး လုယက်သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနက် ၁၀ နာရီအချိန်လောက်မှာ ကျိုက်ထိုမြို့၊ အောင်မင်္ဂလာရပ်ကွက် ၂ လမ်းနေ အသက် ၄၀ အရွယ် ကိုမင်းမင်းကို ကျိုက်ထိုမြို့ရှောင်လမ်းဘေးမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန် လည်တွေ့ရှိခဲ့တာပါ။

ဆိုင်ကယ်အရောင်းအဝယ်အပြင် ဆိုင်ကယ်တက္ကဆီမောင်းသူ ကိုမင်းမင်းဟာ ဆိုင်ကယ်ဝယ်ဖို့ တစ်ဦးတည်း ထွက်လာစဉ် မြို့ရှောင်လမ်းမှာ လုယက်သတ်ဖြတ်ခံလိုက်ရတာပါ။

ကိုမင်းမင်းဟာ လုယက်သတ်ဖြတ်ခံရတာကြောင့် ဝမ်းဗိုက်၊ လည်ပင်းနဲ့မျက်နှာတွေမှာ ဓါးဒဏ်ရာတွေနဲ့ သေ ဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တဲ့အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ပေးထားပါတယ်။

လုယက်သတ်ဖြတ်ခံရလို့ ကိုမင်းမင်းထံမှာ ပါသွားတဲ့ ငွေကျပ် ၃၅ သိန်း၊ ရွှေ ၂ ကျပ်သားကျော် ဆွဲကြိုးတစ်ကုံးနဲ့ ဖုန်းတစ်လုံးပါသွားပြီး လုယက်သူတွေကတောာ့ လွတ်မြောက်နေတယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့၊ မြို့ရှောင်လမ်းမှာ မကြာခဏဆိုသလို ချိန်းတွေ့တဲ့အတွဲတွေနဲ့ လမ်းသွားလမ်းလာသူတွေ လုယက်ခံနေရပြီး ဆိုင်ကယ်၊ ဖုန်း၊ ရွှေထည်တွေနဲ့ဖုန်းတွေပါသွားသလို အသက်သေဆုံးသူတွေလည်း ရှိနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Saw Ba Maung

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.