ကျောင်းသူတွေကို အဆိပ်ခတ်ခဲ့သူတွေအတွက် သေဒဏ်ချမှတ်ပေးဖို့ အီရန်ခေါင်းဆောင် တစ်ဦး တောင်ဆို

0
5477

တီဟီရန် – မတ်(၈) 

အီရန်နိုင်ငံမှာ ရာနဲ့ချီတဲ့ ကျောင်းသူတွေကို အဆိတ်ခတ်သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးဖို့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက တောင်းဆိုခဲ့ပြီး ဒီဖြစ်ရပ်ဟာ လုံးဝခွင့်မ လွှတ်နိုင်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက အီရန်အာဏာပိုင်တွေဟာ အဆိပ်သင့်မှုဖြစ်ပွားခဲ့တဲ့အတွက် နိုင်င့တဝှမ်းကရာနဲ့ချီတဲ့ ကျောင်းသူတွေ နာမကျန်းဖြစ်စေခဲ့တဲ့ အဆိပ်သင့်မှုလို့ အသိအမှတ်ပြု ချက်ထုတ်ပြန်စည် အခုလိုမှတ်ချက်ထွက်ပေါ်လာတာပါ။ 

“ကျောင်းသူလေးတွေကို အဆိပ်ခတ်မှုလို့ သက်သေပြနိုင်ရင် ဒီရာဇ၀တ်မှုရဲ့ နောက်ကွယ်က သူတွေကို ထောင်ဒဏ် ချမှတ်သင့်ပြီး သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ မဟုတ် ပါဘူး” လို့ ခါမေနီက အဆိပ်ခတ်မှုနဲ့ ပတ်သက်ပြီး ပြောခဲ့တယ်လို့ CBS News မှာဖော်ပြထား ပါတယ်။ 

ဒီဖြစ်ရပ်ဟာ အီရန်နိုင်ငံတစ်ဝှမ်းက ပည်နယ်(၂၁) ခုမှာရှိတဲ့ စာသင်ကျောင်း(၅၀) ကျော်နဲ့ ကျောင်းသူ(၄၀၀) ကျော်ကို ထိခိုက်ခဲ့ပြီးတချို့သော နိုင်ငံရေးသမားတွေက မိန်းကလေးတွေရဲ့ ပညာရေးကို ဆန့်ကျင်တဲ့ ဘာသာရေးအစွန်းရောက်အုပ်စုရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားပါ တယ်။ 

ဒါပေမယ့် အဆိပ်သင့်မှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး တမင်လုပ်ဆောင်တာရှိမရှိနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အနည်းငယ်သာ သိရှိရပြီး အီရန်မှာ အမျိုးသမီး ပညာရေးကို ပစ်မှတ်ထားတဲ့ ဘာသာရေးအစွန်းရောက်တွေဟာ အရင်ကလုပ်ဆောင်ဖူးတာမရှိဘူးလို့ သိရပါ တယ်။ 

အီရန်ပြည်ထဲရေးဝန်ကြီး အာမတ်ဗာဟီဒီက တချို့ကျောင်းတွေမှာ သံသယဖြစ်ဖွယ် တွေကို သိမ်းဆည်းထားပြီး အာဏာပိုင်တွေကို ရည်ညွှန်ပြောဆိုတာတွေရှိပေမယ့် တွေ့ရှိထားတဲ့ အရာ တွေကို အသေးစိတ်ဖော်ပြထားတာမရှိဘဲ အစိုးရ ရန်သူတွေကို အကြောက်တရားဖြန့်ကျက်ဖို့ ကြိုးပမ်းနေတာဖြစ်တဲ့အတွက် ပြည်သူတွေ တည်ငြိမ်ကြဖို့ တိုက်တွန်းထားပါတယ်။ 

ကျောင်းသားမိဘတွေကတော့ အရေးပေါ်ခန်းက ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်တင်ကာ ခေါင်းကိုက်တာ၊နှလုံးတုန်တာ၊အသက်ရှုကြပ်တာ၊ပျို့အန်တာ၊မူးဝေတာနဲ့ ထုံထိုင်းတာတွေ ခံစားနေရတယ်လို့ ရေးသားထားပါတယ်။ 

“အရမ်းဆိုးတဲ့ အနံ့အသက်က ရုတ်တရက် ပျံ့သွားတယ်၊ ကျမ မူးလဲပြီး မြေပေါ်လဲကျသွား တယ်” လို့ ကျောင်းသူတစ်ဦးက CBS သတင်းဌာနသို့ ပြောပြပါတယ်။ 

ဒါ့အပြင် အနောက်ပိုင်း ဘိုရူဂျာ့ချ်မြို့ရှိ ဆေးရုံတစ်ရုံက အရေးပေါ်ဆရာဝန်တစ်ဦးကလည်း ကျောင်းသား အများစုဟာ ခေါင်းကိုက်တာ၊အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ထုံထိုင်းတာ၊ ပျို့အန်တာနဲ့ သွေးပေါင်ကျတဲ့ လက္ခဏာတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ 

နိုင်ငံရဲ့ ဦးခေါင်းဖုံးဥပဒေတွေကို ချိုးဖောက်မှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဉ် မာရှာ အမ္မနီသေဆုံးမှုနဲ့ ပတ်သက်တဲ့ သံယရှိ တန်ပြန်တိုက်ခိုက်မှုတွေဟာ လပေါင်းများစွာကြာတဲ့ ဆန္ဒပြမှုတွေအတွင်း ပေါ်ပေါက်လာတာဖြစ်ပါတယ်။ 

ဆန္ဒပြပွဲတွေကို ကျောင်းသူတချို့ ပါဝင်ခဲ့ပြီး အဲဒီမိန်းကလေးတွေဟာ သူတို့ရဲ့ ထွက်ဆိုမှုတွေ အတွက် တန်ပြန်ပေးဆောင်နေရတာဖြစ်တယ်လို့ နယူးယောက်အခြေစိုက် အီရန်-အမေရိကန် တက်ကြွလှဒပ်ရှားသူ မာဆီ အယ်လီနာဂျက်က ပြောပါတယ်။ 

“အခုတော့ အီရန်က မိန်းကလေးတွေဟာ မဝတ်မနေရ ဟီဂျပ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့အတွက် အစိုးရရဲ့ အဆိပ်ခတ်ခြင်းကို ခံခဲ့ရပါတယ်” လို့ သူမရဲ့ တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အီရန်အမျိုးသား တော်လှန်ရေးကောင်စီရဲ့ ရွေးကောက်ခံခေါင်းဆောင် မာရီယမ် ရာဂျာဗီက ခါမေနီရဲ့ မီဒီယာမှာ တုံ့ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး အဆိပ်ခတ်မှုတွေအတွက် အပြစ်တင်ဖို့ ကြိုးပမ်း နေတာဖြစ်တယ်လို့ ဆိုပါတယ်။  

“နောက်ကျမှ ခါမေနီ နိုးလာပြီး အုံကြွမှုဖြစ်မှာကြောက်လို့ ကျောင်းသူလေးတွေကို အဆိပ်ခတ်မှုအား တခြားသူတွေကို အပြစ်တင်ဖို့ ကြိုးပမ်းနေတယ်၊ အဲလိုမှမဟုတ်ရင် ခါမေနီက ကုလသမဂ္ဂကို ဖွဲ့စည်းဖို့ တောင်းဆိုထားတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမစ်ရှင်ရဲ့ ခရီးစဉ်ကို လက်ခံရမှာ ဖြစ်တယ်၊ ဒီကြားထဲမှာတော့ ငါတို့ရဲ့ ဆန္ဒပြပွဲတွေကို အရှိန်မြှင့်ရမယ်”လို့ သူမက ပြောခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ အီရန်ပညာရေးဝန်ကြီးက မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးအနက် ထားပြီး ဒီဖြစ်စဉ် ကိုစောင့်ကြည့်နေတယ်လို့ ဆိုထားပါတယ်။ 

အီရန်ထိပ်တန်းနိုင်ငံရေးသမား အဘ်ဒိုလာ ဂျာဗာဒီ အမ်မိုလီက တာဝန်ရှိသူတွေအနေနဲ့ ပြဿနာ ကိုအမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆိုထားသလို နိုင်ငံတော်က အာမခံချက်ပေးဖို့နဲ့ ကျောင်းသူ တွေရဲ့ အဆိပ်သင့်မှု ဇစ်မြစ်ကို မဖော်ထုတ်နိုင်သေးတာနဲ့ ပတ်သက်ပြီး တုန်လှုပ်မိတယ်လို့ ပြော ထားပါတယ်။

Ref: Fox News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.