တရုတ်ပိုင်သတ္တုထုတ်လုပ်ရေးလုပ်ငန်းစု ကို ဩစတြေးလျအစိုးရ ပိတ်ဆို့အရေးယူ

0
2487

ကန်ဘာရာ – မတ်(၈) 

ကမ္ဘာ့မြေရှား သတ္တုအကြီးစားထုတ်လုပ်တဲ့ တရုတ်ပိုင် ယူရှောင်လုပ်ငန်းစုကို ဩစတြေးလျ နိုင်ငံရဲ့ ထုတ်လုပ်ကွက်တွေမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လိုက်တဲ့အတွက် အဲဒီကုမ္ပဏီကို ပိတ်ဆို့ အရေးယူလိုက်တယ်လို့ ဩစတြေးလျ၊New South Wales အခြေစိုက် Northern Minerals ကုမ္ပဏီက ပြောပါတယ်။ 

ယူရှောင်လုပ်ငန်းစုဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ဆီကို ဩစတြေးလျ နိုင်ငံအတွင်း သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို (၉.၉၂) ရာခိုင်နှုန်းကနေ (၁၉.၉) ရာခိုင်နှုန်းအထိ တိုးမြှင့် ပေးဖို့ တောင်းခံခဲ့ပြီး အစိုးရဘက်က ဘဏ္ဍာထိန်း ဂျင်မ် ချယ်လ်မာစ် လက်မှတ်ရေးထိုးထားတဲ့ ကာကွယ်တားဆီးရေး အမိန့်တစ်ရပ် ကို ထုတ်ပြန်ခဲ့တာပါ။ 

အဲဒီကုမ္ပဏီဟာ စင်္ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားပြီး တရုတ်နိုင်ငံသား မစ္စတာဝူယူရှောင်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တောင်အာဖရိက မိုဇမ်ဘစ်ဒေသက အဆင့်နိမ့်မြေရှား သတ္တုတူးဖော် ရေးလုပ်ကွက်တွေကို ပိုင်ဆိုင်ထားကာ တရုတ်နိုင်ငံကို ထောက်ပံ့နေတဲ့ တူဖော်ရေးလုပ်ငန်းတွေ ပိုင်ဆိုင်ထားတယ်လို့ Northern Minerals အမှုဆောင်ဥက္ကဋ္ဌ နစ်ခ်ကာတစ်စ်က ရိုက်တာကို ပြောပါတယ်။ 

“အဲ့ဒီဟာတွေက ဘယ် အစိုးရအတွက်မဆို အမျိုးသားအကျိုးစီးပွားအရ ကာကွယ်ဖို့ လိုအပ်တဲ့ အထူးပိုင်ဆိုင်မှု အမျိုးအစားပါ” လို့ မစ္စတာ ကာတစ်စ်က ပြောခဲ့ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ကွက်တိုးတောင်းတဲ့ တရုတ်ပိုင် ယူရှောင်လုပ်ငန်းစုကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အကြံပေးချက် အရ ပိတ်ဆို့ရေးလုပ်ငန်းတွေအတွက် တာဝန်ယူလုပ်ကိုင်ရတဲ့ ဩစတြေးလျ ဘဏ္ဍာထိန်း ဦးစီးဌာန ကလည်း မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆိုထားပါတယ်။ 

ဩစတြေးလျ နိုင်ငံမြေပေါ်မှာရှိတဲ့ တရုတ်ပိုင် ရင်းနှီးမြှုပ်နှံမှုကို မကြာသေးခင်က ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုအတွက် တရုတ်အစိုးရက ဩစတြေးလျအစိုးရကို ဝေဖန်ခဲ့ပြီး အဲဒီလုပ် ဆောင်ချက်ဟာ သံတမန်ရေးကို နှစ်ပေါင်းများစွာ ရပ်တန့်စေလောက်တဲ့အထိ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ 

တရုတ်အစိုးရက ဩစတြေးလျ ပြည်ပပို့ကုန်တွေအပေါ် ကုန်သွယ်တားမြစ်ချက်တွေ ကျန်ရှိနေ ပေမယ့် (၂) နိုင်ငံဆက်ဆံရေးဟာ တင်းမာတဲ့ အခြေအနေတွေပြီးနောက် တိုးတက်နေတယ်လို့ သိရပါတယ်။ 

ဩစတြေးလျနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး လစ်တီယမ်ထောက်ပံ့သူဖြစ်သလို မြေရှားသတ္တုတွေ ကိုအဓိကထုတ်လုပ်သူလည်း ဖြစ်တဲ့အတွက် နိုင်ငံရဲ့ အရေးကြီးတဲ့ တွင်းထွက် သယံဇာတ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံခွင့်ပြုမယ့်သူတွေကို ပိုမိုရွေးချယ်ရမယ်လို့ ဘဏ္ဍာထိန်းအရာရှိ ချယ်လ်မာစ်က ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာ ပြောထားပါတယ်။ 

သယံဇာတကဏ္ဍအတွင်းမှာရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာတော့ ဩစတြေးလျ ဝန်ကြီးချုပ် အယ်လ်တိုနီ အယ်လ်ဘန်းနိစ့် က ဘယ်လို အပေးအယူတွေအတွက် မဆို အကျိုးအပြစ်စဉ်းစားထားတယ်လို့ ဆိုခဲ့ပြီး မြေရှားသတ္တုနဲ့ တခြားအရေးကြီး တွင်းထွက် ပစ္စည်းတွေကို ဩစတြေးလျနိုင်ငံအတွင်း ဘက်ထရီထုတ်လုပ်ရေးအတွက် အသုံးပြုဖို့ ဦးစား ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.