အင်ဒိုနီးရှားမှာ မြေပြိုမှုကြောင့် ၁၁ ဦးသေဆုံးပြီး လူပေါင်းဒါဇင်နဲ့ချီပျောက်ဆုံးနေ

0
5702

ဂျာကာတာ၊ မတ်(၈)

အင်ဒိုနီးရှားနိုင်ငံ နာကျူနာဒေသမှာ မတ်(၇)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး မြေပြိုမှု ကြောင့် အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့ကာ လူပေါင်းဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်း နိုင်ငံရဲ့ ဘေးအန္တရာယ်လျှော့ ချရေး အေဂျင်စီက ပြောပါတယ်။

ခန့်မန်းခြေ လူ ၁၁ ဦးသေဆုံးထားပြီး လူ ၅၀ကျော် ပျောက်ဆုံးနေတယ်လို့  ဒေသတွင်း ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Kompas TV ကို ဘေးအန္တရာယ်ဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားထားတာပါ။

ဒါ့အပြင် ရီအာကျွန်းခရိုင်ဒေသန္တရရှိ ဘေးအန္တရာယ်အာဏာပိုင်တစ်ဦးကတော့ သေဆုံးနှုန်းတွေ မြင့်တက်နိုင် ပြီး ဧရိယာအတွင်းရှိ ဆက်သွယ်ရေးအခြေနေတွေဟာလည်း ဆိုးရွားလျှက်ရှိတယ်လို့ ပြောပါတယ်။

 “ရာသီဥတုက ပြောင်းသွားပါပြီ။ လေတိုက်တာကတော့ ကြမ်းနေတုန်းပါပဲ။ ဒီရေလှိုင်းတွေလည်း တက်နေပါပြီ” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဘေးအန္တရာယ်လျှော့ပါးရေးအေဂျင်စီရဲ့ ပြောကြားချက်အရ အသက်ရှင်ကျန်ရစ်သူများအားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး အဲဒီဧရိယာကိုလည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ထားပြီလို့ သိရပါတယ်။

အေဂျင်စီက ထုတ်ပြန်တဲ့ သတင်းဓါတ်ပုံတွေထဲမှာတော့  မိုးသည်းထန်စွာရွာနေချိန် များပြားလှတဲ့ ရွှံ့နွံမြေကြီးတွေဟာ အိမ်ခေါင်းမိုးတွေနဲ့ သစ်ပင်တွေပေါ်ကို  ဖုံးလွှမ်းသွားတာကို မြင်တွေ့ရပါတယ်။

အခုမြေပြိုမှုဖြစ်ပေါ်တဲ့ဧရိယာဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ နာကျူနာမြို့တော်မှ ၅ နာရီကြာ လှေစီးသွား ရောက်ရတဲ့ ဝေးလံခေါင်ဖျားတဲ့ ကျွန်းပေါ်မှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Ref, Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.