အွန်လိုင်းပညာရေး Burma Academy အဖွဲ့ဝင် ကိုမင်းခန့်ကျော်လင်းနဲ့ ဆက်သွယ်မေးမြန်းချက်။

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု ထည့်သွင်းသင်ကြားနေတဲ့အတွက် ကိုယ်ပိုင်ကျောင်း တွေနဲ့ပတ်သက်တဲ့ စည်းကမ်း၊ဥပဒေတွေကို ထုတ်ပြန်ဖို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ကရင်ပြည်နယ်၊ ခရိုင်ပညာရေး မှူးတွေ အားလုံးကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ညွှန်ကြားလာပါတယ်။

အဲဒီညွှန်ကြားချက်မှာ ပုဂ္ဂလိက ပညာရေးဥပဒေကို ရေးဆွဲထုတ်ပြန်ပြီးရင် အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု ထည့်သွင်းသင်ကြားတာနဲ့ အခြားမလိုလားသော သင်ကြားမှုတွေကို ထိရောက်စွာဟန့်တား အရေးယူဆောင် ရွက်နိုင်မယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီက ဘာကြောင့် ဒီမိုကရေစီသင်ကြားမှုကို တားမြစ်ကန့်သတ် တာလဲ။ ဒီတားမြစ်မှုဟာ ပုဂ္ဂလိကကျောင်းတွေအပြင် တိုင်းရင်းသားဘာသာအခြေပြု ကျောင်းတွေနဲ့ကောလိပ် တွေအပေါ်မှာ သက်ရောက်မှု ရှိနိုင်မလား။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အွန်လိုင်းပညာရေး Burma Academy အဖွဲ့ဝင် ကိုမင်းခန့်ကျော်လင်းနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး စစ်ကောင်စီပြောတဲ့ “အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု”ဆိုတာ ဘာကိုဆိုလိုတာလဲ၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုကို ရောယှက်လိုက်တဲ့ သဘောများလား။ သုံးသပ်ပေးပါဦး။

ဟုတ်ကဲ့အဓိကကတော့ဗျာ။ ကျွန်တော်တို့ဗမာပြည်သင်ရိုးမှာဆိုရင်တော့ စာရိတ္ထနဲ့ပြည်သူနိတိတို့ပါပဲ။ ဒီမိုက ရေစီနိုင်ငံတွေမှာ အသိအမှတ်ပြုတဲ့ သင်ရိုးတွေမှာပေါ့၊ လူလူချင်းချစ်တတ်ဖို့၊ ဒီမိုကရေစီယဉ်ကျေးမှုဆိုတာ ဘာလဲ၊ လူ့အခွင့်အရေးဆိုတာဘာလဲ။ အဓိကထားပြီးတော့ သူတို့ဘက်ကအဲဒီလိုမျိုးထားခဲ့ကြတယ်ပေါ့လေ။ သူတို့ပြောတဲ့ အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှု ဆိုတာတော့ စစ်ကောင်စီဘက်က ဒါစွပ်စွဲပြောဆိုတာပေါ့။ သူတို့က ထုံးစံအတိုင်း အနောက်အုပ်စုကို မုန်းတယ်ပေါ့။ ဒီမိုကရေစီဆိုတာ အနောက်အုပ်စုက လာတယ်ပေါ့။ သူတို့ကထင်တယ်။ ဘာလို့ဆို သူတို့ကိုယ်တိုင် ဖက်စစ်ဖြစ်နေတာ။ ကျွန်တော်ကတော့ အဲဒီလိုသုံးသပ်ရတယ် ၊ပြောရရင် ဒီသင်ရိုးတွေမှာ ပါတဲ့ဟာတွေကတော့ ဒီမိုကရေစီကို အဓိကထားပြီး သင်ကြားတယ်လို့ ပြောလို့ရ ပါတယ်။

-စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေပေါ် ဘာကြောင့် ဒီလိုမျိုး ညွန်ကြားချက်ထုတ်ပြန်ရတာလဲ။ အစိုးရမဟုတ်တဲ့ ပုဂ္ဂလိကကျောင်းတွေကို လွှမ်းမိုးချုပ်ကိုင်ချင်တဲ့ သဘော များလား။

သူတို့က ပုဂ္ဂလိကကျောင်းတွေကို နဂိုတည်းကလည်း လွှမ်းမိုးဖို့ ကြိုးစားနေတာကြာပြီ။ ပုဂ္ဂလိကကျောင်းတွေ ကိုယ်တိုင်ကလည်း ပူးပေါင်းကြတဲ့ ကျောင်းတွေလည်း အများကြီးရှိတယ်လို့ သိထားရတယ်။ ပြောရရင် စစ်တပ် ရဲ့ ပညာရေးဌာနနဲ့အတူတူ တွဲပြီးလုပ်နေတဲ့ ပုဂ္ဂလိကကျောင်းတွေလည်း ရှိတယ်။ တချို့ကလည်း တွဲဖက်မ လုပ်ချင်ပေမယ့်လည်း တတ်နိုင်သလောက် ဖယ်ခွာနေတဲ့ ကျောင်းတွေလည်းရှိတယ်။ ဒါပေမယ့် သူတို့ကိုယ် တိုင်ကတော့ ဒါနဂိုတည်းက သူတို့လက်အောက်မှာရှိတဲ့ ကျောင်းတွေပဲလို့ သတ်မှတ်ထားတော့ သူတို့က ဒါ တွေကိုချုပ်ကိုင်ဖို့ ကြိုးစားနေတာလည်း ကြာခဲ့ပြီ။ ပြောရရင်တော့ အရင်တုန်းကတော့ ကျွန်တော်တို့ ပြည်သူ တွေက လမ်းပေါ်ရှိနေတဲ့ အချိန်မှာ မထိန်းချုပ်နိုင်ပေမယ့် အဲဒီအချိန်မှာ သူတို့က သူတို့ရဲ့ ထိန်းချုပ်နယ်မြေမှာ ရှိတဲ့ ကျောင်းတွေကိုတော့ တတ်နိုင်သလောက် ထိန်းချုပ်ပြီးတော့ လုပ်ချင်တာတော့ ကြာပါပြီ။ ဒါစစ်ကျွန်ပညာ ရေးရဲ့ စရိုက်လက္ခဏာတွေပေါ့။

-ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနဲ့ သက်ဆိုင်တဲ့ အင်စတီကျူးရှင်းတွေ မထွန်းကား စေချင်တဲ့ သဘောမျိုး သက်ရောက်နေမလား။ ဘယ်လိုမြင်ပါသလဲ။

စစ်တပ်ကတော့ ဒီခုနကပြောသလိုပါပဲ။ ဒီအနောက်အုပ်စုကို သူတို့မုန်းတယ်။ ဒီမိုကရေစီကိုမုန်းတယ်ပေါ့။ အနောက်အုပ်စုကို မုန်းတာနဲ့ ဒီမိုကရေစီကို မုန်းတာနဲ့မတူဘူးပေါ့။ ဒီမိုကရေစီမုန်းတာက သူတို့ကိုယ်တိုင် ဖက်ဆစ်တွေ ဖြစ်တယ်ပေါ့။သူတို့ကိုယ်တိုင် အာဏာရှင်စနစ်ကို ကျင့်သုံးချင်တဲ့အတွက် သူတို့က

ဒီဟာသည် ဒီမိုကရေစီထွန်းကားတာ သူတို့အတွက် ပြဿနာလို့ သူတို့ထင်ခဲ့တာပေါ့။ အဲဒီအတွက် သူတို့ကအဲဒီလိုမျိုးထင်တယ်။ အနောက်အုပ်စုကတော့ သူတို့မထောက်ခံတဲ့ အစုအဖွဲ့တွေ ဖြစ်နေလို့ သူတို့မုန်းတာပဲ ဒါမျိုး ပြောလို့ရတာပေါ့။ အဲဒီတော့ ပြန်ဆက် ရရင် သူတို့အနေနဲ့ကတော့ နှစ်ခုလုံးကို ပေါင်းပြီးတော့သာ ဆွဲချနေပေမယ့် သူတို့ကိုယ်တိုင်ကြောက်တာတော့ မြန်မာနိုင်ငံမှာ ခေတ် အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုတွေက စစ်တပ်ကို တွန်းလှန်ဖို့ ကျောင်းသားလှုပ်ရှားမှုတွေ အများဆုံးဖြစ်ပေါ်ခဲ့တော့ ကျောင်း တွေကိုတော့ သူတို့အနေနဲ့လန့်တယ်။ ကျောင်းသားတွေဆီမှာ ဒီလိုမျိုးစိတ်ဓာတ်တွေ ထွန်းကားတာ၊ ဒီမိုကရေစီစံနှုန်းတွေကို သိနေတာဟာ သူတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့တော့ ဖော်ပြနေ တယ်လို့ ပြောလို့ရပါတယ်။

-နောက်ဆုံးအနေနဲ့ အခုလုပ်ရပ်ဟာ အစိုးရမဟုတ်တဲ့ ပုဂ္ဂလိကကျောင်းတွေအပြင် တိုင်းရင်းသားဘာသာ အခြေပြု တိုင်းရင်းသားတွေ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေနဲ့ကောလိပ်တွေအပေါ်မှာ သက်ရောက်မှု ရှိနိုင် မလား။

စစ်ကျွန်ပညာရေးရဲ့ စရိုက်လက္ခဏာတွေအရတော့ ဒါတွေကဖြစ်လာမှာပဲပေါ့နော်။ ပြောရရင်တော့ သက် ရောက်မှုက အကြီးကြီးရှိနိုင်တာပေါ့လေ။ ပြောရရင် စစ်တပ်နဲ့မပူးပေါင်းတဲ့ ကျောင်းတွေကတော့ ဘာမှတော့ စိုးရိမ်စရာမရှိဘူး။ လွတ်မြောက်နယ်မြေမှာ ရှိတဲ့ ကျောင်းတွေ နဂိုတည်းက အင်စတီကျူးရှင်းအရ ပူးပေါင်းစ ရာမရှိတဲ့ ကျောင်းတွေအတွက်ကတော့ အဆင်ပြေကောင်းပြေလိမ့်ပေမယ့် မဖြစ်မနေ စစ်တပ်နဲ့ပူးပေါင်းနေရတဲ့ အလုပ်လုပ်ဖို့အတွက် အဲဒီလိုအနေအထားဖြစ်နေတဲ့ ကျောင်းတွေအတွက်ကတော့ သက်ရောက်မှု ကြီးကြီး မားမား ဖြစ်နိုင်တယ်ပေါ့နော်။ သူတို့အတွက်က တော်တော်လေးကို စိုးရိမ်စရာ ရှိတယ်။ ဒါ့အပြင် ဖမ်းတာမျိုးတွေ ရှိလာနိုင်တယ်။ အဲဒီအတွက်ကြောင့် ပညာရေးဖိနှိပ်မှုတစ်ခုလိုလည်း ကျွန်တော်တို့ သတ်မှတ်ပါတယ်။

ကျွန်တော်တို့ကတော့ စစ်တပ်အောက်မှာ ရှိနေတဲ့ ပညာရေးစနစ်ကိုတော့ မလုပ်စေချင်ဘူး။ကျွန်တော်တို့က ကျောင်းသားတွေလည်း CDMလုပ်စေချင်သလို ပုဂ္ဂလိကကျောင်းတွေနဲ့လည်း စစ်တပ်နဲ့ပူးပေါင်းတဲ့ဟာတွေ တတ်နိုင်သလောက်တော့ တတ်နိုင်သလောက် ရှောင်ကြဉ်ပြီးတော့ ဘယ်လိုလုပ်ဆောင်လို့ ရမလဲဆိုတာတော့ တတ်နိုင်သလောက် စဉ်းစားသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.