ရုရှားကိုထောက်ခံရင် တရုတ်မှာရှိတဲ့ရင်းနီးမြှုပ်နှံမှုတွေရပ်ပစ်မယ်လို့ ဘိုင်ဒန်ပြော

0
3490

ဝါရှင်တန် – စက်တင်ဘာ(၂၀) 

တရုတ်သမ္မတရှီကျင့်ဖျင်အနေနဲ့ ရုရှားအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်တာဟာ အလွန်ကြီးမားတဲ့ အမှားတစ်ခုဖြစ်တယ်လို့ သတိပေးထားပြီး ယူကရိန်း ကိုကျူးကျော်ဖို့အတွက် တရုတ်ရဲ့ လက်နက်ထောက်ပံ့ထားတဲ့အရိပ်အယောင်တော့ မတွေ့ရ သေးဘူးလို့ သမ္မတဂျိုးဘိုင်ဒန် ကပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရုရှားနိုင်ငံအိုလံပစ်ပွဲတော်မှာ သမ္မတပူတင်နဲ့ ရှီတို့တွေ့ဆုံပြီး မကြာခင်မှာ တရုတ်ခေါင်းဆောင်နဲ့ ဆက်ပြီးစကားပြောဆိုခဲ့တယ်လို့ ဘိုင်ဒန်က အင်တာဗျူးတစ်ခုမှာ ပြောဆိုထားတာပါ။ 

“သိပ်မကြာခင်မှာဘဲ သမ္မတရှီကို ကျွန်တော်ဖုန်းဆက်ခဲ့တယ်၊ ခြိမ်းခြောက်ဖို့ လုံးဝမလုပ်ဖို့၊ သူ့ကိုပြောချင်တာက ငါတို့အကြိမ်ကြိမ်တွေ့ပြီးပြီလို့ပြောပြီး ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်မှုအပေါ် အခြေခံပြီး အမေရိကန်တွေနဲ့ တခြားသူတွေ တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဆက်သွားနေမယ်လို့ သင်ထင်ရင် ဒီလိုလုပ်ရပ်ဟာ ကြီးမားတဲ့ အမှားတစ်ခုလို့ ကျွန်တော် ထင်ပါတယ်၊ ဒါပေမယ့် ဒါဟာ သင်ရဲ့ ဆုံးဖြတ်ချက်ပဲ” လို့ အမေရိကန်သမ္မတ ဘိုင်ဒင်က ပြောခဲ့ပါတယ်။ 

ဘယ်အချိန်က ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့တယ်ဆိုတာ မဖော်ပြထားပေမယ့် ပြီးခဲ့တဲ့ မတ်လက ခေါင်းဆောင်နှစ်ဦးကြား အမေရိကန်ရဲ့ ခေါ်ဆိုမှုရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ထားကာ ယူကရိန်းမြို့ကြီးတွေနဲ့ အရပ်သားတွေကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့တဲ့ ရုရှားကို တရုတ်က ထောက်ပံ့ကူညီမယ်ဆိုရင်သက်ရောက်မှုနဲ့ နောက်ဆက်တွဲပြဿနာတွေရှိလာနိုင် တယ်လို့ဆိုထားပါတယ်။ 

“အခုထိတော့ ရုရှားက သူတို့လိုချင်တဲ့ လက်နက်တွေ ဒါမှမဟုတ် တခြားပစ္စည်းတွေကို တရုတ်က ထောက်ပံ့ပေးထားတယ်ဆိုတဲ့ အရိပ်အယောင်မျိုး မတွေ့ရသေးပါဘူး” လို့ သမ္မတဘိုင်ဒင်က CBS နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တရုတ်က ချိုးဖောက်တဲ့ အရိပ်အယောင် မတွေ့ရသေးပေမယ့် နှစ် နိုင်ငံကြားစီးပွားရေးဆက်ဆံမှုတွေမှာ အားကောင်းနေပြီး အာရှနိုင်ငံအပေါ် မှီခိုအားထားမှုကို ဖြတ်တောက်ဖို့ semiconductors အပါအဝင် ပြည်တွင်းထောက်ပံ့ရေးကွင်းဆက်တွေ အာမခံ ချက်ရှိစေဖို့ခြေလှမ်းတွေ လုပ်ဆောင်ခဲ့ပြီး အမေရိကန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်တာတွေကို စိစစ်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် သမ္မတဟောင်းဒေါ်နယ်ထရန့်လက်ထက်ကလည်း တရုတ်ပစ္စည်းတွေအပေါ် စည်းကြပ်ခွန်တွေ ဖြေလျှော့တာရှိမရှိနဲ့ပတ်သက်ပြီး ဘိုင်ဒန်က သုံးသပ်တာတွေလုပ်ဆောင်နေ ပါတယ်။ 

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကြောင့် ရုရှားတပ်ဖွဲ့ဝင်တွေကို နိုင်ငံရဲ့ နေရာတချို့ကို ပြန်လည်တွန်း ပို့နေတဲ့အတွက် သမ္မတရှီနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့က ပူတင်ရဲ့ ကျူးကျော်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတယ်လို့ ဖော်ပြထားပါတယ်။ 

တရုတ်ရဲ့ မေးခွန်းတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်တယ်လို့ ရုရှားသမ္မတက ဆိုထားပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီကတော့ ပူတင်ကို လက်ရှိအချိန်ဟာ စစ်ဖြစ်ဖို့မဟုတ်ဘူးလို့ ပြောထားပါ တယ်။ 

Ref: Bloomberg

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.