ရုရှားမှာ ထိန်းသိမ်းခံထားရတဲ့ ဘတ်စ်ကက်ဘောကြယ်ပွင့်ရဲ့ ဇနီးနဲ့ ဘိုင်ဒန်စကားပြောဆို

0
5570
WNBA star and two-time Olympic gold medalist Brittney Griner is escorted to a courtroom for a hearing, in Khimki just outside Moscow, Russia, Friday, July 1, 2022. U.S. basketball star Brittney Griner is set to go on trial in a Moscow-area court Friday. The proceedings that are scheduled to begin Friday come about 4 1/2 months after she was arrested on cannabis possession charges at an airport while traveling to play for a Russian team. (AP Photo/Alexander Zemlianichenko)

ဝါရှင်တန် – ဇူလိုင်(၈) 

အမေရိကန်ပြည်ထောင်စု သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင်လ(၆) ရက်နေ့က ဘက်စကက်ဘော ကစားသမား ဘရစ်တနီဂရင်နာရဲ့ ဇနီးနဲ့ စကားပြောဆိုခဲ့ပြီး သူမကို ရုရှားထိန်းသိမ်းရေး စခန်းကနေလွတ်မြောက်လာစေဖို့ လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ရုရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နှစ်ထပ်ကွမ်း အိုလံပစ်ချန်ပီယံ ဂရီနာဟာ နိုင်ငံအတွင်းကို ဆေးခြောက် Vape ဘူးတွေကို မှောင်ခိုသွင်းလာ တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်(၁၀) နှစ်အထိကျခံရနိုင်တဲ့ အမှုနဲ့ ထိန်းသိမ်းခံထားရတာပါ။ 

“ဒုသမ္မတ ဟာရစ် နှင့်အတူပူးပေါင်း၍ သမ္မတ ဘိုင်ဒန်သည် ဘရစ်တနီကို အမြန်ဆုံးလွှတ်ပေးဖို့ လုပ်ဆောင်နေကြောင်း သေချာစေရန်အတွက် ဘရစ်တနီရဲ့ ဇနီး  ချယ်ရီလီကို ဖုန်းခေါ်ဆိုခဲ့ပြီး WNBA ကြယ်ပွင့်ထံ ပေးပို့ထားတဲ့ စာမူကြမ်းကိုလည်း ဖတ်ပြခဲ့ကြောင်း” အိမ်ဖြူတော်ရဲ့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အသက်(၃၁) နှစ်အရွယ်ဂနင်နာဟာ ရုရှားက ယူကရိန်းကို အပြည့်အဝထိုးစစ်ဆင်မှု မစတင်ခင် ရက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အမေရိကန်နဲ့ မဟာမိတ်တွေကတော့ ရုရှားကို စီးပွားရေးပိတ်ဆို့မှုတွေအပြင်းအထန်ချမှတ်ခဲ့ကြပါတယ်။ 

သူမရဲ့ အမှုဟာ အမေရိကန်-ရုရှား ဆက်ဆံရေးမှာ အတားအဆီးတွေထဲက တစ်ခု ဖြစ်လာပြီး အမေရိကန်က အထူးသံတမန်ကို ဓားစာခံတွေကိစ္စကို ကိုင်တွယ်ဖို့ ကိစ္စရပ်တွေကို တာဝန်ယူ ခိုင်းထားပါတယ်။ 

ဂရင်နာကလည်း အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့မှာ အိမ်ဖြူတော်ကို တင်ပြထားတဲ့ လက်ရေးစာ တစ်စောင်နဲ့ ရုရှားအကျဉ်းထောင်ကနေ လွတ်မြောက်ဖို့ သမ္မတဘိုင်ဒန်ကို အကူအညီတောင်း ထားပါတယ်။ 

“မင်းတို့ အများကြီး ထိတွေ့ဆက်ဆံနေတယ်ဆိုတာ ငါနားလည်ပေမယ့် ကျေးဇူးပြုပြီး ငါနဲ့ တခြားအမေရိကန် အကျဉ်းသားတွေကို မမေ့ပါနဲ့၊ ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို အိမ်ပြန်ပို့ဖို့ တတ်နိုင်သမျှ လုပ်ပေးပါ” လို့ ဂရင်နာက ရေးသားခဲ့ပါတယ်။ 

Ref:Bangkok post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.