ဆိုးလ် ၊ ဇူလိုင် (၇)

မြောက်ကိုရီးယားသည် ငါးနှစ်အတွင်း ပထမဆုံးနျူကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်တဲ့ စိုးရိမ်မှုများကြားမှာ မြောက်ကိုရီးယားရဲ့ ရန်စမှုမှန်သမျှကို မဆိုင်းမတွ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ တောင်ကိုရီးယားသမ္မတ ယွန်းဆုခ်ယိုက စစ်တပ်ကို ဗုဒ္ဓဟူးနေ့မှာ အမိန့်ပေးခဲ့ပါတယ်။

မေလမှာ စတင်တာဝန်ယူခဲ့တဲ့ သမ္မတယွန်းဟာ စစ်ဘက်ဆိုင်ရာ ထိပ်တန်းတပ်မှူးများနှင့် ပထမဆုံးသော တွေ့ဆုံမှုမှာသဘာပတိအဖြစ် တာဝန်ယူခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို ဟန့်တားဖို့ ပြင်းထန်တဲ့ လုပ်ဆောင်မှုများပြင်ဆင်ထားဖို့ တောင်းဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း မကြုံစဖူး ဒုံးကျည်စမ်းသပ်မှုများကို အရှိန်အဟုန်ဖြင့် ပြုလုပ်နေပြီး ၎င်းရဲ့ သတ္တမမြောက် နျူကလီးယား စမ်းသပ်မှုအတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

မဟာမိတ်များနှင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားတို့ရဲ့ လက်နက်စမ်းသပ် ပြသမှုတွေ ပြင်းထန်လာချိန် အမေရိကန်လေတပ်မှ F-35A ကိုယ်ပျောက်တိုက်လေယာဉ်များ တောင်ကိုရီးယားသို့ ရောက်ရှိလာပြီးနောက် တစ်ရက်အကြာမှာ စစ်ဘက်ဆိုင်ရာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနှင့် အရှေ့မြောက်အာရှဝန်းကျင် လုံခြုံရေးမရေရာမှုများ ယခင်ကထက် ပိုမိုကြီးထွားလာနေသောကြောင့် နိုင်ငံရဲ့လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ခိုင်မာသော ကာကွယ်ရေးစွမ်းရည်များ အသင့်ရှိသင့်ကြောင်း သမ္မတယွန်က ပြောကြားခဲ့တယ်လို့ သမ္မတရုံးက ပြောပါတယ်။

ယွန်သည် ပြီးခဲ့သည့် သီတင်းပတ်က မက်ဒရစ်မှာ ပြုလုပ်တဲ့ နေတိုး ထိပ်သီးအစည်းအဝေးပြင်ပတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့နှင့် တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားအပေါ် တိုးချဲ့တားဆီးမှု ပိုမိုအားကောင်းလာစေရန် နောက်ထပ် နည်းလမ်းများ ရှာဖွေဖို့ သဘောတူညီခဲ့ပါသေးတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.