မြောက်ကိုးရီးယားရဲ့ ရန်စမှုတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ရန် သမ္မတယွန်း သတိပေးထား
ဆိုးလ် ၊ ဇူလိုင် (၇) မြောက်ကိုရီးယားသည် ငါးနှစ်အတွင်း ပထမဆုံးနျူကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်တဲ့ စိုးရိမ်မှုများကြားမှာ မြောက်ကိုရီးယားရဲ့ ရန်စမှုမှန်သမျှကို မဆိုင်းမတွ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ တောင်ကိုရီးယားသမ္မတ ယွန်းဆုခ်ယိုက စစ်တပ်ကို ဗုဒ္ဓဟူးနေ့မှာ အမိန့်ပေးခဲ့ပါတယ်။ မေလမှာ စတင်တာဝန်ယူခဲ့တဲ့ သမ္မတယွန်းဟာ စစ်ဘက်ဆိုင်ရာ ထိပ်တန်းတပ်မှူးများနှင့် ပထမဆုံးသော တွေ့ဆုံမှုမှာသဘာပတိအဖြစ် တာဝန်ယူခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို…
