မော်လမြိုင်- ဧပြီ(၄)

စစ်ကောင်စီက တဘက်သက်ပြုလုပ်မယ့် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲအတွက် ပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ကို တစ်အိမ်တက်ဆင်း လိုက်စစ်ဆေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဒုကာ ချုပ်စိုးဝင်းက ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးမှာပြောပါတယ်။

ဧပြီလ ၁ ရက်နေ့ကပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ စစ်တပ်လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ ပြည်ထဲရေး၊ ရွေးကောက်ပွဲကော်မရှိနဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနနဲ့ တခြားဝန်ကြီးဌာနတွေကို အခုလို ပြောခဲ့တာပါ။

“စာရင်းဇယားများ တိကျမှန်ကန်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဌာန များနှင့်ပေါင်းစပ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးချင်းစီတိုင်း နိုင်ငံသား စိစစ် ရေးကတ်ရှိမရှိ၊ လဝက ပုံစံ ၆၆/၆ ရှိ၊မရှိ တစ်အိမ်တက်တစ်အိမ်ဆင်းစိစစ် ဆောင်ရွက် သွားကြရ မည်” လို့ ဒုချုပ်စိုးဝင်းက ပြောခဲ့တာပါ။



ဒါ့အပြင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ရှိတဲ့ မြို့နယ်တွေကို ပူးပေါင်းအဖွဲ့တွေနဲ့ရွေးကောက်ပွဲ ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ အချိန်မရောက်ခင် မြေပြင်စာရင်းတွေကို တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ရမယ် လို့လည်း ပြောပါသေးတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက တစ်နိုင်ငံလုံးကိုမှတ်ပုံတင်ထုတ်ပေးထားတာ (၅၁) သိန်းကျော်ရှိပြီး မှတ်ပုံတင်ထုတ်ပေးထားတဲ့အရည်အတွက်ကို စစ်ကောင်စီလက်အောက်ခံဝန်ကြီး ဌာနက ကွန်ပျူတာစာရင်းသွင်းတာ (၂၇) သန်းကျော်ပြီးစီးတဲ့အခြေအနေမှာရှိနေပြီး (၂၄) သန်းကျော် အတွက် စာရင်းသွင်းနေတယ်လို့သိရပါတယ်။

စစ်ကောင်စီက ပြည်သူတွေကို ဧပြီလ(၁) ရက်နေ့ကစပြီး ခရီးသွားရင်မှတ်ပုံတင်ရှိမှခွင့်ပြုသွားမှာ ဖြစ်ပြီး မှတ်ပုံတင်မပြနိုင်ရင် အရေးယူသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ- ကာချုပ်ရုံး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.