ပြည်သူတွေရဲ့မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းကိုတစ်အိမ်တက်ဆင်းလိုက်စစ်ဖို့ ဒုကာချုပ်စိုးဝင်ညွှန်ကြား
မော်လမြိုင်- ဧပြီ(၄) စစ်ကောင်စီက တဘက်သက်ပြုလုပ်မယ့် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲအတွက် ပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ကို တစ်အိမ်တက်ဆင်း လိုက်စစ်ဆေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဒုကာ ချုပ်စိုးဝင်းက ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးမှာပြောပါတယ်။ ဧပြီလ ၁ ရက်နေ့ကပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ စစ်တပ်လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ ပြည်ထဲရေး၊ ရွေးကောက်ပွဲကော်မရှိနဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနနဲ့ တခြားဝန်ကြီးဌာနတွေကို အခုလို ပြောခဲ့တာပါ။…
