RAM 6 GB နဲ့ ပွဲထုတ်ထားတဲ့ Galaxy S 8 နဲ့ S 8 Edge ကို ချပြတော့မယ့် SAMSUNG

0
16838

စမတ်ဖုန်းလောကမှာ နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ Samsung က Note series နဲ့ S series ကို အပြိုင် ထုတ်လုပ်ခဲ့သော်လည်း Note 7 မှာ Battery Error တက်ပြီး ပေါက်ကွဲမှုတွေဖြစ်နေလို့ Note 7 ထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး Note 8 ကို

ဆက်လက်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ Note 8 နဲ့ အပြိုင် Galaxy S 8 နဲ့ S 8 Edge တို့ကို လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလမှာ နယူးယောက်မှာ စတင် မိတ်ဆက်သွားမှာဖြစ်ပါတယ်။

S 8 မှာဆိုရင် Internal Storage ကို 64 GB နဲ့ 128 GB ဆိုပြီး နှစ်မျိုးထုတ်ထားပါတယ်။Battery ကတော့ 3000 mAh ပဲ ဖြစ်ပါတယ်။Andriod Version အနေနဲ့ 6.0.1 ရှိပြီးဆင်းကဒ် နှစ်ကဒ်သုံး Dual Sim ဖြစ်ပါတယ်။ OTG စနစ်ကိုလည်း အသုံးပြုနိုင်သည့်အပြင် 2G /3G/ 4G / LTE အထိ Network တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ကင်မရာအနေနဲ့ 12 MP နဲ့ ပွဲထွက်လာပြီး Selfie Front ကတော့ 8 Mp ဖြစ်ပါတယ်။ S 8 ဟာ ရေစိုခံပြီး Fingure Print နဲ့ Iris Scanner လည်းပါဝင်ပါတယ်။

S 8 ကို အဖြူရောင် ၊ အမဲရောင် ၊ ရွှေရောင် ၊ ငွေရောင် နဲ့ ပန်းရောင်ဆိုပြီး အရောင်(၅) မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။
image5
S 6 Edge မှာတော့ dual speaker ပါရှိပြီး 5.7 Display နဲ့ ထွက်လာဦးမှာပါ။ ဈေးနှုန်းတွေကတော့ အမြင့်ပိုင်းမှာ ရှိနိုင်ပြီး အသေးစိတ်အချက်အလက်ကိုတော့ မကြာခင်မှာ ထုတ်ပြန်ကြေငြာသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: GSMArena
TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.