ဆွီဒင် နိုင်ငံမှ ပေးအပ်မည့် ပညာသင်ဆုကို မြန်မာနိုင်ငံမှ ကျောင်းသားများလည်းလျှောက်ထားနိုင်

0
17499

ဆွီဒင်နိုင်ငံအစိုးရမှ ပေးအပ်မည့် The Swedish Government’s International Awards(Swedish Institute Study Scholarship SISS) ပညာသင်ဆုကို မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများ လည်းလျှောက်ထားနိုင်ကြောင်းသိရသည်။

အဆိုပါ ပညာသင်ဆုကို ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ဆွီဒီနိုင်ငံရှိ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အသင်းအဖွဲ့တို့ပူးပေါင်းကာ ချီးမြှင့် ထောက်ပံ့ခြင်းဖြစ်ကြောင်းသိရသည်။

မိမိတို့၏ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်လိုသော အနာဂတ်ခေါင်းဆောင်များအတွက် အထူးအခွင့် အရေးတစ်ရပ်ဖြစ်ပြီး ဆွီဒင်နိုင်ငံ၏ လူမှုအဖွဲ့အစည်းနှင့် ရိုးရာယဉ်ကျေးမှုများကို သိရှိပြီး နှစ်နိုင်ငံကြား ရင်းနှီးချစ်ခင်မှု ပိုမိုရရှိစေရန် ရည်ရွယ်ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။

ပညာသင်ဆုရရှိသူများသည် ဆွီဒင်နိုင်ငံရှိ SI Network for Future Global Leaders များ အဖြစ် ၎င်းတို့၏ လုပ်ငန်းခွင် workshop များတွင်သာမက ဆွီဒင်နိုင်ငံရှိ နာမည်ကြီး ကုမ္ပဏီများကို လည်း လည်ပတ်ခွင့်ရရှိမှာ ဖြစ်ပြီး SI Alumni Network ၏ အသင်းဝင်အဖြစ်လည်း သတ်မှတ်ခြင်းခံရ မည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် SISS Scholarship တွင် qualified ဖြစ်သူများသည် ဆွီဒင် နိုင်ငံတွင် Master ဘွဲ့ ရသည်အထိ ပညာသင်နေစဉ်တစ်လျှောက် နေစရိတ် ၊ စားစရိတ်များကိုလည်း ဆွီဒင်နိုင်ငံ အစိုးရမှ ထောက်ပံ့ ပေးသွားမှာ ဖြစ်ပြီး အသေးစိပ်အချက်အလက်များကို http://www.myeo.info/…/the-swedish-institute-study-scholar…/ ဝက်ဘ်ဆိုဒ် တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

TU Arkar Min
%e1%80%95%e1%80%8a%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%8a%e1%82%8a%e1%80%94%e1%80%b9

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.