မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသို့ ဂျပန်အစိုးရမှ ပညာသင်ဆု(၅)ဆုကမ်းလှမ်းထားပြီး အင်ဂျင်နီယာဘွဲ့ရ များ လျှောက်ထားနိုင်

0
15764

မော်လမြိုင်|စက်တာင် ဘာ ၇

Janpan International Cooperation Center (JICE) မှ Japanese Grant Aid For Human Resource Development Scholarship(JDS) (2017-2018) အစီစဉ်အတွက် ဂျပန်အစိုးရမှ ပညာသင်ဆု(၅) ဆု ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါပညာသင်ဆုအတွက် ကမ်းလှမ်းထားသည့်ဘာသာရပ်(၅)ခုမှာ Information& Communication Technology, Transportation & Traffic, Electrical Power & Energy ဘာသာရပ်အတွက် ကျောင်း(၂) ကျောင်း နှင့် Urban Development Planning တို့ဖြစ်ပြီး သင်ကြားချိန်(၂) နှစ် သတ်မှတ်ပေးထားကြောင်း Myanmar Engineering Council (MEC) မှ သိရသည်။
education-guide
“ဒီပညာသင်ဆုကိုလျှောက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှာ အသင်းဝင်ထားရမယ် ဒီပညာသင်ဆုရတဲ့သူက ဂျပန်မှာ နေရေးထိုင်ရေး လေယာဉ်စရိတ်တွေ ကိုယ်တက်မယ့် University ရဲ့ သင်ကြားရေးနဲ့ပတ်သတ်တဲ့ အထောက်အကူပစ္စည်းးစရိတ်တွေပါ ဂျပန်အစိုးရကတာဝန်ယူပေးမှာပါ”ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်သို့ ပြောသည်။

မော်လမြိုင်မှ အင်ဂျင်နီယာဘွဲ့ရများလည်း သတ်မှတ်အရည်အချင်းပြည့်မှီပါက Myanmar Engineering Council (Mawlamyine)နဲ့ ချိတ်ဆက်ကာ လျှောက်ထားနိုင်ကြောင်းသိရသည်။

လျှောက်လွှာများကို (၂၆-၉-၂၀၁၆) ရက်နေ့ ညနေ(၅)နာရီအထိ နောက်ဆုံးထားပြီး MEC သို့ပေးပို့ရမှာ ဖြစ်ပြီး (၃၀-၉-၂၀၁၆) ရက်နေ့ English Writing Exam ဖြေဆိုရမှာဖြစ်ကြောင်းသိရသည်။

(၂-၁၀-၂၀၁၆) ရက်နေ့တွင် အင်္ဂလိပ်စာနှင့် သက်ဆိုင်ရာမေဂျာအကြောင်းအရာကို လူတွေ့အင်တာဗျူး ပြုလုပ်သွားမှာဖြစ်ပြီး (၄-၁၀-၂၀၁၆)ရက်နေ့တွင် အောင်စာရင်းထုတ်ပြန်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပညာသင်ဆုကို BE ဘွဲ့ရပြီးသူ (သို့) ME တက်ရောက်နေသူ(သို့) ME ဘွဲ့ရရှိထားသူများသာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် လာရောက်လျှောက်ထားနိုင်ကြောင်းသိရသည်။

လျှောက်ထားသူများသည် ၂၀၁၇ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် အသက်(၂၂)နှစ်ပြည့်ပြီး အသက်(၄၀)နှစ် အောက်ရှိသူ၊ ပုဂ္ဂလိက ကုမ္ပဏီ(သို့) အဖွဲ့အစည်းတစ်ခုခုတွင် အလုပ်လုပ်ကိုင်နေပြီး အနည်းဆုံး လုပ်သက်(၂)နှစ်ရှိသူ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းဝင်ထားသူဖြစ်ပြီး အသင်းဝင်ကတ်မိတ္တူ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ ဘွဲ့လက်မှတ်မိတ္တူ၊ လိုင်စင်ဓာတ်ပုံ(၂)ပုံ၊ ကိုယ်ရေးရာဇဝင်အကျဉ်းနှင့် သက်ဆိုင်အဖွဲ့အစည်း၏ လုပ်သက်အတွေ့အကြုံ ထောက်ခံစာတို့ကို ယူဆောင်ကာ လှိုင်တက္ကသိုလ်နယ်မြေ၊လှိုင်မြို့နယ်၊ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသို့ တင်ပြပြီး အသေးစိတ်သိရှိလိုပါက ၀၁-၅၁၉၆၇၃၊၀၁-၅၁၉၆၇၄၊၀၁-၅၁၉၆၇၅၊၀၁-၅၁၉၆၇၆နှင့် ၀၉၅၁၄၁၃၂၂ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

သတင်း-TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.