အသေးစားစီးပွားရေးလုပ်ငန်းတွေ ရေရှည်ဖွံ့ဖြိုးဖို့ ဘာတွေလုပ်ဖို့လိုမလဲ

0
22530
နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်မှုတွင် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် အထူးအရေးပါလှသည်။ အဆိုပါ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေသတွင်းရှိ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ၏ ဖွံ့ဖြိုးတိုးတက်မှုအနေအထားက အဓိကတည်မှီနေသည်ရှိရာ ဒေသတွင်းရှိ အသေးစားအလတ်စား စီး<!--more-->

ပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ဆောင်ရွက်ကြရန်လိုကြောင်း နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် များအကြံပြုထားသည်များကို ဖော်ပြလိုက်ရပါသည်။

u-moe-myint-shein
ဦးမိုးမြင့်ရှိန်၊ စီးပွားရေးလုပ်ငန်းရှင်
မုဒုံမြို့
အသေးစားစီးပွားရေးလုပ်ငန်းတွေ ရေရှည်ဖွံ့ဖြိုးဖို့ဘာတွေလုပ်သင့်လဲဆိုရင် နံပါတ်တစ်လုပ်ရမှာက အသေးစားချေးငွေတွေ လိုအပ်တဲ့ဆီကို မှန်မှန်ကန်ကန်ရောက်ဖို့။ ကျွန်တော် NGO မှာ လုပ်လာတဲ့တစ်လျှောက်မှာတွေ့ရ တာက ချေးငွေတွေက လုပ်ငန်းတည်ထောင်တာမတွေ့ရဘဲ အခြားတစ်ဖက်မှာလည်ပတ်နေတယ်။ မုဒုံမှာက အသေးစားစက်မှုလုပ်ငန်းတွေမရှိဘူး။ ရန်ကုန်ဘက်မှာက အားပေးတဲ့အနေနဲ့လုပ်ငန်းအခြေအနေကိုကြည့်ပြီးငွေထုတ်ချေးပေးနေတယ်။ ဒါတွေကတတ်အားသမျှအလုပ်သမားအင်အားရရှိလာတယ်၊ အလုပ်အကိုင်တွေရ လာစေတယ်။ ပြောချင်သာကတော့အစိုးရမှတတ်နိင်လျှင်ရဲရဲဝံ့ဝံ့ထုတ်ချေးပေးဖို့နဲ့ချေးတဲ့သူကလည်းတာဝန်ခံပြီးချေးဖို့လည်းလိုတယ်။ ဝိုင်းကြီးချုပ်စနစ်နဲ့ဆိုရင်လည်းတာဝန်ခံပြီးချေးတဲ့သူကလည်းရက်စေ့လို့ပြန်ဆပ်နိင်ဖို့အတွက်လည်းတွန်းအားပေးဖို့လိုသေးတယ်။

ko-yi-htay
ကိုရီဌေး၊ အရောင်းအဝယ်
ရေးမြို့
အစိုးရမှာ တာဝန်ရှိတယ်ဆိုတာက မှန်သင့်သလောက်မှန်တယ်။ အမှန်တော့ အဲ့လို အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်လိုတဲ့ သူတွေရဲ့ အရည်အချင်းဟာ အဓိကပဲ အဲ့ဒါနဲ့ပတ်သက်လို့ အားလုံးမဟုတ်တောင် တချို့တွေ ပြည့်စုံလိမ့်မယ်လို့ မထင်ဘူး။ အစိုးရကိုရဲ့ အကူအညီကို တောင်းခံတဲ့ သူတွေရဲ့ အရည်အချင်းက ဘယ်လိုလဲ။ စီးပွားရေးလုပ်ငန်း ဘယ်နှစ်ခုလောက်များ အောင်မြင်အောင် လုပ်ခဲ့ပြီး ပြီလဲ အခုတင်ပြတဲ့လုပ်ငန်း အပေါ်မှာရော ဘယ်လောက် ကျွမ်းကျင် နှံ့စပ်သလဲ စသဖြင့် အဲ့ဒီလူရဲ့ အနေ အထားကိုသိမှ အစိုးရက ချေးငွေ ထုတ်ချေးလိမ့်မယ်ထင်တယ်။ အဲ့လောက် အရည်အချင်းမရှိဘူး ထင်ရတဲ့သူ တွေကို အစိုးရက ငွေထုတ်ချေးလိမ့်မယ်မထင်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဆိုတာကလဲ ကျွန်တော်တို့နိုင်ငံမှာ အမှန်တကယ် လိုအပ်နေပါတယ်။ ပြည်တွင်းက လုပ်ငန်းရှင်တွေကို မြေတောင်မြှောက်ပေးဖို့လဲ အမှန်တကယ် လိုအပ်နေပါတယ်။ ခက်တာက နှစ်ပေါင်းများစွာ ခါးဆက်ပြတ်နေတဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ပြည်ပက လုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင်လုပ်ကိုင်တဲ့အခါမှာ သူတို့ထက် သာလွန်မယ်လို့ မထင်။ တန်းတူယှဉ်ပြိုင်နိုင်ဖို့တောင် အတော်ကြိုးစားရလိမ့်မယ်။အလုပ်လုပ်ရင်း သင်ယူရလိမ့်ထင်တယ်။ နောက်ဆုံးပြောချင်တာကကိုယ်ပိုင်အရည်အချင်းပါပဲ။ ကိုယ့်အရည်အချင်း ကိုယ်ယုံတဲ့သူကတော့ ဘယ်သူ့ ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ ရအောင်လုပ်သွားမှာပဲ အဲ့လိုလူပဲ နောက်ဆုံးမှာ အပေါ်ကို ရောက်သွားမှာပဲ။

ko-bo-bo
ကိုဗိုလ်ဗိုလ်၊ ဒီဇိုင်းပညာရှင်
မုဒုံမြို့
မုဒုံမှာက တစ်နိင်တစ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေအများကြီးရှိတယ်။ ချေးငွေတွေကသူတို့ဆီရောက်မလာဘူး။ အဓိကရပ်ကွက်၊မြို့ရွာတွေအထဲမှာလှည့်ပတ်ကာ အတိုးနှုန်းကြီးကြီးနဲ့ငွေတိုးချေးတဲ့လူတွေရဲ့လက်ထဲပဲရောက်သွားတာများတယ်။ ဒါကဘာဖြစ်လာလဲဆိုရင်လက်ရှိရည်ရွယ်ချက်ရယ်၊ နောင်ဖြစ်စေမယ့် ရည်မှန်း ချက်ရယ်၊ လက်ရှိအဖြစ်အပျက်တွေက သက်သက်စင်အလွဲကြီးဖြစ်နေတယ်၊ အဓိကဖြစ်သင့်တာကတော့ချေးဌားမှုတစ်စုံတစ်ရာအတွက်နယ်မြေထိကွင်းဆင်းကြည့်ရှုလေ့လာဖို့လိုတယ်၊ အခုဟာကတစ်ကယ်လုပ်ငန်း လုပ်နေသူဆီမရောက်ဘဲဆိုမှတော့ ဘယ်ကနေပြီးဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်လာတော့မလဲ၊ တစ်နိုင်တစ်ပိုင်စက်မှု၊လက်မှုလုပ်ငန်းတွေကို ထိထိရောက်ရောက် တစ်ဖက်ကယုံကြည်မှု၊တစ်ဖက်ကတာဝန်ခံမှုတွေနှင့်သာသွား တိုးတက်မှုကိုမြင်ရမှာအသေချာပဲ။

ko-tar-ngwe
ကိုသားငယ်၊ သစ်စက်လုပ်ငန်းရှင်
သံဖြူဇရပ်
သံဖြူဇရပ်မြို့မှာတစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်တွေအများကြီးရှိပါတယ်။ အဓိကတော့ အရင်းနှီးလုပ်ဖို့ ငွေလို တာပေါ့။ ချေးငွေတွေက ကျွန်တော်တို့လုပ်ငန်းရှင်တွေဆီ မရောက်ဘူး။ သက်သာတဲ့ အတိုးနှုန်းတွေနဲ့ ချေးငွေတွေရရင်တော့အဆင်ပြေတာပေါ့။ အရင်းနှီးကတစ်နှစ်ထက်တစ်နှစ်ပိုများလာတယ်။ လုပ်ငန်းက အဆင်မပြေဘူး။ သစ်စက်တောင်ပိတ်ရမဲ့အခြေအနေ ရောက်နေပြီ။ အစိုးရကသက်သာတဲ့ အတိုးနှုန်း ချေးငွေတွေချပေးနေတယ်ဆိုတဲ့အသံကိုကြားပဲကြားရတယ်။ ကိုယ်တွေဆီကို ရောက်မလာဘူး။ အခွန်ခ တွေကတော့အချိန်တန်ရင်လာကောက်ကြတာပဲ။ လုပ်ငန်းရှင်တွေအဆင်ပြေလား မပြေလားတစ်ခါမှ မမေးဘူး။ သူတို့ရဖို့ပဲသူတို့လာယူသွားတယ် သူတို့ဆီကဘာမှအကူအညီမရဘူး။ ရေရှည်မှာဖွံ့ဖြိုးဖို့ ကိုယ့်ဟာကိုယ်တော်တော်လေးကြိုးစားရဦးမှာပါ။

pwint-wai-oo
မပွင့်ဝေဦး၊ ကုန်စုံဆိုင်
သံဖြူဇရပ်
ယနေ့ရောင်းရငွေဟာမနက်ဖန်အတွက်အရင်းအနှီးဆိုပေမယ့် အကြွေးနဲ့ရောင်းရတဲ့ဟာကတော့ ကိုယ့်အိတ် စိုက်ပေါ့။ ရပ်ရွာထဲကချေးငွေတွေကလည်း အတိုးနှုန်းကြီးတော့မယူရဲဘူး။ ကုန်ဈေးနှုှန်းတွေကလည်း တဖြေး ဖြေးနဲ့ တစ်မျိုးပြီးတစ်မျိုးတက်လာတယ်။ ဒီနေ့ကိုယ်ရောင်းရတဲ့ဈေးနဲ့ မနက်ဖြန်ကိုယ်ပြန်ဝယ်နေရတယ်။ (၁၀)ဦးစပ်နဲ့အတိုးနှုန်းတွေထုတ်ပေးနေတာတော့ကြားတယ်။ ဒါပေမဲ့မယူရဲဘူး။ တစ်ဦးမလျော်ရင် ကျန်တဲ့ လူတွေကစိုက်ရတယ်ဆိုတော့အဆင်မပြေဘူး။ ဘာထူးမှာလဲ။ ကိုယ့်ဆီမှာရှိငွေ အရင်းနှီးလေးနဲ့ပဲ လုပ်စားနေရ တာပေါ့။ တိုးတက်ဖို့နေနေသာသာမငတ်အောင်ပဲလုပ်စားနေရတာပေါ့။

u-aung-min
ဦးအောင်မင်း(အထည်ဆိုင်)
ကျိူက်မရောမှာကသီးသန့်စီးပွားရေးလုပ်ငန်းဆိုတာမရှိသလောက်ပဲ
ကျွန်တော်တို့လိုအရောင်းအဝယ်သမားတွေလောက်ပဲရှိတယ်အရောင်းမဝယ်ကတော့ပါးတာပေါ့ဗျာ
အရောင်းအဝယ်စီးပွားရေးတွေတိုးတက်ဖို့ကမြို့အနေနဲ့လဲပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့လိုတာပေါ့နောက်တချက်ကလောင်းကစားမှုပပျောက်ဖို့လိုတယ်လို့မြင်တယ်
အိမ်ရှင်မတွေ့ပါအဝင်လူတန်းစားပေါင်းစုံကမနက်လင်းတာနဲ့နှစ်လုံးသုံးလုံးချဲထီလောက်ပဲစိက်ဝင်စားနေကြတာလေ၊ဒီတော့အရောင်းအဝယ်ဘက်စီးပွားရေးဘက်စိက်မဝင်စားတော့အရောင်းအဝယ်စီးပွားရေးတွေကျတာပေါ့၊ကျွန်တော်တို့မြို့်နေအထားနဲ့ပြောရရင်စီးပွားရေးကောင်းဖို့လောင်းကစားတွေပပျောက်ဖို့လိုမယ်လို့ပြောချင်ပါတယ်

ai-the-phyu
ဒေါ်အိသဲဖြူ၊ ခင်ခင်လေးထမင်းဆိုင်
ကျိူက်မရောမြို့
အခြားမြို့တွေလိုကိုယ့်မြို့ကိုစည်ကားတိုးတက်စေချင်တာပေါ့။ ဒါမှကျွန်မတို့အရောင်းအဝယ်သမား တွေကော အခြားလုပ်ငန်းတွေပါ အဆင်ပြေလာမယ်ထင်ပါတယ်။ နောက်တခုကလက်ရှိ ဈေးပေါ့ နော်။ မြို့မဈေးဆိုပေမယ့် ဈေးအဆင့်မမှီသေးဘူးလို့မြင်တယ်။ ဈေးသူဈေးသားကော ဈေးဝယ်သူတွေ ကောသုံးဖို့အိမ်သာမရှိသေးဘူး။ မြို့မဈေးကို ဒီထက်ဖွံ့ဖြိုးတိုးတက်တဲ့ဈေးကြီးတစ်ခု ဖြစ်စေချင်တယ်။ ဒါဆိုကျွန်မတို့ မြို့မဈေးသူဈေးသားတွေကော ကျိူက်မရောမြို့ကော စီးပွားရေးပိုကောင်းလာမယ်လို့ ထင်ပါတယ်။

u-tay-zar-hlaing
ဦးတေဇာအောင်၊ သထုံခရိုင်အုပ်ချုပ်ရေးမှုး
သထုံမြို့
လုပ်ငန်းရှင်တွေကို အသေးစားအလတ်စားအတွက်ရည်ရွယ်ပြီး မြေနေရာတွေရှာပေးနေပါတယ်။ တစ်မြို့နယ်ကို ဧက တစ်ရာဆိုရင် ပေတစ်ရာပတ်လည်မြေကွက်၂၈၀ လောက်လုပ်ငန်းအတွက်ရပါမယ်။ မြေငှား ဂရမ်ချပေးပါမယ်၊ အရင်းအနှီအတွက်လည်း CP ဘဏ်က နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးကူညီပေးနေပါတယ်။ အခြား ဘဏ်(၆)မျိုးကလည်း အရင်းအနှီးအတွက်ကူညီပေးဖို့ရှိပါတယ်။ မြေငှားဂရမ်ရပြီးလုပ်ငန်း အကောင်အထည်ဖော် လုပ်ကိုင်နေကြဖို့ပဲလိုတာပါ။ မြေခွန်ကို လူနေတဲ့ နေရာမှာတစ်အေကကိုပေါက်ဈေးတန်ဘိုးရဲ့(၆)ရာခိုင်နှုန်းစက်မှုလုပ်ငန်းအတွက်ဆို(၁၂) ရာခိုင်နှုန်းကောက်ခံနေတာပါ။ အချို့က မြေခွန်တစ်အေကအတွက်တစ်နှစ်တစ်သိန်းဆောင်ပေးနေပြီးလုပ်ငန်းမလုပ်ကြဘူး။ နေရာဦးပြီးပြန်ရောင်းစားဘို့ပဲရည်ရွယ်တာလားပေါ့။ အဲ့လို လည်းရှိတယ်။ အသေးစားအလတ်စားစက်မှုလုပ်ငန်းအတွက် အစိုးရသစ်လက်ထက်မှာမြေနေရာချပေးတယ်။
အရင်းအနှီးအတွက်ချေးငှားလုပ်ကိုင်နိုင်ဖို့ဘဏ်တွေချိတ်ဆက်ပေးထားပါတယ်။

nai-lwin
နိုင်လွင် (အရောင်းအဝယ်)
ရေးမြို့
အသေးစားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကက မြန်မာပြည်မှာ နည်းပညာနဲ့ အရင်းအနှီးပဲ၊ နည်းပညာ မရှိရင် အရင်းအနှီးပဲရှိရှိ၊ နေရာပဲရှိရှိ ဘာမှလုပ်လို့မရဘူး။ အရေးကြီးဆုံးကတော့ နည်းပညာနဲ့အရင်းအနှီးပါပဲ၊ ဒီမှာက စနစ်မရှိသေးဘူး။

u-than-swe
ဦးသန်းဆွေ၊ စာပုံနှိပ်လုပ်ငန်း
ပေါင်မြို့
အသေးစားစက်မှုလုပ်ငန်းသမားတွေဆိုတာ အရင်းအနှီးမပြည့်စုံလို့လုပ်ငန်းသေးနေတာပါ။ အဓိကက အရင်း အနှီးကို အစိုးရက အတိုးနည်းနည်းနဲ့ချေးပေးနိုင်ရမယ်။ ဘယ်လိုအတိုးနဲ့ချေးပေးနိုင်မလဲပေါ့။ ကျွန်တော်ဆိုရင်ဗီနိုင်းစက်ဝယ်ချင်တယ်။ ပုံနှိပ်လုပ်ငန်းတိုးချဲ့ဖို့က အရင်းအနှီးသိန်း(၃၀၀)လောက်လိုတယ်။ လုပ်ချင်တယ်အရင်းမရှိဘူး။ စိန်ခေါ်မှုတစ်ခုက အခွန်အတုတ်ရှိပါတယ်။ လုပ်ငန်းလုပ်တယ်ဆိုပြီး အခွန်က လုပ်ငန်းကြီး သမားနဲ့ တန်းတူမသတ်မှတ်သင့်ဘူးပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.