ကိုဗစ်ကာလအလွန်မှာ အမျိုးသမီးတွေ ကလေးယူနှုန်းပိုမိုကျဆင်းလာနိုင်လို့ တရုတ် ဟာ ကမ္ဘာလူဦးရေအများဆုံးနိုင်ငံအဖြစ်မရပ်တည်နိုင်တော့လို့ဆို
ပေကျင်း- ဩဂုတ်(၁၀) ဒီနှစ်အစောပိုင်းမှာ တရုတ်အာဏာပိုင်တွေက ကိုဗစ်ကြောင့် တင်းကြပ်တဲ့ ပိတ်ဆို့ ကန့်သတ်မှု တွေလုပ်ဆောင် ထားတဲ့အတွက် အမျိုးသမီးတွေဟာ ကလေးမွေးဖွားဖို့အပေါ်စိတ်ပျက်နေပြီး ကလေးယူနှုန်း ကျဆင်းလာတဲ့အတွက် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ်မရပ်တည်နိုင်တော့ ဘူးလို့ ရိုက်တာ မှာဖော်ပြထားပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုဗစ်ကပ်ဘေးကြောင့် ငွေကြေးပိုင်းဆိုင်ရာ စိတ်မလုံခြုံမှု၊ အစိုးရရဲ့ တင်းကြပ်တဲ့ ပေါ်လစီတွေကြောင့် လူ့အခွင့်အရေး ဆုံးရှုံခံရမှု၊ဒီနေ့အထိ ဘေးထွက်ဆိုးကျိုး ကင်းတယ်လို့ သက်သေမပြနိုင်သေးတဲ့…
မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ထပ်မံ ကြုံတွေ့လာရ
မော်လမြိုင် ၊ သြဂုတ် (၁၀) မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီ ဈေးနှုန်းပြန်လည် မြင့်တက်လာပြီးနောက် ဈေးကွက်အတွင်း စက်သုံးဆီ ပြတ်လပ်မှုနဲ့ပါ ထပ်မံကြုံတွေ့လာရတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က တစ်လီတာ ကျပ် ၁၇၀၀ လောက်သာ ရှိခဲ့တဲ့ ဓာတ်ဆီ ၉၅ တစ်လီတာဟာ…
ဘီးလင်းမှာ စစ်ကောင်စီတပ် စစ်ရေးဝင်ရောက် လှုပ်ရှားလာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်
ဘီးလင်း ၊ ဩဂုတ်(၉) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်က တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ရေး ဝင်ရောက် လှုပ်ရှားလာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့ကစပြီး နယ်မြေရှင်းလင်းရေးအတွက်ဆိုကာ ဘီးလင်းမြို့နယ် သပြေနီ၊ အလူးကြီး၊ ဖိုးဝါးသိမ်၊ ညောင်ထောက်၊…
KUN ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှု မြင့်တက်လာ
ကော်သူးလေ ၊ ဩဂုတ်(၁၀) ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် အရပ်သား သေဆုံးမှု မြင့်တက်လာတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်နဲ့နယ်ခြားစောင့်တပ် BGF တပ်တွေက စစ်ရေးဝင်ရောက်လှုပ်ရှားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စဉ်ဆက်မပြတ်ပြုလုပ်နေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့နဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က…
တော်လှန်ရေးအဆုံးသတ်အမြစ်ဖြတ်တိုက်ပွဲတွေဆင်နွှဲဖို့ ဘဏ္ဍာငွေလိုအပ်တယ်လို့ NUG ပြောဆို
မော်လမြိုင် – ဩဂုတ်(၉) နွေဦးတော်လှန်ရေးအဆုံးသတ် အမြစ်ဖြတ်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရမှာ ဘဏ္ဍာငွေလိုအပ်ချက်တွေရှိနေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။ ဒီနေ့ ဩဂုတ်လ(၉) ရက်နေ့ မနက်(၁၀) နာရီမှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(၆၃) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာပါ။ “ကျွန်တော်တို့ အစိုးရဟာ တော်လှန်ရေးအစိုးရတစ်ရပ် ဖြစ်တာကြောင့် ဘဏ္ဍာငွေတွေ စီမံခန့်ခွဲ သုံးစွဲရတာ…
“လူထုတိုက်ပွဲ အရှိန်မြှင့်တင်ကြ “
ယင်းမာပင် – ဩဂုတ်(၉) ဒီနေ့ ဩဂုတ်လ(၉) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီ ကဦးဆောင်ပြီး လူထုတိုက်ပွဲအရှိန်မြှင့်တင်ကြ ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်
ကရင်နီအမျိုးသားခုခံတော်လှန်ရေးအောင်ပွဲအမြန်ဆုံးရရှိဖို့ NUG ပူးပေါင်းဆောင်ရွက်မယ်လို့ သဝဏ်လွှာပေးပို့
ဒီမော့ဆို – ဩဂုတ်(၉) စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးအောင်ပွဲအမြန်ဆုံးရရှိရေးအတွက် ကရင်နီတော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီနေ့ ဩဂုတ်လ(၉) ရက်နေ့မှာ ကျရောက်တဲ့ (၇၄)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန် ရေးနေ့အတွက် သဝဏ်လွှာပေးပို့ခဲ့တာပါ။ လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီရဲ့ သဘောထားဆန္ဒဆုံးဖြတ်ချက်မပါဝင်ပဲ တချို့သော ကရင်နီခေါင်းဆောင်တွေက ဖဆပလ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဖို့ လက်မှတ် ရေးထိုးခဲ့တဲ့အတွက်…
စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး ပြည်ကြီးတံခွန် သပိတ်အင်အားစု ချီတက် သပိတ်မှောက်
မန္တလေး – ဩဂုတ်(၉) ဒီနေ့ ဩဂုတ်လ(၉) ရက်နေ့ ညနေပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုကဦးဆောင်ပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက် ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ လေကြောင်းကာကွယ်ရေး ကနဦး ပစ္စည်းတွေကို စတင် အသုံးပြုနေပြီလို့ NUG ထုတ်ပြန်
မော်လမြိုင် – ဩဂုတ်(၉) စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ ပြည်သူတွေ ထည့်ဝင်ခဲ့တဲ့ Project Dragonfly စီမံချက်က ကနဦး ပစ္စည်းတချို့ဟာ စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် လိုက်ပါတယ်။ Project Dragonfly စီမံချက် အောင်မြင်စေဖို့ ထောက်ပံ့ကူညီခဲ့ကြသူများ၊ အသိပညာရှင်၊ အတက်ပညာရှင်၊အနုပညာရှင်အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရက ကျေးဇူးတင် ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ…
Radio Than Lwin Times(8/8)
Youtube Link Sound Cloud Link
