ကိုဗစ်ကာလအလွန်မှာ အမျိုးသမီးတွေ ကလေးယူနှုန်းပိုမိုကျဆင်းလာနိုင်လို့ တရုတ် ဟာ ကမ္ဘာလူဦးရေအများဆုံးနိုင်ငံအဖြစ်မရပ်တည်နိုင်တော့လို့ဆို

0
6289

ပေကျင်း- ဩဂုတ်(၁၀) 

ဒီနှစ်အစောပိုင်းမှာ တရုတ်အာဏာပိုင်တွေက ကိုဗစ်ကြောင့်  တင်းကြပ်တဲ့ ပိတ်ဆို့ ကန့်သတ်မှု တွေလုပ်ဆောင် ထားတဲ့အတွက် အမျိုးသမီးတွေဟာ ကလေးမွေးဖွားဖို့အပေါ်စိတ်ပျက်နေပြီး ကလေးယူနှုန်း ကျဆင်းလာတဲ့အတွက် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ်မရပ်တည်နိုင်တော့ ဘူးလို့ ရိုက်တာ မှာဖော်ပြထားပါတယ်။ 

အမျိုးသမီးတွေအနေနဲ့ ကိုဗစ်ကပ်ဘေးကြောင့် ငွေကြေးပိုင်းဆိုင်ရာ စိတ်မလုံခြုံမှု၊ အစိုးရရဲ့ တင်းကြပ်တဲ့ ပေါ်လစီတွေကြောင့် လူ့အခွင့်အရေး ဆုံးရှုံခံရမှု၊ဒီနေ့အထိ ဘေးထွက်ဆိုးကျိုး ကင်းတယ်လို့ သက်သေမပြနိုင်သေးတဲ့ ကိုဗစ် ကာကွယ်ဆေးတွေကြောင့် ရင်သွေးကို ထိခိုက် စေမယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ကလေးယူနှုန်း ကျဆင်းလာတာဖြစ်တယ်လို့ ပညာရှင် တွေက ဆိုပါတယ်။ 

တရုတ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလမှာ ကန့်သတ်မှုတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ခဲ့ပြီးတဲ့နောက် တရုတ်ဆိုရှယ်မီဒီယာတွေမှာ ကျွန်ုပ်တို့သည် နောက်ဆုံး မျိုးဆက် ဖြစ်သည်ဆိုတဲ့ hashtag လှုပ်ရှားမှုဟာ ပျံ့နှံ့သွားပါတယ်။ 

ဒီလှုပ်ရှားမှုဟာ ကိုဗစ်ကာလ မိသားစုထံ Hazmat ဝတ်စုံနဲ့ လာရောက်လည်ပတ်ခဲ့တဲ့ အမျိုးသား ကို ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေမလိုက်တာလို့ဆိုပြီး သူ့မိသားစုကို မျိုးဆက်သုံးဆက်အထိ အပြစ်ပေးမယ်လို့ အာဏာပိုင်တွေက ခြိမ်းခြောက်ပြီးနောက် ပေါ်ပေါက်လာတာပါ။ 

“အစိုးရက ကိုယ့်အိမ်တံခါးကို လာခေါက်ပြီး ကိုယ့်သား သမီးတွေသူတို့လုပ်ချင်တာလုပ်နိုင်တဲ့ တိုင်းပြည်မှာ နေထိုင်ရေးတောင် မသေချာချိန်မှာ မျိုးဆက်သစ်တွေ ထပ်မခေါ် လာချင်တော့ ဘူး” လို့  အမျိုးသမီးတစ်ဦးကရိုက်တာကို ပြောခဲ့ပါတယ်။

လေ့လာမှုတွေအရ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ ကပ်ရောဂါတွေဖြစ်ပွားမှု၊စီးပွားရေး ကပ်ဆိုက် မှုတွေကြောင့် ကလေးမွေးဖွားနှုန်းအပေါ်သိသိသာသာ သက်ရောက်မှုရှိစေတယ်လို့်လည်း သုတေသီတွေက ပြောဆိုထားပါတယ်။ 

တရုတ်မှာ ကိုဗစ်ကြောင့် ပြည်သူတွေဟာ အလုပ်အကိုင်နဲ့ ဝင်ငွေဆုံးရှုံးနေရချိန် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားနပ်ရိက္လာကို လက်လှမ်းမမီနိုင်သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ် တွေကို သီးသန့်ခွဲထားရမယ့် နေရာတွေကို ခေါ်ဆောင်ဖို့ အာဏာပိုင်တွေက အိမ်တွေမှာ အတင်း အကြပ်ဝင်ရောက်ခေါ်ဆောင်တာတွေကို ရှန်ဟိုင်းနဲ့ အခြားနေရာတွေမှာ လော့ဒေါင်းကာလက လုပ်ဆောင်ခဲ့တယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။ 

လက်ရှိမှာတော့ တရုတ်နိုင်ငံဟာ လူဦးရေ (၁.၄) ဘီလျံရှိနေပြီး ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံ အဖြစ် အိန္ဒိယကို ကျော်တက်နေရာကနေ လာမယ့်နှစ်အစောပိုင်းမှာ လူဦးရေ စတင်ကျဆင်း လာနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ဇူလိုင်လ အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။ 

Ref : Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.