ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး တိုင်းရင်းသားညီနောင်တွေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ CRPH ကတိပြု

မော်လမြိုင် – ဩဂုတ်(၁၀) တောင်တန်းမြေပြန့်မခွဲခြားဘဲ တန်းတူညီမျှရရှိမှု လွတ်လပ်မှုနဲ့ တရားမျှတမှု စတဲ့ ဖက်ဒရယ်စံချိန် စံညွှန်းတွေနဲ့ပြည့်စုံတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ကချင်အပါအဝင် ပြည်ထောင်စုတိုင်းရင်းသားညီနောင်တွေနဲ့ အတူ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီနေ့ ဩဂုတ်လ(၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့ ကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ…

စစ်အာဏာသိမ်း ရက် (၅၅၅) အတွင်း သတ်ဖြတ်ခံရသူ ၂၁၇၁ ဦး အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၁၀ AAPP ၏ ဩဂုတ်လ (၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၅၅)အတွင်း ပြည်သူ (၂၁၇၁)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၀၇၈ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

စစ်ကောင်စီရဲ့ လေဆိပ်နဲ့ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံတွေ နစ်နာမှု မရှိစေရေး ကြိုးပမ်းမယ်လို့ MUP ပြော

မော်လမြိုင် ၊ သြဂုတ် (၁၀) မော်လမြိုင်မြို့အနီးမှာ အကောင်အထည်ဖော် တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်း မြေနေရာအတွက် ဒေသခံတွေ နစ်နာမှု မရှိစေရေး ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီ (MUP)က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက နိုင်ငံတကာအဆင့်မီ လေဆိပ်ကို မုဒုံမြို့နယ်၊ကော့ပရံကျေးရွာအနီးမှာ တည်ဆောက်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို မုဒုံမြို့နယ်ရဲ့ ပင်လယ်ထွက်ပေါက်နဲ့နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့…

ချင်းမိုင်ခရိုင်ပါအဝင် ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၃၄ ခုမှာ မိုးသည်းထန်စွာဆက်လက်ရွာသွန်းမည်

ဘန်ကောက် ၊ ဩဂုတ် (၁၀) မြန်မာလူမျိူးအများစု နေထိုင်နေကြတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် အပါအဝင် ထိုင်းနိုင်ငံရဲ့ ဒေသအများစုမှာ မိုးရွာနိုင်ပြီး ပြည်နယ် ၄၃ ခုမှာ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ခြေရှိလို့ ရေကြီးမှုသတိပေးချက်ကို ထိုင်း မိုးလေဝသဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီ‌‌ေကြညာချက်မှာ မုတ်သုံလေဟာ မြောက်ဘက်ကို ရွေ့လျား အားကောင်းနေပြီး တစ်ချိန်တည်းမှာ အနောက်တောင်မုတ်သုံလေဟာ အားအသင့်အတင့်မှ အားကောင်းလာပြီး…

တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေ K-Pop နဲ့ မြောက်ကိုရီးယား ကိစ္စ တွေ ဆွေးနွေးမယ်

ဆိုးလ် -ဩဂုတ်(၁၀) မြောက်ကိုရီးယားနဲ့ နျူကလီးယားကင်းစင်ရေးညှိနှိုင်းမှုတွေ ပြန်လည်ဖွင့်လှစ်ဖို့နဲ့ တရုတ်နိုင်ငံ ကိုယဉ်ကျေးမှုဆိုင်ရာ ကူးသန်းချိတ်ဆက်မှုတွေ ပြန်စဖို့ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးတွေဟာ ဩဂုတ်လ(၉) ရက်နေ့မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ တောင်ကိုရီးယားထိပ်တန်းသံတမန်ပါခ့်ဂျင်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ တွေ့ဆုံဖို့ အတွက် တရုတ်နိုင်ငံအရှေ့ဘက် ဆိပ်ကမ်းမြို့ကို ဩဂုတ်လ(၈) ရက်နေ့က ရောက်ရှိခဲ့ပြီး ဒီခရီး စဉ်ဟာ သမ္မတ ယွန်းဆုခ်ယိုလက်ထက် တရုတ်နိုင်ငံကို ပထမဆုံးခရီးစဉ်လည်း…