ဖေ့စ်ဘွတ်မှာ NUG ကို ထောက်ခံကြောင်းရေးသားသူ‌တွေနဲ့ ပံ့ပိုးသူတွေကို စစ်ကောင်စီက တစ်သက် တစ်ကျွန်း ပြစ်ဒဏ်တွေ ချမှတ် နှိပ်ကွပ်နေ

ရန်ကုန်၊ အောက်တိုဘာ (၁၀) CRPH၊ NUG၊ PDF အဖွဲ့တွေအတွက် အလှူငွေကောက်ခံ လွှဲပြောင်းပေးသူ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ပို့ လုပ်ပေး နေသူတွေနဲ့ စစ်သင်တန်း တက်ရောက်ခဲ့သူ လူငယ်တွေကို စစ်ကောင်စီက မတရားသဖြင့် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်အရေးယူလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ စစ်ကောင်စီက ဒီပြစ်မှုတွေအတွက် အမျိုးသမီး ၂ဦးနဲ့ အမျိုးသား…

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ RCSS ကမ်းလှမ်း

ရှမ်းပြည်နယ် အပါအဝင် ပြည်ထောင်စုအအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံခြင်းကနေ မဟာမိတ်ဖြစ်လာနိုင်ဖို့၊ စည်းလုံးညီညွတ်မှု တည်ဆောက်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အထိ ဆောက်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ RCSS ပြောခွင့်ရ…

မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နဲ့အဖွဲ့ စစ်ခေါင်းဆောင်ကိုတွေ့ဖို့ နေပြည်တော်ရောက်ရှိ

နေပြည်တော် – အောက်တိုဘာ(၁၀) မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဦးဆောင်တဲ့ အဖွဲ့ဟာ အာဏာသိမ်းစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ ဒီနေ့ အောက်တိုဘာလ(၁၀) ရက်နေ့ ညနေပိုင်းက ရောက်ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ သူတို့တွေကို စစ်ကောင်စီအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီအဖွဲ့နဲ့ စစ်ကောင်စီလက်ပါးစေ တွေက ဝါဒဖြန့် မွန်ဘာသာ၊မြန်မာဘာသာ စာတွေ နဲ့ ကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်လို့…

မြောက်ဒဂုံမြို့နယ်City Mart ရှေ့က အိမ်စီးကားပေါ် ဗုံးပေါက်ကွဲမှုဖြစ်ပွား ယာဉ်မောင်းသေဆုံးနိုင်

ရန်ကုန် – အောက်တိုဘာ(၁၀) ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စစ်တောင်း စီတီးမတ်ရှေ့က ကားပေါ်မှာ ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တဲ့အတွက် သေဆုံး နိုင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ အောက်တိုဘာလ(၁၀) ရက်နေ့ ညနေ (၄) နာရီခွဲက ဟွန်ဒါဖစ် အနီရောင်ကား ပေါ်မှာ ပေါက်ကွဲ ခဲ့တာဖြစ်ပြီး ကားပေါ်မှာပါလာတဲ့သူရဲ့ မျက်နှာနဲ့…

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံးဘောလုံးသမားအဖြစ် PSG တိုက်စစ်မှူး ဘာပေ ရပ်တည်

မော်လမြိုင်၊ အောက်တိုဘာ၊ (၁၀)ရက် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံးဘောလုံးသမားအဖြစ် ပြင်သစ်အသင်းနဲ့ PSG အသင်း တိုက်စစ်မှူး ဘာပေက ဦးဆောင်ရပ်တည်နေတယ်လို့ Forbes မဂ္ဂဇင်းက ထုတ်ပြန်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး ဘာပေဟာ PSG အသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ ၃ နှစ်ချုပ်က ရရှိခဲ့တဲ့ ဝင်ငွေ ၁၀၅ သန်းအပြင်…

စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ကြေညာ

မော်လမြိုင် – အောက်တိုဘာ(၁၀) မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ လက်တွဲပြီး ဌာနေ ပြည်သူ့စစ်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အောက်တိုဘာလ (၁၀) ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကတော့ မွန်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်မှုအန္တရာယ်တွေကို ကာကွယ်ဖို့အတွက် ပြည်သူ့စစ်အဖြစ် ပြောင်းလဲ ဆောင်ရွက်ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ပြတ်သားစွာကန့်ကွက် ရှုတ်ချပြီး ပြည်သူတွေရဲ့…

လာမယ့်နှစ်မှာ စစ်မျက်နှာ ၆ ခုဖွင့်ပြီး တော်လှန်ရေး အဆုံးသတ်မယ်လို့ NUG ကြေညာ

ရန်ကုန်၊ အောက်တိုဘာ (၉) လာမယ့် ၂၀၂၃ ခုနှစ်မှာ အာဏာသိမ်း စစ်ကောင်စီကို ခံစစ်ကနေ ထိုးစစ်ဆင်ပြောင်းလဲပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ အပါအဝင် ဘက်ပေါင်းစုံကနေ စစ်မျက်နှာ ၆ ခုဖွင့်ပြီး တော်လှန်ရေး အဆုံးသတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့…

စစ်ကောင်စီက သတင်းသမားအစစ်တွေကို ဖမ်းပြီး အမှုပွဲစားတွေကို သတင်းသမားနေရာပေးလာ

မော်လမြိုင်၊ အောက်တိုဘာ (၉) အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက် လုပ်ဆောင်မှုတွေကို သတင်းရေးသား ဖော်ပြနေတဲ့ သတင်းသမားတွေကို ပုဒ်မမျိုးစုံတပ်ပြီး နှိပ်ကွပ်နေပေမယ့် စစ်တပ်ကို ဝါဒဖြန့်ချိပေးသူတွေ နဲ့ သတင်းပေးတွေကိုတော့ သတင်းသမားတွေအဖြစ် ပွဲထုတ်လာတယ်လို့ ဝါရင့် သတင်းစာဆရာတွေက ဝေဖန်လိုက်ပါတယ်။ စစ်တပ်က သတင်းသမားအများစုကို ဖမ်းဆီးတာ၊ နှစ်ရှည်ထောင်ဒဏ်ချတာ၊ တချို့သတင်းသမားတွေကို သတ်ပစ်တာတွေ လုပ်ဆောင်နေပြီး…

ကျောင်းတွေ ဘေးကင်းစေဖို့ ဆရာ ဆရာမတွေ လက်နက်ကိုင်ဆောင် သင့်တယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီး ပြော

ဘန်ကောက်၊ အောက်တိုဘာ (၉) ထိုင်းနိုင်ငံက မူကြိုကျောင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအပေါ် “ကျောင်းတွေကို လုံခြုံအောင် လုပ်ဖို့ ဆရာ၊ ဆရာမတွေကိုပါ လက်နက်ဆင်ထားပေးဖို့လိုလာပြီ”လို့ ဆက်စပ်အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ဒီလိုပြောဆိုခြင်းဟာ သူ့ရဲ့ ကိုယ်ပိုင်အမြင်ကို ထုတ်ဖော်မျှဝေခြင်းသာဖြစ်ပြီး သေဆုံးသွားတဲ့ မိသားစုဝင်တွေနဲ့ထပ်တူ စိတ်မ ကောင်းကြောင်းလည်း ပြောဆိုခဲ့တာပါ။ အခင်းဖြစ်ပွားတဲ့နေရာကို ထိုင်းဘုရင်မင်းမြတ်နဲ့ မိဖုရား၊ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့က…