ကမ္ဘာ့ဝင်ငွေ အကောင်းဆုံးဘောလုံးသမားအဖြစ် PSG တိုက်စစ်မှူး ဘာပေ ရပ်တည်

0
8093

မော်လမြိုင်၊ အောက်တိုဘာ၊ (၁၀)ရက်

၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံးဘောလုံးသမားအဖြစ် ပြင်သစ်အသင်းနဲ့ PSG အသင်း တိုက်စစ်မှူး ဘာပေက ဦးဆောင်ရပ်တည်နေတယ်လို့ Forbes မဂ္ဂဇင်းက ထုတ်ပြန်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး ဘာပေဟာ PSG အသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ ၃ နှစ်ချုပ်က ရရှိခဲ့တဲ့ ဝင်ငွေ ၁၀၅ သန်းအပြင် ကြော်ငြာနဲ့ စပွန်ဆာဝင်ငွေတွေ အအပါအဝင် စုစုပေါင်း ကန်ဒေါ်လာ ၁၂၈ သန်းအထိ ရရှိနိုင်တယ်လို့ ဆိုထားပါတယ်။

ဘာပေရဲ့ အနောက်မှာ အသင်းဖော် အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီက ကန်ဒေါ်လာသန်း ၁၂၀ ၊ မန်ယူအသင်းရဲ့ ပေါ်တူဂီလက်ရွေးစင်အသင်း ခေါင်းဆောင် စီရော်နယ်လ်ဒိုက ကန်ဒေါ်လာသန်း ၁၀၀ နဲ့ အသီးသီး ရပ်တည်နေတာ ဖြစ်ပါတယ်။

ဘာပေဟာ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ ဆယ်စုနှစ်တစ်ခု နီးပါးအကြာ လွှမ်းမိုးထားတဲ့ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဘောလုံးသမားဆုကို အခုနှစ်ရာသီမှာ အဆုံးသတ်ပေးလိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘာပေဟာ PSG အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၂၂၉ ပွဲထိ ကစားပေးထားပြီး သွင်းဂိုး ၁၈၂ ဂိုးထိ သွင်းယူပေးထားတာ ဖြစ်ပါတယ်။ ဘာပေဟာ အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆု ဆွတ်ခူးရရှိနိုင်တယ်လို့ ထင်ကြေးပေးခံထားရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.