သထုံမြို့နယ် တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်လို့ KNU ပြော

သထုံ – ဖေဖော်ဝါရီ(၂၀) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ရွာသစ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ သထုံဘက်နေ ဘီးလင်းမြို့နယ်ဘက်ကို…

ကယားနယ်စပ်ကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီတပ်ခွဲမှုးအပါအဝင် ငါးဦးအရှင်ဖမ်းမိ

မိုးဗြဲ – ဖေဖော်ဝါရီ(၂၀) ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်တစ်နေရာကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်က တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ခွဲမှူးအပါအဝင် (၅) ဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိထားတယ်လို့ KA က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၉) ရက်နေ့က ကယားပြည်နယ် နယ်စပ်တစ်နေရာကို ရိက္ခာပို့ဆောင်ဖို့ လာတဲ့ စစ်ကောင်စီ အင်အား(၃၀)ပါ ခလရ(၅၄) တပ်ကို ဟွေ့မာကော်နဲ့…

ကဒဲကျေးရွာက နေအိမ် ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရ

ပုလော၊ ဖေဖော်ဝါရီ(၁၉) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် လာပြီးနောက် ဒေသခံနေအိမ် ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ပြန် ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကဒဲကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက်…

“ကယား(ကရင်နီ)ပြည်နယ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲ”

လွိုင်ကော်၊ ဖေဖော်ဝါရီ(၁၉) လက်နက်ကိုင်တော်လှန်မှုတွေကြောင့် ပြည်နယ်တစ်ခုလုံး တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယား(ကရင်နီ) ပြည်နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက်လှုပ်ရှားစရာနယ်မြေက ကျဉ်းမြောင်းလာတယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွိုင်ကော်၊ ဒီမော့ဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ဘောလခဲ၊ ရှားတောနဲ့ဖရူဆိုမြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီမော့ဆိုမြို့နယ်ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား အာဏာသိမ်းစကနေ အခုချိန်ထိတိုက်ပွဲတွေ ပြင်းထန်နေဆဲ…

ထိုင်းနိုင်ငံမှာ မြန်မာ MOU လုပ်သားတွေ အလုပ်အကိုင်အပြင် လစာမရတဲ့ ပြဿနာနဲ့ပါ ကြုံနေရ

မြဝတီ၊ ဖေဖော်ဝါရီ(၁၉) ထိုင်းနိုင်ငံထဲကို တရားဝင် MOU စာချုပ်နဲ့ ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာအလုပ် အကိုင်မရရှိတာ၊ လစာမရတာအပြင် စာချုပ်ပါအလုပ်အတိုင်း လုပ်ခွင့်မရတဲ့ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံဟာ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် မေလကစပြီး MOU စနစ်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်လမ်းကြောင်းကနေတစ်ဆင့် ပြန်လည်ပို့ဆောင်လာခဲ့တာပါ။ ဒါပေမယ့် ထိုင်းနိုင်ငံအတွင်းကို…

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ

တနင်္သာရီ၊ ဖေဖော်ဝါရီ(၁၉) တနင်္သာရီတိုင်းဒေသကြီးရှိ ပုလောနဲ့တနင်္သာရီမြို့နယ်တွေကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့ကို စစ်အုပ် ချုပ်ရေး ကြေညာပြီးနောက် တပ်အင်အား၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း၊ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့…

နိုင်ငံအတွင်း မီးမရှို့ရတဲ့ စည်းမျဉ်းတစ်ရပ်ကို ထိုင်းအစိုးရ ထုတ်ပြန်

ဘန်ကောက်၊ ဖေဖော်ဝါရီ(၁၉) ထိုင်းနိုင်ငံအတွင်း တောမီးလောင်ကျွမ်းမှုတွေနဲ့ မီးခိုးတွေမပြန့်ပွားစေဖို့အတွက် ဒေသန္တရအားလုံးမှာ မီးမရှို့ရတဲ့ စည်းမျဉ်းကို ထိုင်းအစိုးရက သုံးလကြာသတ်မှတ်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတ်မှတ်ထုတ်ပြန်လိုက်တဲ့ အဲဒီဥပဒေဟာ ဧပြီလအကုန်အထိ သုံးလကြာ မြင့်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ ဝန်ကြီးချုပ်ရဲ့ ဒုတိယအထွေထွေ အတွင်း ရေးမှူးနဲ့ အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ (ယာယီ)…

စစ်ပွဲရဲ့ဆိုးရွားတဲ့ အကျိူးဆက်တွေကို စင်္ကာပူကာကွယ်ရေးဝန်ကြီး သတိပေး

စင်္ကာပူ – ဖေဖော်ဝါရီ(၁၉) အာရှတိုက်အတွင်းက စစ်ပွဲဟာ တိုက်ကြီးအတွက်သာမက ကမ္ဘာတစ်ဝှမ်းလုံးအတွက်ပါ အပျက်အစီး ဖြစ်စေလိမ့်မယ်လို့ စင်္ကာပူကာကွယ်ရေးဝန်ကြီးက သတိပေးခဲ့ပါတယ်။ (၅၉) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံမှာ ကျင်းပတဲ့ ရေကြောင်းလုံခြုံရေးစာပွဲဝိုင်း မှာကမ္ဘာ့အင်အားကြီး နိုင်ငံတွေဟာ အာရှမှာ သူတို့ရဲ့စစ်အင်အားကို တိုးမြင့်လာခဲ့ပြီး ဟန့်တားရေး ကြိုတင်ရောချထားမှုဟာ အသင့်အနေအထားရှိနေတယ်လို့ ဆိုခဲ့တာပါ။ အမေရိကန်၊အိန္ဒိယ၊ဩစတြေးလျ၊ဂျပန်(Quad)နဲ့ အမေရိကန်၊ဩစတြေးလျ၊ယူကေ(AUKUS) တို့ကို ဗျူဟာမြောက်အဖွဲ့တွေ ဖွဲ့စည်းထားတာကို…

တိုင်းပြည်နယ်နိမိတ်ကို တစ်လက်မတောင်အထိခံမှာမဟုတ်ဘူးလို့ သမ္မတမားကိုစ့်ပြော

မနီလာ – ဖေဖော်ဝါရီ(၁၉) နိုင်ငံရဲ့ နယ်နိမိတ်ကို တစ်လက်မတောင် အဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ပြောခဲ့ပြီး အဲဒီမှတ်ချက်ဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နဲ့ ရေ ကြောင်းရေးရာ တင်မာမှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက်ပိုင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ကမ်းရိုန်းတန်းကို စောင့်ကြပ်ရေးအဖွဲ့နဲ့ ဖိလစ်ပိုင်နိုင်ငံသား ငါးဖမ်းသမားတွေကို ဆန့်ကျင်ဟန့်တားတဲ့ တရုတ်ရဲ့ လုပ်ရပ်တွေဟာ…