သရက်ချောင်းမှာ အဘွားအိုတစ်ဦးကို စစ်တပ်က အဓမ္မပြုကျင့်တာမရှိဘူးလို့ သတင်းမှားဖြန့်
အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတွေက အသက် ၇၅ နှစ်အရွယ် အဘွားအိုတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တာ မရှိဘူး”လို့ စစ်တပ်လော်ဘီချန်နယ်တွေမှာ သတင်းမှားဖြန့်ချိနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ဘော်ဘီတွေရဲ့…
