အတွေးအမြင်

ပိုးဖလံနှင့် မီးသီး (ခေတ်သစ် ဒဏ္ဏာရီတစ်ပုဒ်)

တစ်ခါက လူငယ်လေးတစ်ယောက်သည် အရှေ့ တောင်အာရှရှိ မြို့ကြီးတစ်မြို့တွင် နေ့စားအလုပ်သမားဘဝဖြင့် နေထိုင်လေသည်။ ကွန်ကရစ်နံရံလေးခု၊ ကွန်ကရစ်မျက်နှာကျက်တို့ဖြင့် ပြုလုပ်ထားသည့် တိုက်ခန်းကျဉ်းလေးတွင် သူ တစ်ယောက်တည်း နေထိုင်ခဲ့သည်။ အခန်းကြမ်းပြင်ကို ကွန်ကရစ်နှင့်အရောင်တူ မီးခိုးရောင် စတုရန်းကြွေပြားခင်းထားသည့်အတွက် ထိုတိုက်ခန်းသည် အတိုင်းအတာ မရှိသကဲ့သို့ ခံစားရစေသည်။ တံခါးအထက်တွင် လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ငယ်တစ်ခုရှိသည်။ သီးခြားဖြစ်သော ရေချိုးခန်းငယ်လေးအတွင်း ဆောင့်ကြောင့်ထိုင် အိမ်သာတစ်ခုပါရှိပြီး အိမ်သာဘေးရှိ…

ဟွန်းတီး ဥဩဆွဲပြီး အာဇာနည်တွေကို ဟန်ဆောင်ချစ်ပြနေတဲ့ စစ်ကောင်စီ

ပြီးခဲ့တဲ့ စစ်အစိုးရများလက်ထက်က ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်များရဲ့ ဓာတ်ပုံတွေ အစိုးရရုံးခန်းတွေမှာ ချိတ်ဆွဲခွင့်မပြုတာ၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ရုံးခန်းတွေက ဖြုတ်ချခိုင်းတာတွေဟာ စစ်အုပ်စုရဲ့ အာဇာနည်ခေါင်းဆောင်တွေအပေါ် ထားရှိတဲ့ သဘောထားကို ပေါ်လွင်ပြီးဖြစ်ပါတယ်။ သံလွင်တိုင်းမ်/ထက်ထက်အောင် ဒီနှစ် ဇူလိုင်လ ၁၉ ရက်ဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ကြရတဲ့ ဝမ်းနည်းဖွယ်အထိမ်းအမှတ်ဖြစ်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ဖြစ်သလို စစ်ကောင်စီတပ်ရဲ့ မတရားသဖြင့်…

ဆေးသားအသစ်နဲ့ မြို့အိုကြီး

ဌေးဝင်း ခုနှစ်တွေ သက္ကရာဇ်တွေက နုပျိုခြင်း ရင့်အိုခြင်းတွေကို တိုင်းတာပေးတယ်။ အချိန်တစ်ခုမှာ နုပျိုခြင်းနဲ့ မာန်တက် ပျော်ရွှင် ကြည်နူးနိုင်ခဲ့သလို ကာလတစ်ခုအရောက်မှာ မာန်မာနတွေလျှောကျပြီး သံဝေဂလေနဲ့ ခရီးဆက်နေရတာ ဟာ လောက စက်ရဟတ် ဇာတ်ဝင်ခန်းရဲ့ မပါမဖြစ် အပိုင်းတစ်ပိုင်းပါဘဲ။ ဒါဟာ သက်ရှိ သတ္တဝါတွေအတွက်သာ အ ကျုံးဝင်တာ မဟုတ်ပေဘူး။ သက်မဲ့အရာတွေဟာလည်း ထိုဖြစ်စဉ်ထဲမှာ ဝင်ပါနေကြသည်လေ။…

စာတစောင် ထောင်နှစ်ဆယ့်တနှစ် (အပိုင်း – ၂)

”တောက်လျှောက် ကျောင်းကို ပိတ်လိုက်ပစ်တာကွ ဆရာ ဌေးဝင်း။ သီတင်းကျွတ်ပြီးမှ ပြန်ဖွင့်တာ။ ပြောချင်တာက ဦးက နိုင်ငံရေးကို ကောလိပ်ကျောင်းသား ဘဝကတည်းက လုပ်ခဲ့တာ။ နိုင်ငံရေး စိတ်ဓာတ်က ရှိနေခဲ့တာ။ ဦးက စစချင်း မော်လမြိုင် ကောလိပ်ကို တက်ခဲ့တယ်။ အဲဒီတုန်းက မော်လမြိုင်က ဥပစာ ကောလိပ်ပဲ ရှိသေးတယ်။ ကျောင်းအုပ်ကြီး နာမည်က ဦးတိုးအောင်တဲ့ သူက…

စာတစ်စောင် ထောင်နှစ်ဆယ့်တစ်နှစ်

၂၀၀၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကာလ အင်းစိန်ထောင်တွင်း အခြေအနေကား ရာသီဥတု အလွန်ကောင်းသည်ဟု အနေ ကြာသည့် အကျဉ်းသားများက မှတ်ချက်ပေးကြ၏။ ယခင်က အချင်းချင်း စကားမပြောရ။ တခန်းနှင့် ဆက်သွယ်ခြင်း မပြုရ။ တပါးသူ အခန်းကို ဝင်ထွက်ခြင်း မပြုရ။ စားစရာ သောက်စရာ ပေးကမ်း ခြင်း မပြုရ။ ရေချိုးဆင်းချိန် ၁၅ မိနစ်။ နာရီဝက်သာ…

အဓိပ္ပါယ်ရှိသော ရှင်သန်ခြင်း

ဌေးဝင်း ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့။ ကော့တောင်ကျွန်း။ စာကြည့်တိုက်ဝင်းအတွင်းမှ ညစာစားပွဲ အလွန်တရာ သာယာလှပသော ကော့တောင်ကျွန်းတွင် ထောင်နှင့်ချီသော မြန်မာနိုင်ငံသား အလုပ်သမားများ လာရောက် အလုပ်လုပ်ကိုင်နေကြသည်။ သူတို့ထဲမှ အများစုကား စားသောက်ဆိုင်နှင့်ဘား၊ဟိုတယ်များတွင် လုပ်ကြပြီး အချို့မှာ ပန်းရံ လုပ်ငန်းများတွင်လုပ်ကြ၏။

“အမိန့်နဲ့အာဏာအထက်က အမှန်တရား”

တင်အောင်စန်း(မော်လမြိုင်) (က) အီတလီနိုင်ငံ ပီစာမြို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး (၁၀၆၃)ခုနှစ်မှာ ပီစာမြို့သားတွေ စစ္စလီကျွန်းမှာရှိတဲ့ ပလာမိုမြို့ကိုတိုက်ခိုက်အောင်မြင်ခဲ့တယ်။ မြို့ရဲ့အရေးပါမှုကို ကမ္ဘာကသိအောင် ဆို ပြီးဘုရားကျောင်းတစ်ခုဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

တတိယတန်း (Grade 3) ကလေးတွေ ဘာတတ်မြောက်သင့်သလဲ။

ဘာသာစကား အနုပညာ (Language art) ကျွမ်းကျင်စွာ အသံထွက် ဖတ်ခြင်း၊ သဒ္ဒါတွင် ဥပဒေသများ၊ ဖြတ်တောက်ရန် ပုဒ်ထီး၊ ပုဒ်မများ လိုက်နာစေခြင်း။ • အခြားယဉ်ကျေးမှုများမှ ပုံပြင်ဇာတ်လမ်း အများအပြား ဖတ်စေခြင်း၊ ပုံပြင်များက မည်သည့် သင်ခန်းစာ ပေးသည်ကို ဖော်ပြစေခြင်း။ • ပုံပြင်ဇာတ်လမ်းပါ ဇာတ်ကောင်နှင့် ဖြစ်ရပ် ဇာတ်လမ်း ဖြစ်လာစေသည့် သူတို့၏…

“ကျွန်တော့်ဆီရေးတဲ့စာ”

ကျွန်တော်တို့ငယ်ငယ်က ဘိုးဘွားမိဘတွေပြောပြတဲ့ပုံပြင်တွေကို နားထောင်ခဲ့ဖူးကြပါတယ်။ လူ ကြီးဖြစ်လာတဲ့အခါမှာလည်း လူကြီးတွေနဲ့ဆိုင်တဲ့ပုံပြင်တွေကို မိတ်ဆွေသူငယ်ချင်းအချင်းချင်းပြောရင်း ဒါမှ မဟုတ်စာအုပ်တွေထဲကနေ ကျွန်တော်တို့ကြားသိကြရပါတယ်။ အဲဒီပုံပြင်တွေထဲကအချို့ဟာ သဘာဝမ ကျ၊ ယုတ္တိမရှိဘူးလို့ထင်ရပေမယ့် ပုံပြင်အားလုံးလိုလိုကတော့ ကျွန်တော်တို့ကိုခံစားမှုရသတွေပေးရင်း ဘ၀ မှာနေတတ်အောင် ဆုံးမသွန်သင်ပညာပေးပါတယ်။