တတိယတန်း (Grade 3) ကလေးတွေ ဘာတတ်မြောက်သင့်သလဲ။

ဘာသာစကား အနုပညာ (Language art)

ကျွမ်းကျင်စွာ အသံထွက် ဖတ်ခြင်း၊ သဒ္ဒါတွင် ဥပဒေသများ၊ ဖြတ်တောက်ရန် ပုဒ်ထီး၊ ပုဒ်မများ လိုက်နာစေခြင်း။

• အခြားယဉ်ကျေးမှုများမှ ပုံပြင်ဇာတ်လမ်း အများအပြား ဖတ်စေခြင်း၊ ပုံပြင်များက မည်သည့် သင်ခန်းစာ ပေးသည်ကို ဖော်ပြစေခြင်း။
• ပုံပြင်ဇာတ်လမ်းပါ ဇာတ်ကောင်နှင့် ဖြစ်ရပ် ဇာတ်လမ်း ဖြစ်လာစေသည့် သူတို့၏ လှုပ်ရှားမှုကို ဖော်ပြစေခြင်း။
• သမိုင်း၊ လူမှုရေးလေ့လာမှု၊ သို့မဟုတ် သိပ္ပံ စာပေများကို ဖတ်ရှုစေခြင်း။ သူတို့ မည်သို့လေ့လာရရှိသည်ကို မေးခွန်းများ ဖြေဆိုစေခြင်း။
• မြေပုံ၊ ရုပ်ပုံများ၊ အလားတူ စာသားများမှ သတင်းများကို ရည်ညွှန်း၍ သူတို့၏ အဖြေကို ပံ့ပိုးထောက်ခံစေခြင်း။
• အင်္ဂလိပ်ဘာသာ အပြောနှင့် အရေး စည်းမျဉ်းဥပဒေသများကို လေ့လာခြင်း။
• သက်ဆိုင်ရာဘာသာရပ်နှင့် ပတ်သက်၍ ဝေါဟာရအသစ်များ လေ့လာခြင်း၊ အသုံးပြုခြင်း။ (ဥပမာ- သိပ္ပံ စကားလုံးများ)
• စာသင်ခန်း ဆွေးနွေးမှုများတွင် နားထောင်ခြင်း၊ မေးခွန်းထုတ်ခြင်း၊ အိုင်ဒီယာများ ဖလှယ်ခြင်း၊ အခြားသူများ၏ အိုင်ဒီယာများ အပေါ်တွင် ထပ်ဆင့် တည်ဆောက်ခြင်းများဖြင့် ပါဝင် ဆောင်ရွက်ခြင်း။
• ခေါင်းစဉ် အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍ စာသင်ခန်းသို့ ရှင်းပြပေးခြင်း၊ သက်ဆိုင်ရာ အချက်များ၊ အသေးစိတ်များ အသုံးပြု၍ ပုံပြင်ဇာတ်လမ်းတစ်ခုကို ပြောပြခြင်း၊ ရှင်းလင်းစွာ စကားပြောဆိုခြင်း။ • ပုံပြင်ဇာတ်လမ်းများကို စကားပြောခန်းများ၊ ဇာတ်ကောင်းများ၏ လှုပ်ရှားမှု၊ တွေးခေါ်မှု၊ စိတ်ခံစားမှုများဖြင့် ရေးစေခြင်း။
• စာအုပ်၊ ဆောင်းပါး၊ အွန်လိုင်းရင်းမြစ်များ မှ အချက်အလက် သတင်းများ စုဆောင်း၍ ခေါင်းစဉ်တစ်ခုအပေါ် နားလည် သဘောပေါက်မှုများ တည်ဆောက်ယူခြင်း။
• အချိန်ယူ၍ သုတေသန စာတမ်းများ၊ သို့မဟုတ် ထင်မြင်ချက်စာတမ်းများ ရေးစေခြင်း။

သင်္ချာ

အမြှောက်၊ အစား၊ အပိုင်းဂဏန်း၊ ပုံစံများ၊ ဧရိယာများဖြင့် အလုပ်လုပ်ခြင်း။
• ကိန်းဂဏန်းများကို အမြှောက်၊ အစားပြုခြင်း မည်သည် ဆိုသည်ကို နားလည်ခြင်း။
• ဂဏန်းတစ်လုံး အားလုံးကို မြှောက်ခြင်း ကိစ္စကို အလွတ်ရစေခြင်း။ (သူတို့၏ အလီဇယားကို သိစေခြင်း)
• ဂဏန်းတစ်လုံးထက်ပိုသည့် ကိန်းများကို စတင်၍ မြှောက်ခြင်း။ (ဥပမာ 9 x 80)
• ၂-ဆင့်ဖြေရှင်းရသော ပုစ္ဆာများကို အပေါင်း-အနှုတ်-အမြှောက်-အစားသုံး၍ ဖြေရှင်းခြင်း။
• အပိုင်းဂဏန်းများကို ကိန်းဂဏန်းများ အဖြစ် နားလည်စေခြင်း (ဥပမာ- 3/1 သည် 3 နှင့် အတူတူဟု သိစေခြင်း) နှင့် အပိုင်းဂဏန်းများကို ကိန်းဂဏန်းတစ်ခု အဖြစ် လိုင်းအပေါ်တွင် သိစေခြင်း။
• အပိုင်းဂဏန်း နှစ်ခု၏ ပမာဏကို နှိုင်းယှဉ်စေခြင်း။
• ပုံသဏ္ဌာန်များကို မှတ်မိစေခြင်း (ဥပမာ- စတုရန်း၊ လေးထောင့်၊ ပဉ္စဂံ၊ ဆဋ္ဌဂံ) နှင့် သူတို့ကို နာမည် ခေါ်နိုင်ခြင်း၊ အမျိုးအစား ခွဲနိုင်ခြင်း။
• ပုံစံတစ်ခု၏ ဧရိယာကို ရှာဖွေနိုင်ခြင်း နှင့် မြှောက်၍ တွက်ချက်နိုင်ခြင်း (ဥပမာ- ၉ ပေ x ၇ ပေ အခန်း၏ စတုရန်းပေသည် မည်သည့်အတွက် 9 x7 ဖြစ်ရသနည်း။)
• ခန့်မှန်း အလေးချိန်နှင့် အရည်ပမာဏကို တိုင်းတာခြင်း၊ အရေအတွက်နှင့် ပတ်သက်သည့် ပုစ္ဆာကို ဖြေဆိုစေခြင်း။
• အချိန်ကို မိနစ်များဖြင့် ပြောစေခြင်း၊ တိုင်းတာခြင်း။

သိပ္ပံ

သက်ရှိများ မည်သို့ဖွံ့ဖြိုးကြသနည်း။ ကမ္ဘာမြေသည် မိမိတို့ နေစနစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ သိပ္ပံ (အသံစနစ်များကို ဒီဇိုင်းရေးဆွဲခြင်း)
• စွမ်းအင်သည် ပုံစံမျိုးစုံ (အလင်း၊ အပူ၊ အသံ၊ သံလိုက်လှိုင်း မဂ္ဂနက်တစ်၊ ဓာတုပစ္စည်းနှင့် လျှပ်စစ်) ဖြင့်လာ ကြောင်း နားလည်သိရှိခြင်း။
သက်ရှိသိပ္ပံ (အပင်များကို စစ်ဆေးလေ့လာခြင်း)
• သက်ရှိများက သက်ရှိ အရာဝတ္ထုများ- တိရိစ္ဆာန်များ၊ အပင်များ အချိန်နှင့်အမျှ မတူကွဲပြားစွာ ဖွံ့ဖြိုးလာသည်ကို နားလည်စေခြင်း။
• သက်ရှိ အရာဝတ္ထုများသည် မတူသည့် သူတို့ဘဝ၏ အခြေအနေတွင် မတူသည့် လိုအပ်ချက်များ ရှိသည်ကို နားလည်ခြင်း။ ဥပမာ- သူတို့ ဖွံ့ဖြိုးခြင်း၊ မျိုးဆက်ပွားခြင်း။
• ရုပ်ကြွင်းများကို တစ်ခုနှင့် တစ်ခုနှိုင်းယှဉ် လေ့လာခြင်း။ သို့မဟုတ် သက်ရှိအရာများ နှင့် နှိုင်းယှဉ်ခြင်း။ သမိုင်းမတင်မီဝန်းကျင် ကို လေ့လာခြင်း။ ယနေ့လက်ရှိ သက်ရှိများနှင့် ခြားနားပုံကို လေ့လာခြင်း။ ကမ္ဘာမြေစနစ် သိပ္ပံ (ရာသီဥတုများကို စစ်ဆေး လေ့လာခြင်း)
• ကမ္ဘာမြေသည် နေစနစ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း လေ့လာခြင်း။ ယင်းတွင် နေ၊ လနှင့် နေကို ပုံမှန် ခန့်မှန်းသိရှိနိုင်သောနည်းဖြင့် လှည့်ပတ်နေသည့် အခြားအရာဝတ္ထုများ ပါဝင်သည်။

လူမှုရေးလေ့လာမှု (Social studies)

အချက်အလက်၊ သမိုင်း၊ မြေပုံ၊ ဒေသန္တရအစိုးရတို့၏ လုပ်ငန်း ဆောင်ရွက်ချက်များတို့ကို အသုံးပြုခြင်း။
• ခေါင်းစဉ်တစ်ခုတည်း အပေါ်တွင်ပင် သမိုင်းမှန် အချက်အလက် အရင်းအမြစ်များ နှင့် ပုံပြင်ဇာတ်လမ်း ဖန်တီးမှုများကို နှိုင်းယှဉ်ခြင်း။
• ရုပ်ကြွင်းများ၊ ပုံများနှင့် မှတ်တမ်းများ အပါအဝင် သမိုင်းအရင်းအမြစ် မျိုးစုံကို သုံး၍ သမိုင်းမှန် အချက်အလက် အထောက်အထားများ ပုံဖော်ပြခြင်း။
• အတိတ်ကာလက မတူကွဲပြားသည့် လူအုပ်စုများ အတူတူ နေထိုင်ခဲ့ကြောင်းနှင့် မည်သို့ အပြန်အလှန် ဆက်ဆံပုံကို လေ့လာခြင်း။
• ရပ်ရွာ လူမှုအသိုက်အဝန်းတစ်ခု၊ သို့မဟုတ် ဒေသတစ်ခုကို လူများ၊ ဖြစ်ရပ်များက အရေးပါသည့် အပြောင်းအလဲများ ဖြစ်စေပုံကို နားလည်သိရှိခြင်း။ (ဥပမာ- မိုင်းတူးဖော်မှု များက တောင်များအပေါ် သက်ရောက်ပုံ)
• တိုက်ကြီးများ၊ သမုဒ္ဒရာများ၊ တောင်များ၊ နိုင်ငံများကို မြေပုံအသုံးပြု၍ မည်သို့ရှာဖွေရမည်ကို သိရှိခြင်း။
• ကမ္ဘာပေါ်ရှိ ဒေသများ ပထဝီအရသော် လည်းကောင်း၊ နေထိုင်ရာလူများ အရသော် လည်းကောင်း မည်သို့ ကွာခြားမှု ကို နားလည်သိရှိခြင်း။
• ထုတ်လုပ်သူနှင့် စားသုံးသူများအကြား ရပ်ရွာ လူမှုအသိုက်အဝန်း တစ်ခုအတွင်း ကွာခြားမှုကို ဖော်ပြခြင်း။
ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုများကို မည်သို့ ဖလှယ်ကြသည်ကို ရှင်းပြခြင်း။
• ရေတို ငွေကြေး ရည်မှန်းချက်အတွက် အစီအစဉ်တစ်ခုကို ရေးဆွဲပါ။ (ဥပမာ-စာအုပ် တစ်အုပ် ဝယ်ယူရန်)
• နိုင်ငံသားများတွင် အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများရှိကြောင်း နားလည်စေခြင်း။
• လူမှုရေး လိုက်နာရမည့်ကိစ္စများကို သတ်မှတ်ဖော်ပြခြင်း။ ဥပမာ- နားလည်ရန် အတွက် လေးစားမှုဖြင့် နားထောင်ခြင်း၊ လေးစားစွာ ပြောဆိုခြင်း။
• ဒေသန္တရ အစိုးရ၏ မူလအစ၊ ဖွဲ့စည်းပုံ နှင့် လုပ်ငန်းတာဝန်များကို သတ်မှတ်ဖော်ပြခြင်း။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.