အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တဲ့ နေအိမ် (၂၃၀)ကျော်ကို အသွားအလာ ကန့်သတ်ထား
မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄) ကိုဗစ်အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တဲ့ နေအိမ်(၂၃၀)ကျော်ကို အသွားအလာကန့်သတ် စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ဒေသတွင်း ကူးစက်မှု ဆက်တိုက်မြင့်တက်ခဲ့ပြီးနောက် အတည်ပြု လူနာနဲ့ ထိတွေ့ခဲ့သူတွေကို နေအိမ်မှာပဲ အသွားအလာ ကန့်သတ်ဖို့ မွန်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီလို ဆုံးဖြတ်ပြီး နှစ်ပတ်ကျော်…
