မွန်လူငယ်များနေ့ အခမ်းအနားကို အကျဉ်းချုံ့ ကျင်းပမည်
မော်လမြိုင် ၊ ဒီဇင်ဘာ (၂၁) ဒီဇင်ဘာလ(၂၈)ရက်နေ့မှာ ကျရောက်မယ့် (၉)ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို ရေးမြို့နယ်မှာ အကျဉ်းချုံ့ ကျင်းပသွားမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ အခုနှစ် မွန်လူငယ်များနေ့ အခမ်းအနားကိုတော့ “မွန်လူငယ်တွေ မွန်နိုင်ငံရေးမှာ ပူးပေါင်းပါဝင်လာကြဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့ ကျင်းပရမှာဖြစ်တာကြောင့် ဘင်ခရာတွေ ၊ စစ်ရေးပြ တွေနဲ့…
