EAOs တွေကြောင့် ကုန်သွယ်ရေးကဏ္ဍ နစ်နာနေတယ်လို့ စစ်ခေါင်းဆောင် စွပ်စွဲ
မော်လမြိုင်၊ အောက်တိုဘာ (၂၂) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေက တရားမဝင်ကုန်သွယ်မှုတွေမှာ ပါဝင်နေတာကြောင့် နိုင်ငံအတွက် နစ်နာမှုတွေရှိနေတယ်လို့ စစ်ခေါင်းဆောင်ရဲ့ စွပ်စွဲမှုဟာ အဓိပါ္ပယ် မရှိဘူးလို့ တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းတချို့က တုံ့ပြန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တချို့သော EAOs တွေက တရားမဝင် ကုန်သွယ်မှုတွေမှာ ပါဝင်နေတဲ့အတွက် နိုင်ငံတော်အတွက် နစ်နာမှုတွေ ရှိနေတယ်လို့…
