မလေးရှား ရွေးကောက်ပွဲ နိုဝင်ဘာ ၁၉မှာ ကျင်းပမယ်

0
8247

ကွာလာလမ်ပူ၊ အောက်တိုဘာ (၂၁)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့မှာကျင်းပ သွားမှာဖြစ်တယ်လို့  ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ 

ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို  နိုဝင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထားတင်ရမှာ ဖြစ်ပြီး မဲဆွယ်စည်းရုံးကာလကို ၁၄ ရက်ကြာ သတ်မှတ်ထားတယ်လို့လည်း  မလေးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယာယီ ဝန်ကြီးချုပ်ဟာ မလေးရှားနိုင်ငံဘုရင်ရဲ့ သဘောတူညီချက်ကို ရရှိခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ၁၇ရက်နေ့က  ပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တာပါ။

ရွေးကောက်ပွဲကိုတော့ လွှတ်တော် ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ကျင်းပမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပြီး နှစ်နှစ်ကျော်ကြာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်  မလေးရှားနိုင်ငံသား သန်း 20 ကျော်ဟာ အစိုးရသစ်တစ်ရပ်ကို မဲပေးဖို့ မျှော်လင့်နေကြတာပါ။

မလေးရှားနိုင်ငံအတွင်း မဲပေးနိုင်သူ အရေအတွက်မှာ ၂၀၁၈ ခုနှစ်အတွင်း ၁၅ သန်းနီးပါးနဲ့ နှိုင်းယှဉ်ပါကအခုချိန်မှာ  ၅၀ ရာခိုင် နှုန်းအထိမဲ ပေးနိုင်သူဦးရေ တိုးတက်လာတာလည်း ဖြစ်ပါတယ်။ 

ကော်မရှင်ဟာ အမှန်တကယ် ပေါ်ထွက်လာမယ့် မဲဆန္ဒရှင်စာရင်းကို ထင်မြင်ချက်မပေးပေမယ့်လည်း၂၀၁၈ ခုနှစ်အတွင်း မဲပေးဖို့ စာရင်းသွင်းထားတဲ့ အရေအတွက်ဖြစ်တဲ့ ၈၂ ရာခိုင်နှုန်းထက် လျော့နည်းမယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

မလေးရှားနိုင်ငံမှာ အလိုအလျောက် မဲပေးနိုင်တဲ့ စနစ်ကို အကောင်အထည်ဖော်ထားပြီး ပထမဦးဆုံး မဲပေးမယ့် မဲဆန္ဒရှင် အရေအတွက်ကို စာရင်းသွင်းထားပြီးဖြစ်သလို မဲပေးနိုင်မယ့် အသက်အရွယ်ကို ၁၈နှစ်ကနေ စတင်မဲပေးနိုင်ဖို့ သတ်မှတ်ထား တာပါ။

မလေးရှားနိုင်ငံရဲ့ နိုင်ငံရေးသည် ၂၀၁၈ ခုနှစ်ကနေ အခုချိန်အထိ ယိုယွင်းနေကာ ကမောက်ကမ ဖြစ်ခဲ့ပြီး သုံးနှစ်အတွင်း အုပ်ချုပ်သူ ဝန်ကြီးချုပ် ၃ ဦးအထိပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

Ref:The Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.