သတင်း

သထုံမြို့နယ်က စစ်ကောင်စီ ကြာပန်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

သထုံ၊ အောက်တိုဘာ (၁၈) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၊ သထုံ- ဘားအံကားလမ်း၊ တိုးဂိတ်အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကြာပန်းတိုးဂိတ်အနီးရှိ စစ်ကောင်စီတပ်နဲ့လက်အောက်ခံဌာနဆိုင်ရာ အဖွဲ့စုံရှိနေတဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ သထုံ…

အာဆင်နယ်အသင်း ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နေ

မော်လမြိုင်၊ အောက်တိုဘာ၊ (၁၇)ရက် အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၀)မှာ လိဒ်စ်အသင်းကို အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ တိုက်စစ်မှူး ဂျေဇူး၊ ဇာကာ၊ မာတီနယ်လီ၊ အိုဒီဂတ် အပါအဝင် အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး လိဒ်စ်အသင်းကလည်း ကစားသမား အစုံအလင်နဲ့…

KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA (၇)နှစ်ပြည့်နေ့ မိန့်ခွန်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က တိုင်းရင်းသားတွေအနေနဲ့ အစိုးရနဲ့လက်တွဲပြီး ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ ငြိမ်းချမ်းရေးကို လျှောက် လှမ်းကြဖို့နဲ့ တိုင်းရင်းသားအရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့သောအချက်တွေကို ပြင်သင့်တာတွေကို ပြင်ဆင်ပေး သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုအပေါ် ကရင်အမျိုးသားအစည်းအရုံး KNUက ဒီအပေါ်မှာ ဘယ်လို…

ဘီးလင်းမှာ နေအိမ်ချိပ်ပိတ်ထားတဲ့ ဒေသခံ အိမ်ထဲက အတွင်းပစ္စည်း တစ်ခုမကျန် စစ်ကောင်စီ သိမ်းယူသွား

ဘီးလင်းမှာ နေအိမ်ချိပ်ပိတ်ထားတဲ့ ဒေသခံ အိမ်ထဲက အတွင်းပစ္စည်း တစ်ခုမကျန် စစ်ကောင်စီ သိမ်းယူသွား ဘီးလင်း၊ အောက်တိုဘာ (၁၆) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးလေးကျေးရွာမှာ ချိပ်ပိတ်ခံထားရတဲ့ ဒေသခံ နော်အေးသီတာမြင့် နေအိမ်ထဲက အတွင်းပစ္စည်း တစ်ခုမကျန် စစ်ကောင်စီဘက်က လာရောက် သိမ်းယူသွားတယ်လို့ ကာယကံရှင်နဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ တိမ်းရှောင်နေတဲ့…

မွန်ပြည်နယ်က ကွမ်းသီးလုပ်ငန်းရှင်တွေ အရှုံးနဲ့ ရင်ဆိုင်နေရ

မွန်ပြည်နယ်က ကွမ်းသီးလုပ်ငန်းရှင်တွေ အရှုံးနဲ့ ရင်ဆိုင်နေရ မော်လမြိုင်၊ အောက်တိုဘာ (၁၆) မွန်ပြည်နယ်ထွက် ကွမ်းသီးတွေကို ပြည်တွင်း၊ပြည်ပ ဝယ်လိုအား နည်းပါးလာနဲ့အတူ ဈေးနှုန်း ဆက်လက် ကျဆင်းနေတာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကွမ်းသီးလုပ်ငန်းရှင်တွေဟာ ဒေါ်လာ ဈေးနှုန်း အဆမတန် မြင့်တက်ပြီး မြန်မာ့ငွေကြေး တန်ဖိုးကျဆင်းစဉ်က ကွမ်းသီးတွေကို အမြင့်ဈေးပေးပြီး ဝယ်လှောင်ထားရာကနေ…

ဖမ်းဆီးခံ ဒီပဲယင်း လက်ယက်ကုန်းကျေးရွာ ဒေသခံ နှစ်ဦး ပြန်လွတ်လာ

ဖမ်းဆီးခံ ဒီပဲယင်း လက်ယက်ကုန်းကျေးရွာ ဒေသခံ နှစ်ဦး ပြန်လွတ်လာ ဒီပဲယင်း၊ အောက်တိုဘာ (၁၆) စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက ဖမ်းဆီးခံ ပြည်သူတွေအနက် အမျိုးသား နှစ်ဦးဟာ အောက်တိုဘာ ၁၅ ရက်မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ…

ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရန်သူဟာ စစ်ကောင်စီသာ ဖြစ်တယ်လို့ KNU တုံ့ပြန်

ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရန်သူဟာ စစ်ကောင်စီသာ ဖြစ်တယ်လို့ KNU တုံ့ပြန် မော်လမြိုင်၊ အောက်တိုဘာ (၁၆) တိုင်းရင်းသားအရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒပါအချို့အချက်တွေကို ပြင်ဆင်ပေးမယ်လို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ ပါးစပ်ထဲတွေ့ကရာလျှောက်ပြောနေခြင်းသာဖြစ်ပြီး ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရန်သူဟာ စစ်ကောင်စီသာ ဖြစ်တယ်လို့ KNU က တုံ့ပြန်လိုက်ပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်…

ထားဝယ်-ထီးခီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံး များပြားခဲ့

ထားဝယ်-ထီးခီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံး များပြားခဲ့ ထားဝယ်၊ အောက်တိုဘာ (၁၆) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ဝကုန်းရွာနဲ့သင်္ကန်းတုန်းကျေးရွာအကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အကျအဆုံး များပြားပြီး ပြန်လည် ဆုတ်ခွာသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ထားဝယ်ဘက်ကနေ ထီးခီးဘက်ကိုလာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀…

ဆွန်ကာ မုန်တိုင်းကြောင့် ထိုင်းမှာ ရေလွှမ်းမိုးမှုတွေ ပိုမို ဆိုးရွားလာနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်

ဘန်ကောက် – အောက်တိုဘာ (၁၆) ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်၊အရှေ့ဘက်နဲ့ အလယ်ပိုင်းဒေသတွေမှာ ဒီနေ့ အောက်တိုဘာ (၁၅) ရက်နေ့မှာ ဝင် ရောက် တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Sonca ကြောင့် မိုးသည်းထန်စွာ ရွာသည်းနိုင်ချေရှိနေပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပွားနိုင် တယ်လို့ ထိုင်းမိုးလေဝသဌာန (TMD)က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမိုးလေဝသထုတ်ပြန်ချက်မှာ မုန်တိုင်းဟာ ထိုင်းနိုင်ငံ ခွန်ခန်း၊မဟာဆာရာခန်နဲ့…