ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်နေ
ကော့ကရိတ်၊ ဒီဇင်ဘာ(၁၀) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေအပေါ် အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်ဆိုသလို လုပ်ဆောင်နေပြီး ကျောင်းဆရာမနဲ့ ကျောင်းသားတွေအပါအဝင် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU နဲ့ ဒေသခံတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁)ရက်နေ့ကစပြီး KNU ကော့ကရိတ်မြို့နယ် ဘော့ဒိုင်းကျေးရွာနဲ့ ကျုံဒိုးမြို့ ဖားကျကျေးရွာ၊ တောင်ကြာအင်းကျေးရွာတွေထဲကို တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ…
